ကချင်ပြည်နယ်

တနိုင်းမြို့နယ်၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့် အွန်းလိုင်းအသုံးပြု၍ ကာမလိမ်လည်မှု မဖြစ်ပွားစေရေး အသိပညာပေးဟောပြောပွဲကျင်းပ

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်တွင် မြို့နယ်ဌာနဆိုင်ရာများပူးပေါင်း၍ လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့် အွန်းလိုင်းအသုံးပြု၍ ကာမလိမ်လည်မှုမဖြစ်ပွားစေရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၁၀ နာရီက အခြေခံပညာအထက်တန်းကျောင်း (ခွဲ)(လမုန်)ခန်းမ၌ ဆောင်ရွက်ခဲ့ကြသည်။

ရွှေကူမြို့၌ ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေးရက်သတ္တပတ်နှင့် အဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်လှုပ်ရှားမှု အထိမ်းအမှတ်အဖြစ် ကျန်းမာရေးအသိပညာပေးခြင်း၊ အဟာရချက်ပြုတ် သရုပ်ပြခြင်းနှင့် စံပြမိခင်ကလေးပြိုင်ပွဲများကျင်းပ

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနတို့ ပူးပေါင်း၍ ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်နှင့် အဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှု အထိမ်းအမှတ်အဖြစ် ကျန်းမာရေး အသိပညာပေးခြင်း၊ အဟာရချက်ပြုတ်သရုပ်ပြခြင်းနှင့် စံပြမိခင်ကလေးပြိုင်ပွဲများကို ယမန်နေ့နံနက် ၁၀ နာရီခန့်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မိုးညှင်းမြို့နယ်အတွင်း စားသုံးဆီဖူလုံမှုရှိစေရေး ဆီစက်လုပ်ငန်းရှင်များ လုပ်ငန်းလည်ပတ်ခြင်း ရှိမရှိ ကွင်းဆင်းစစ်ဆေး

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်အတွင်းစားသုံးဆီဖူလုံမှုရှိစေရေးအတွက် ဖွံ့ဖြိုးရေးချေးငွေရယူထားသည့် ဆီစက်လုပ်ငန်းရှင်များ အမှန်တကယ်လုပ်ငန်းလည်ပတ်ခြင်း ရှိမရှိ ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

မချမ်းဘောမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲ ကျင်းပ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင် မချမ်းဘောမြို့တွင် ကျောင်းသားကျောင်းသူများ စာဖတ်ရှိန်မြှင့်တင်လာစေရန်နှင့် စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲကို ယမန်နေ့မွန်းလွဲ ၂ နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။

မြဝတီမြို့ရှိ ရေဘေးကယ်ဆယ်ရေးစခန်းများမှ ရေဘေးရှောင်ပြည်သူများအား ဆန်ရိက္ခာဖိုးထောက်ပံ့ငွေများပေးအပ်

မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့တွင် သြဂုတ်လ ၃ ရက်နေ့ ညပိုင်းက မိုးသည်းထန်စွာရွာသွန်း၍ သောင်ရင်းမြစ်ရေသည် စိုးရိမ်ရေအမှတ် ၉၆၃ စင်တီမီတာထက် ကျော်လွန်ပြီး မြစ်ရေလျှံတက်မှုဖြစ်ပွားကာ နေအိမ်များရေနစ်မြုပ်မှုဖြစ်ပွားလျက်ရှိသည်။

မိုးကောင်းမြို့၌ အသက်(၅)နှစ်အောက် ကလေးငယ်များအား မျက်စိအားဆေးနှင့် သံချဆေးတိုက်ကျွေး

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ် မိခင်နှင့်ကလေးကျန်းမာရေးဌာနက အသက်(၅)နှစ်အောက် (၆ လမှ ၄ နှစ် ၁၁ လ ၂၉ ရက်ထိ) ကလေးငယ်များအား မျက်စိအားဆေး ဗီတာမင်အေဆေးလုံးနှင့် သံချဆေးကို ဩဂုတ်(၆)ရက်နံနက်(၉)နာရီတွင် အဆိုပါဌာန၌ တိုက်ကျွေးခဲ့ကြောင်း သိရသည်။

တနိုင်းမြို့နယ်၌ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှုအဖြစ် ကျန်းမာရေး အသိပညာပေးခြင်းနှင့် အာဟာရဒါန စားသောက်ဖွယ်ရာများ လှူဒါန်း

ကချင်ပြည်နယ် တနိုင်းမြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့်ကျန်းမာရေးဌာနတို့ ပူးပေါင်းပြီး အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှုအဖြစ် ကလေးကျန်းမာရေး အသိပညာပေးခြင်းနှင့် အာဟာရဒါနစားသောက်ဖွယ်ရာများ လှူဒါန်းခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက ပြည်သူ့ဆေးရုံခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဆဒုံး ယာယီနေရပ်စွန့်ခွာ ပြောင်းရွှေ့အိမ်ထောင်စု (၁၆) စုအား ထောက်ပံ့ငွေပေးအပ်

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဆဒုံးမြို့ ယာယီနေရပ်စွန့်ခွာလာသည့် အိမ်ထောင်စု (၁၆) စုအား ထောက်ပံ့ငွေပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက် (၁၀) နာရီက ဆဒုံးမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်၊၊

မြစ်ကြီးနားမြို့၌ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် ကျေးရွာတစ်ရွာ ထုတ်ကုန်တစ်ခု ဆောင်ရွက်မည့် လုပ်ငန်းစီမံကိန်းနှင့် ခေတ်မီစံပြကျေးရွာဖော်ဆောင်၍ ကျေးလက်နေပြည်သူများ ဝင်ငွေတိုးရေး သက်မွေးပညာသင်တန်းများ ဖွင့်လှစ်

ကချင်ပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန အနေဖြင့် ကျေးရွာတစ်ရွာ ထုတ်ကုန်တစ်ခု ဖော်ဆောင်ပေးခြင်းအားဖြင့် အသေးစား၊ အငယ်စားစီးပွားရေးလုပ်ငန်းများ ပေါ်ထွန်းလာစေရေးနှင့် ခေတ်မီစံပြကျေးရွာများရှိ ကျေးလက်နေပြည်သူများ ဝင်ငွေတိုးပွား လာစေရေးအတွက် စီမံကိန်းလုပ်ငန်းများရေးဆွဲ၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ သြဂုတ် ၇ ရက် နံနက် ၉ နာရီက ကျေးရွာနေပြည်သူများအတွက် သက်မွေးပညာသင်တန်းများ ဖွင့်လှစ်ပေးခဲ့ကြောင်း သိရှိရသည်။

မိုးညှင်းမြို့၌ လူငယ်များ အလုပ်အကိုင် အခွင့်အလမ်းကောင်းများ ရရှိစေရန် အခြေခံနှင့် မွမ်းမံစက်ချုပ်နည်းပညာသင်တန်း အခမဲ့ ဖွင့်လှစ်

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ် အင်ကြင်းကုန်းကျေးရွာတွင် လူငယ်များ အလုပ်အကိုင် အခွင့်အလမ်းကောင်းများ ရရှိစေရန်အတွက် အခြေခံနှင့် မွမ်းမံစက်ချုပ်နည်းပညာ သင်တန်းကို ယနေ့နံနက် (၁၀)နာရီခွဲက အင်ကြင်းမြေခန်းမ၌ အခမဲ့ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
Subscribe to ကချင်ပြည်နယ်