ကချင်ပြည်နယ်

ကချင်ပြည်နယ်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နုကျန်း ပြည်နယ်ခွဲတို့အကြား နယ်စပ်ကုန်သွယ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နိုင်ရေးဆွေးနွေး

ကချင်ပြည်နယ်အစိုးရအဖွဲ့နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နုကျန်းပြည်နယ်ခွဲ ကွန်မြူနစ်ပါတီ၊ ပါတီကော်မတီအတွင်းရေးမှူး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့ မြန်မာ-တရုတ် နှစ်နိုင်ငံ၊ ကချင်ပြည်နယ်နှင့် နုကျန်းပြည်နယ်ခွဲတို့အကြား နယ်စပ်ကုန်သွယ်ရေးနှင့် ကဏ္ဍစုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်နိုင်ရန် ယမန်နေ့မွန်းလွဲ ၁ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ချစ်ကြည်ရင်းနှီးစွာ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

ကချင်ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်ကြည်လင်း ဗန်းမော်ခရိုင်အတွင်းရှိ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ဝင်များ တွေ့ဆုံ

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်အတွင်း တရားမဝင်ကုန်သွယ်မှုများ တိုက်ဖျက်ရေးအထူးအဖွဲ့များ၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများနှင့် ပြည်ပပို့ကုန် စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များ အဓိကထား ထုတ်လုပ်တင်ပို့နိုင်ရေးအတွက် ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်ကြည်လင်းသည် သြဂုတ် ၂၃ ရက် မွန်းလွဲ ၁ နာရီက ဗန်းမော်မြို့ ညောင်ပင်ရပ်ကွက်ရှိ မြသီတာဧည့်ရိပ်သာ အစည်းအဝေးခန်းမ၌ တာဝန်ရှိသူများနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ကျင်းပပြုလုပ်သည်။

ဖားကန့်မြို့နယ်အတွင်းရှိ ကျောက်စိမ်းတောင်ကုမ္ပဏီလုပ်ကွက်ဟောင်းရေကန် သဘာဝဘေးအန္တရာယ်မဖြစ်ပေါ်စေရေးအတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ထားရှိ

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ် ကျောက်စိမ်းတောင်ကုမ္ပဏီလုပ်ကွက်ဟောင်းရေကန် သဘာဝဘေးအန္တရာယ်မဖြစ်ပေါ်စေရေးအတွက် ကြိုတင်ကာကွယ်‌ရေးလုပ်ငန်းများကို ဩဂုတ်လ ၂၂ ရက်နေ့ နံနက် ၉ နာရီကစတင်၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တနိုင်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်း(ခွဲ) လမုန်တွင် ပန်းခင်းစီမံချက်(၂)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်

ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန မြို့နယ်ဦးစီးအရာရှိ ဦးဘောက်နော်နှင့် ဝန်ထမ်းများသည် အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)လမုန်၌ သြဂုတ် ၂၂ ရက်နေ့ နံနက် (၉) နာရီက ပန်းခင်းစီမံချက် (၂) ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။

တနိုင်းမြို့ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) ကင်ဆားရာ၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲဆောင်ရွက်

ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ်ရုံးအနေဖြင့် လူငယ်များ အသိပညာဗဟု သုတပြည့်စုံပြီး ဗလငါးတန်ဖွံ့ဖြိုးစေရန်ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို သြဂုတ်လ ၂၂ ရက်နေ့၊ နံနက် (၁၀)နာရီက အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)ကင်ဆားရာ၌ ကွင်းဆင်းဆောင်ရွက်သည်။

ရှင်ဗွေယန်မြို့ အခြေခံပညာအထက်တန်းကျောင်း၌ ကိုဗစ် -၁၉ ရောဂါကာကွယ်ဆေး Booster Dose ထိုးနှံပေး

ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ ရှင်ဗွေယန်မြို့ အခြေခံပညာအထက်တန်းကျောင်း၌ ဩဂုတ်လ ၂၂ ရက်နေ့၊ နံနက် ၁၁ နာရီတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Booster Dose ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ဆွမ်ပရာဘွမ်မြို့၌ ကျောင်းသား၊ကျောင်းသူများအား ကျောင်းကျန်းမာရေး စစ်ဆေးပေးခြင်း ဆောင်ရွက်ပေး

၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းကျန်းမာရေးစစ်ဆေးပေးခြင်းကို ယမန်နေ့နံနက် ၉ နာရီက ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ် အခြေခံပညာအထက်တန်း ကျောင်းသို့ ကျောင်းကျန်းမာရေး ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မိုးညှင်းမြို့၌ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေး ဆွေးနွေး

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ်အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲကို ယမန်နေ့နံနက်(၁၀)နာရီက စုပေါင်းရုံးရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

မိုးညှင်းမြို့၌ ပြည်ထောင်စု/ပြည်နယ်ဘတ်ဂျက်လုပ်ငန်း စီမံကိန်းများရေးဆွဲရေး ညှိနှိုင်း ဆွေးနွေးပွဲကျင်းပ

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့တွင် မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ ပြည်ထောင်စု/ပြည်နယ်ဘတ်ဂျက် လုပ်ငန်းစီမံကိန်းများရေးဆွဲရေး ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နံနက် (၁၀)နာရီက စုပေါင်းရုံးရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ကချင်ပြည်နယ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေကျပ် ၈ ဘီလီယံဖြင့် ရင်းနှီးမတည်ပေးခဲ့သော လုပ်ငန်းစီမံကိန်းများမှ ပထမ(၆)လပြည့် အတိုးငွေရရှိမှုအပေါ် ကျေးရွာများတွင် လုပ်ငန်းစီမံကိန်းများ ထပ်မံရင်းနှီးမတည်ပေးနိုင်ရေး ဆွေး‌နွေးဆောင်ရွက်

ကချင်ပြည်နယ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေကျပ် ၈ ဘီလီယံဖြင့် စိုက်ပျိုးမွေးမြူရေးနှင့် သမဝါယမလုပ်ငန်းစီမံကိန်းများတွင် ရင်းနှီးမတည်ပေးခဲ့ရာ အဆိုပါ လုပ်ငန်းစီမံကိန်းများအလိုက် ချေးငွေထုတ်ချေးပေးခဲ့သည့် ကာလအပေါ်မူတည်၍ ပထမ(၆)လအတိုးငွေ ကောက်ခံရရှိမှုအပေါ် ကျေးရွာများတွင် လုပ်ငန်းကဏ္ဍအလိုက် ထပ်မံရင်းနှီးမတည်ပေးနိုင်ရေးအတွက် ယနေ့နံနက် ၁၁ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ဆွေးနွေးဆောင်ရွက်ခဲ့ကြသည်။
Subscribe to ကချင်ပြည်နယ်