ကချင်ပြည်နယ်

ချီဖွေမြို့နယ် အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ) (စစ်ရှောင်ကျောင်း)၌ အသိပညာပေး ဟောပြောပွဲနှင့် စာအုပ်စာစောင်ပြပွဲကျင်းပ

ကချင်ပြည်နယ်၊ ချီဖွေမြို့နယ် အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ) (စစ်ရှောင်ကျောင်း)၌ အသိပညာပေး ဟောပြောပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ယနေ့ နံနက် (၁၁) နာရီက ကျင်းပခဲ့ ကြောင်း သိရသည်။

ဝိုင်းမော်မြို့နယ် အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း၌ လူကုန်ကူးမှုနှင့် လူ‌မှောင်ခိုမှု ဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပ

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်တွင် လူကုန်ကူးမှုနှင့် လူမှောင်ခိုမှုဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက် (၁၀) နာရီက အမှတ်(၂) အခြေခံပညာ အထက်တန်း ကျောင်း တေဇခန်းမ၌ ကျင်းပခဲ့သည်။

မြစ်ကြီးနားမြို့၌ လူငယ်နှင့်အားကစားကဏ္ဍကျပန်းစကားပြောပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲကျင်းပ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ လူငယ်လူရွယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ လူငယ်နှင့် အားကစားကဏ္ဍကျပန် စကားပြောပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲကို ယနေ့နံနက် (၉) နာရီကကျင်းပရာ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အထက်တန်း/ အလယ်တန်းအဆင့် ကျောင်းသား/ သူ (၄၁) ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။

ကချင်ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗန်းမော်မြို့ရှိ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်းနှင့် အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်းများသို့ စစ်ဆေးဆောင်ရွက်

ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်ကြည်လင်းသည် ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့နယ်အတွင်းရှိ နယ်စပ်‌ရေးရာဝန်ကြီးဌာန၏ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်းနှင့် အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းများကို ယမန်နေ့နံနက် ၉ နာရီက သွားရောက်စစ်ဆေးခဲ့သည်။

မချမ်းဘောမြို့နယ်တွင် မိုးစပါးဆင်းဧကရီ-၃ မျိုးစေ့ထုတ် စံပြကွက်အား ဓာတ်မြေသြဇာနှင့် သဘာမြေသြဇာအချိုးကျ ကြဲပက်ပွဲနှင့်သဘာ၀မြေသြဇာပြုလုပ်နည်း နည်းပညာများဖြန့်ဝေ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ်တွင် စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ပူတာအိုဒေသဝမ်းစာ ဖူလုံရေးအတွက် မိုးစပါးဆင်းဧကရီ-၃ မိုးစပါးမျိုးစေ့ထုတ်စံပြကွက် (၃)ဧကစိုက်ခင်းအား ဓာတ်မြေသြဇာတစ်ဆ+ သဘာဝမြေသြဇာသုံးဆ အချိုးကျကြဲပက်ပွဲကို ယမန်နေ့နံနက် ၁၁ နာရီက အင်ဘူးဘော့ကျေးရွာ တောင်သူ ဦးကကျူးလဂျာ၏ စပါးစိုက်ခင်း၌ ကျင်းပခဲ့သည်။

ဝိုင်းမော်မြို့နယ်၌ အဏုဇီဝမြေဩဇာ(စူပါအီးအမ်ဘိုကာရှီ) စုပေါင်းကြဲပက်ပွဲကျင်းပ

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှဦးဆောင်၍ အဏုဇီဝမြေဩဇာ (စူပါအီးအမ်ဘိုကာရှီ) စုပေါင်းကြဲပက်ပွဲကို ဩဂုတ် ၂၆ ရက်နံနက် ၁၀ နာရီက ဝိုင်းမော်မြို့နယ်၊ မဒိန်ကျေးရွာအုပ်စု စက်မူလယ်ယာစနစ်ကျ လယ်ယာမြေဧက (၁၀၀)ရှိ တောင်သူ ဦးဘောမ်ယိန်းနှင့် ဦးခေါက်ဆန်(၂) ဦး ပိုင်ဆိုင်သည့် ကွင်းအမှတ်(၂၃/က)၏ မိုးစပါး လယ်ယာမြေ (၅) ဧကတွင် ကျင်းပပြုလုပ်ခဲ့သည်။

ချီဖွေမြို့နယ်၌ မိုးစပါးအထူးထွက်တိုးစိုက်နည်းစနစ်(စံပြကွက်)စိုက်ခင်း၌ အီးအမ်စူပါဘိုရှီ မြေဩဇာကြဲပတ်ပွဲ ဆောင်ရွက်

ကချင်ပြည်နယ်၊ချီဖွေမြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးချစ်စမ်းအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသိန်းနိုင်ဦးနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းက ချီဖွေမြို့နယ်၊ ရစ်လော်ရပ်ကွက်ရှိ ကွင်းအမှတ် (OSS-11)၊ တောင်သူ ဦးဒေါင်ဒိုင်၏ မိုးစပါးအထူး ထွက်တိုးစိုက်နည်းစနစ် (စံပြကွက်)စိုက်ခင်း၌ အီးအမ်စူပါဘိုရှီမြေဩဇာကြဲပက်ပွဲ အခမ်းအနားသို့တက်ရောက် ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

မိုးညှင်းမြို့၌ စူပါအီးအမ်ဘိုကာရှီပြုလုပ်နည်းနှင့် ကြဲပက်ခြင်းကွင်းသရုပ်ပြသ

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ် ပင်းဟဲကျေးရွာအုပ်စု တောင်သူဦးကျော်လင်းဦး၏ လယ်မြေတွင် စူပါအီးအမ်ဘိုကာရှီပြုလုပ်နည်းနှင့် ကြဲပက်ခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက ကွင်းသရုပ်ပြသခဲ့ကြောင်း သိရသည်။

မြစ်ကြီးနားမြို့ လေ့ကျင့်ရေးအလယ်တန်းကျောင်း၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကျင်းပ

ကျောင်းသား/ကျောင်းသူ လူငယ်လူရွယ်များ အသိပညာဗဟုသုတတိုးပွာ၍ ဘက်စုံဖွံ့ဖြိုးစေရန် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ လေ့ကျင့်ရေးအလယ်တန်းကျောင်းခန်းမ၌ လူငယ်ရေးရာ အသိပညာပေးဟောပြော‌ပွဲကို ယမန်နေ့နံနက် ၉ နာရီက ကျင်းပခဲ့သည်။
Subscribe to ကချင်ပြည်နယ်