ပူတာအိုခရိုင်၌ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေး ပုံပြင်ပြော၊ စာဖတ်စွမ်းရည်နှင့် စကားပုံဆက် ပြိုင်ပွဲများ ကျင်းပပြုလုပ်
ကချင်ပြည်နယ်၊ ပူတာအိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမက-ကောင်က ထောင်ကျောင်းတို့ ပူးပေါင်းမှုဖြင့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးတွင် တစ်ချက် အပါအဝင် ဖြစ်သော ဉာဏဗလစွမ်းရည်များ တိုးတက်လာစေရန် ရည်ရွယ်၍ ပုံပြင်ပြော၊ စာဖတ်စွမ်းရည်နှင့် စကားပုံဆက် ပြိုင်ပွဲများကို ယမန်နေ့ နံနက်(၁၀)နာရီက ပူတာအိုခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်သည်။