ကချင်ပြည်နယ်

ဝိုင်းမော်မြို့နယ်၌ “ပညာပျိုးခင်း” ကျောင်းစာကြည့်တိုက်ဖွင့်ပွဲ ကျင်းပ

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်၌ “ပညာပျိုးခင်း”ကျောင်းစာကြည့်တိုက်ဖွင့်ပွဲကို ဩဂုတ်လ ၁၂ ရက် နံနက် ၉ နာရီခွဲက အခြေခံပညာအထက်တန်းကျောင်း(ခွဲ)သာဂရ ကျောင်းခန်းမတွင် ကျင်းပခဲ့သည်။

တနိုင်းမြို့နယ်အတွင်း မိုးစပါးစိုက်ပျိုးမှုအား လေ့လာကွင်းဆင်း

ကချင်ပြည်နယ် တနိုင်းခရိုင် တနိုင်းမြို့နယ်အတွင်း ၂၀၂၃ - ၂၀၂၄ ခုနှစ် မိုးစပါးများစိုက်ပျိုး မှုအ‌ခြေအနေနှင့် စိုက်ဧကစာရင်းနှင့်၊ တိရစ္ဆာန်မွေးမြူမှုအခြေအနေများကို သြဂုတ်လ ၁၂ ရက်နေ့ နံနက် (၈) နာရီက ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများ ကွင်းဆင်း‌လေ့လာခဲ့သည်။

မိုးမောက်မြို့နယ်၌ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ

ကချင်ပြည်နယ် ၊ ဗန်းမော်ခရိုင် ၊ မိုးမောက်မြို့ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ မြို့နယ်ပြန်/ဆက်တို့ပူးပေါင်း၍ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို  သြဂုတ်လ ၁၁ ရက် နံနက် ၁၀ နာရီခန့်တွင် ကျင်းပခဲ့ကြောင်းသိရသည်။

ဆွမ်ပရာဘွမ်မြို့၌ ကျောင်းကျန်းမာရေး အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှု ဟောပြောပွဲနှင့် အာဟာရဒါန စားသောက်ဖွယ်ရာများ ကျွေးမွေးလှူဒါန်း

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့တွင် ကျန်း‌မာရေးဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းကျန်းမာရေး အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှု အသိပညာ‌ပေး ဟောပြောပွဲနှင့် အာဟာရဒါန စားသောက်ဖွယ်ရာများကျွေး မွေးလှူဒါန်းခြင်းကို ယမန်နေ့ နံနက် ၁၀နာရီက အ‌ခြေခံပညာ အထက်တန်း(မြို့မ)ကျောင်း "မရန်ယောရှု"ဆောင်၌ ကျင်းပသည်။

ပူတာအိုရေခဲတောင်ဒေသထွက် ရှီးပတီးရှာဖွေသည့် ဒေသခံပြည်သူများ တစ်ဖက်တစ်လှမ်းမှ အပိုဝင်ငွေရရှိ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်အတွင်းရှိ ရေခဲတောင်များဖုံးလွမ်းရာ တိဘက်ကုန်းမြင့်ဒေသနှင့်ပင် လယ်ရေမျက်နှာပြင် အမြင့်ပေ တစ်သောင်းအထက်တွင်သာ သဘာဝအလျောက် ပေါက်ရောက်လေ့ရှိသော ရှီးပတီး(ခေါ်)ပိုးဆေးနွယ်ရှင်ရှာဖွေသည့် ဒေသခံပြည်သူများ တစ်ဖက်တစ်လမ်းမှ အပိုဝင်ငွေ ရရှိကြောင်း သိရသည်။

