ကချင်ပြည်နယ်

ကချင်ပြည်နယ်အတွင်းရှိ မြို့နယ်(၆)မြို့နယ်မှ သမဝါယမအသင်းပေါင်း(၂၈)သင်းရှိ မိုးစပါးစိုက် တောင်သူ(၁၁၆၉)ဦးတို့အတွက် လယ်ယာသုံးစက်ကိရိယာများပေးအပ်

ကချင်ပြည်နယ်အတွင်း စားရေရိက္ခာဖူလုံရေးနှင့်မိုးစပါး တစ်ဧကအထွက်နှုန်းတိုးပွားရေးအတွက် မြို့နယ်ပေါင်း(၆)မြို့နယ်မှ သမဝါယမအသင်းပေါင်း(၂၈)သင်းရှိ အသင်းသားမိုးစပါးစိုက် တောင်သူ (၁၁၆၉)ဦးတို့အတွက် ငွေကျပ် ၁၁၉၂ သန်းတန်ဖိုးရှိ သွင်းအားစုများပေးအပ်ခြင်းနှင့် စံပြကျေးရွာများသို့ လယ်ယာသုံးစက်ကိရိယာများပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ပြည်သူ့အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပပြုလုပ်သည်။

မိုးကောင်းမြို့၌ မွေးစမှအသက် ၂ နှစ်အောက် ကလေးငယ်များအား လစဉ်ပုံမှန်ကာကွယ်ဆေး ထိုးနှံပေး

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့၌ မိခင်နှင့်ကလေးကျန်းမာရေးဌာနက မွေးစမှ အသက်(၂)နှစ်အောက် ကလေးငယ်များအား လစဉ် ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့ နံနက်(၉)နာရီတွင် အဆိုပါဌာန၌ ဆေးထိုးဆေးတိုက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မိုးညှင်းမြို့၌ ပညာတံခွန် စာကြည့်တိုက်ဖွင့်ပွဲနှင့် ပညာရည်ချွန်ဆုပေးအပ်ပွဲ အခမ်းအနားကျင်းပ

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့တွင် ပညာတံခွန် စာကြည့်တိုက်ဖွင့်ပွဲနှင့် ပညာရည်ချွန်ဆု ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် (၁၀)နာရီက အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။

ဗန်းမော်မြို့တွင် လူငယ်စကားဝိုင်းဆွေးနွေးပွဲကျင်းပ

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဗန်းမော်မြို့နယ် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပ သည့် လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီခွဲက အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၊ မြညီလာခန်းမ၌ကျင်းပခဲ့သည်။

ဝိုင်းမော်မြို့နယ်ပညာရေးဦးစီးဌာနမိသားစုမှ ဝါဆိုသက်န်းကပ်လှူပူဇော်ပွဲကျင်းပ

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်း‌မော်မြို့နယ် ပညာရေးမှူးရုံးမိသားစုမှ ဝါဆိုသင်္ကန်းကပ် လှူပူဇော်ပွဲကို ဩဂုတ်လ ၄ ရက်နေ့ နံနက် ၉ နာရီက အဆိုပါရုံးရှိ အောင်မင်္ဂလာ ခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့သည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲများအနက် လုပ်ငန်းစွမ်းဆောင်ရည်ဆု ရရှိခဲ့သော ကချင်ပြည်နယ်အတွင်းမှ ဘဏ်ခွဲများနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အားကစားပြိုင်ပွဲ တွင် ဆုတံဆိပ်များရရှိသော အားကစားသမားများအား ဂုဏ်ပြုချီးမြှင့်

ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍအလိုက် ထူးချွန်စွာ ကြိုးပမ်းဆောင်ရွက်လျက်ရှိသော ဌာနဆိုင်ရာများ၊ လူပုဂ္ဂိုလ်အဖွဲ့အစည်းများနှင့် အားကစားသမား များအား ဂုဏ်ပြုချီးမြှင့်ပေးလျက်ရှိရာ သြဂုတ် ၄ ရက် နံနက် ၉ နာရီခွဲက ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်း အတွင်းရှိ ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌  မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲများအနက် လုပ်ငန်းစွမ်း ဆောင်ရည်ဆုရရှိခဲ့သူများနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်ကာယဗလနှင့် ကာယကြံ့ခိုင်မှုပြိုင်ပွဲတွင် ဆုများရရှိခဲ့သော ပြည်နယ်လက်ရွေးစင်အသင်းတို့အား ဂုဏ်ပြုချီးမြှင့်ခဲ့ကြသည်။

မချမ်းဘောမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းဆောင်ရွက်

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့တွင် စာဖတ်သည့် အလေ့အကျင့်ကောင်းများနှင့် ပူးပေါင်းပါဝင်ဆွေးနွေးတတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန် ရည်ရွယ်၍ စာအုပ်စာစောင် ချစ်မြတ်နိုးသူအသင်း (Book Club) အဖွဲ့ဝင်များဖြင့် စာရေးဆရာဒေါက်တာခင်မောင်ညို ရေးသားထားသော လူငယ်နှင့်အကောင်းဆုံးသော ဘဝကိုတည်ဆောက်ခြင်း စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက် ၁၁ နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဆောင်ရွက်ခဲ့သည်။ 

ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်အတွင်း စိုက်ပျိုးမွေးမြူရေးကုန်ထုတ်လုပ်မှုစွမ်းအား တိုးချဲ့မြှင့်တင် ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များ စီမံချက်ရေးဆွဲထားရှိရေးနှင့် ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၃/၂၀၂၃) ကြိမ်မြောက်အစည်းအဝေးသို့ တက်ရောက်

မိုးကောင်းမြို့နယ် နန့်လှိုင်ကျေးရွာ၌ အခြေခံနှင့်မွမ်းမံစက်ချုပ်သင်တန်းဖွင့်လှစ်

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ခေတ်မီစံပြ ကျေးရွာရှိ ကျေးလက်နေပြည်သူများ၏ ဝင်ငွေတိုးရေး ဆောင်ရွက်မည့်လုပ်ငန်းစီမံကိန်း အခြေခံနှင့် မွမ်းမံစက်ချုပ်သင်တန်းကို မိုးကောင်းမြို့နယ် နန့်လှိုင်စံပြကျေးရွာ ဘက်စုံသုံးခန်းမ၌ ဩဂုတ်(၂)ရက် နံနက်(၁၀)နာရီတွင် ကျင်းပခဲ့သည်။

မိုးညှင်းမြို့၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း ကျေးရွာများသို့ ရန်ပုံငွေများလွှဲပြောင်းပေးအပ်

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ပြုလုပ်သည့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် မြစိမ်းရောင်ကျေးရွာစီမံကိန်း(MSY)နှင့် ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) ကျေးရွာများသို့ ရန်ပုံငွေများလွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်(၁၁)နာရီက အဆိုပါဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Subscribe to ကချင်ပြည်နယ်