ကချင်ပြည်နယ်ဝန်ကြီးချုပ် ပူတာအိုဒေသဝမ်းစာဖူလုံရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဌာနအလိုက်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစီမံကိန်းများ ပေါင်းစပ်ဆောင်ရွက်ပေး
မြန်မာပြည်မြောက်ဖျားပိုင်း ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ပူတာအိုဒေသဝမ်းစာဖူလုံရေးနှင့် ဒေသတွင်း ကဏ္ဍပေါင်းစုံ/ ဘက်ပေါင်းစုံဖွံ့ဖြိုးတိုးတက်လာရေးအတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပူတာအိုခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ပူတာအိုဒေသရပ်မိ/ရပ်ဖများ ယမန်နေ့ မွန်းလွဲ ၂ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ပေါင်းစပ်ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။