မချမ်းဘော အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မိဘဆရာအသင်း နှစ်ပတ်လည် အစည်းအဝေးနှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကျင်းပ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မိဘဆရာအသင်း နှစ်ပတ်လည် အစည်းအဝေးနှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက အခြေခံပညာ အထက်တန်းကျောင်းခန်းမ၌ ကျင်းပခဲ့သည်။ အခမ်းအနားတွင် Grade-9 ကျောင်းသူ၊ ကျောင်းသားများက ဘက်စုံပညာကိုယ်ရည် ဒို့လှမ်းချီသီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့ကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကိုဝင်းက အဖွင့်အမှာစကား ပြောကြားကာ ဒုတိယမြို့နယ်ပညာရေးမှူး ဦးခေါ့ထိန်က စနစ်သစ်ပညာရေးနှင့်ပတ်သက်၍ ဆရာ၊ ဆရာမများ၏ ဆောင်ရွက်လိုက်နာရမည့် အချက်များကို လမ်းညွှန် အမှာစကားပြောကြားခဲ့သည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့နယ်အတွင်းရှိ မိုးစပါးစိုက်ဧကများ ရာနှုန်းပြည့် စိုက်ပျိုးနိုင်ရေးနှင့် စိုက်ပျိုးပြီး မိုးစပါးများ ပန်းတိုင်အထွက်နှုန်းရရှိရေး ရှင်သန်ဖြစ်ထွန်းမှုကို ကွင်းဆင်းစစ်ဆေး

ကချင်ပြည်နယ်အတွင်း မိုးစပါးစိုက်ပျိုးမှု ရည်မှန်းချက်ပြည့်မီကျော်လွန်အောင် စိုက်ပျိုးနိုင်ရေးနှင့် ပန်းတိုင်အထွက်နှုန်း တိုးပွားစေရေးအတွက် စိုက်ပျိုးရေ အပါအဝင် သွင်းအားစုများကို ဖြည့်ဆည်းပေးနိုင်ရေး ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့မွန်းလွဲ ၁ နာရီခွဲက မြစ်ကြီးနားမြို့ရှိ မိုးစပါးစိုက်ဧကများ စိုက်ပျိုးဆောင်ရွက်ထားရှိမှုကို ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

ဆွမ်ပရာဘွမ်မြို့ အခြေခံပညာအထက်တန်း(မြို့မ)ကျောင်း၌ လူကုန်ကူးမှုဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့တွင် လူကုန်ကူးမှုဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၉ နာရီခွဲက အခြေခံပညာအထက်တန်း (မြို့မ)ကျောင်း၌ ကျင်းပခဲ့သည်။

မိုးကောင်းချောင်းရေ မြင့်တက်လာမှုကြောင့် ချောင်းနှင့်ထိစပ်သည့် မြေနိမ့်ပိုင်းနေရာအချို့ ရေဝင်ရောက်မှု ဖြစ်ပေါ်နေ

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့တွင် နန့်ယင်းနှင့်နန့်ကောင်း ချောင်းရေမြင့်တက်လာမှုကြောင့် ချောင်းနှင့် ထိစပ်သည့် မြေနိမ့်ပိုင်းနေရာအချို့၌ ယမန်နေ့တွင် ရေဝင်ရောက်မှု ဖြစ်ပေါ်နေကြောင်း သိရသည်။

မချမ်းဘော၌ အရွယ်မရောက်သေးသူ ကလေးသူငယ်များစစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးရေး အသိပညာပေး နံရံကပ်စာစောင်ပြသ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့တွင် အရွယ်မရောက်သေးသူ ကလေးသူငယ်များ စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးရေး ဆိုင်ရာများကို ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရန်နှင့် ကျန်းမာရေးဆိုင်ရာအသိပညာများ သိရှိကာကွယ်နိုင်ရန် ရည်ရွယ်၍ အရွယ်မရောက်သေးသူ ကလေးသူငယ်များ စစ်မှုထမ်းခြင်းမှကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်နှင့် ကျန်းမာရေးအသိပညာပေး နံရံကပ်စာစောင်များကို ယမန်နေ့နံနက် ၉ နာရီက ပြည်သူ့စာကြည့်တိုက်ရှေ့ မြေစိုက်နံရံကပ်ပြဘုတ်၌ပြသခဲ့ကြောင်း သိရသည်။
Subscribe to ကချင်ပြည်နယ်