ကချင်ပြည်နယ်

ပူတာအိုခရိုင်၌ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေး ပုံပြင်ပြော၊ စာဖတ်စွမ်းရည်နှင့် စကားပုံဆက် ပြိုင်ပွဲများ ကျင်းပပြုလုပ်

ကချင်ပြည်နယ်၊ ပူတာအိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမက-ကောင်က ထောင်ကျောင်းတို့ ပူးပေါင်းမှုဖြင့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးတွင် တစ်ချက် အပါအဝင် ဖြစ်သော ဉာဏဗလစွမ်းရည်များ တိုးတက်လာစေရန် ရည်ရွယ်၍ ပုံပြင်ပြော၊ စာဖတ်စွမ်းရည်နှင့် စကားပုံဆက် ပြိုင်ပွဲများကို ယမန်နေ့ နံနက်(၁၀)နာရီက ပူတာအိုခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်သည်။

မြစ်ကြီးနားမြို့၌ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလတ်နေမိသားစုများ ဝင်ငွေတိုးရေးစီမံကိန်းဖြင့် ဖွင့်လှစ်ခဲ့သည့် သင်တန်းများဆင်းပွဲကျင်းပ

မြစ်ကြီးနားမြို့၌ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေ ပြည်သူများ မိသားစုဝင်ငွေတိုးရေးစီမံကိန်းဖြင့် ဖွင့်လှစ် ခဲ့သည့် လက်ရက်ကန်း၊ ဖဲနှတ်ကောက် သင်တန်းနှင့် အခြေခံစက်ချုပ် သင်တန်းများဆင်းပွဲကို ယမန်နေ့ နံနက် ၉ နာရီခွဲက ပြည်နယ်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနားမြို့အား ဆေးလိပ်ငွေ့ကင်းစင်ဇုံများ သတ်မှတ်၍ အသိပညာပေး လုပ်ငန်းများဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်

၂၀၂၄ ခုနှစ် အာဆီယံဒေသတွင်း နိုင်ငံများတွင် ဆေးလိပ်ငွေ့ကင်းဆင်သော နယ်မြေများ တိုးတက်ပေါ်ထွန်းလာစေရေးအတွက် ASEAN Smoke Free Award(ASA) တွင် ကချင်ပြည်နယ်မှ ဝင်ရောက် ယှဉ်ပြိုင်နိုင်ရေး မြို့တော်မြစ်ကြီးနားမြို့အား ဆေးလိပ်ငွေ့ကင်းစင်ဇုံများ သတ်မှတ်၍ အကောင် အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စက်တင်ဘာလ ၄ ရက်နေ့ ညနေ ၃ နာရီခွဲက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သော လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှ သိရသည်။

မြစ်ကြီးနားမြို့၌ ပြည်နယ်တရားလွှတ်တော်ရုံး အဆောက်အအုံသစ် တည်ဆောက်နိုင်ရေး စိုက်ပျိုးရေးဦးစီးဌာနပိုင် မြေယာများမှ မြေဧရိယာ လွှဲပြောင်းပေးအပ်

စိုက်ပျိုးရေးဦးစီးဌာနပိုင် မြေဧရိယာများမှ ပြည်နယ်တရားလွှတ်တော်၊ ကချင်ပြည်နယ် ရဲတပ်ဖွဲ့၊ ပြည်နယ်မီးသတ်ဦးစီးဌာနနှင့် ဘာသာရေး အဖွဲ့အစည်းအသီးသီးသို့ မြေယာလွှဲပြောင်း ပေးအပ်ပွဲ အခမ်းအနား ပြည်နယ်တရားလွှတ်တော်ရုံး အစည်းအဝေးခန်းမ၌ ယမန်နေ့ နံနက် ၈ နာရီက ကျင်းပပြုလုပ်သည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားပညာရေး ဒီဂရီကောလိပ် လူငယ်သီတင်းပတ် အစီအစဉ် ဖွင့်ပွဲသို့ တက်ရောက်အားပေး

နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များတွင် ဗလငါးတန်နှင့် ပြည့်စုံသည့် လူငယ်များသည် အဓိက စွမ်းအားစုအဖြစ် အရေးပါသည့်ကဏ္ဍတွင် ပါဝင်လျက်ခြင်းကြောင့် လူငယ်ကဏ္ဍ မြှင့်တင်ရေးအတွက် မြစ်ကြီးနားပညာရေး ဒီဂရီကောလိပ်၏ လူငယ်သီတင်းပတ် (Youth Week) လှုပ်ရှားမှုများ ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီခွဲက ကျင်းပပြုလုပ်သည်။

မိုးကောင်းမြို့၌ မွေးစမှအသက် ၂ နှစ်အောက်ကလေးငယ်များအား လစဉ်ပုံမှန်ကာကွယ်ဆေး ထိုးနှံပေး

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့၌ မိခင်နှင့်ကလေးကျန်းမာရေးဌာနက မွေးစမှ အသက်(၂)နှစ်အောက်ကလေးငယ်များအား လစဉ်ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းကို စက်တင်ဘာလ(၅)ရက် နံနက်(၉)နာရီတွင် အဆိုပါဌာန၌ ဆေးထိုးဆေးတိုက် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မချမ်းဘောမြို့နယ်၌ ဗလငါးတန်ဖွံဖြိုးရေး လူငယ်စကားဝိုင်းကျင်းပ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့မြို့နယ်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက်(၉)ရပ်ပါ လူမှုရေးဦးတည်ချက် တတိယအချက်ဖြစ်သည့် နိုင်ငံတော်ဖွံဖြိုးတိုးတက်ရေးလုပ်ငန်းများ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ်ပါဝင်နိုင်ရေး ၊ဗလငါးတန်နှင့် ပြည့်စုံသောလူငယ်များဖြစ်စေရန် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေးဟူသည့်   ဦးတည်ချက်နှင့်အညီ လူငယ်များအားစာဖတ်ရှိန်မြှင့်တင်ရေး၊ ဗလငါးတန်နှင့် ပြည့်စုံသောလူငယ်များ ဖြစ်လာစေရန်၊ စာဖတ်စွမ်းရည်တိုးတက်လာစေရန် ပူးပေါင်းပါဝင်ဆွေးနွေးတတ်သည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယမန်နေ့နံနက် ၁၀ နာရီက ထရန်ဒမ်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း (ထရန်ဒမ်း)၌ ကျင်းပခဲ့သည်။

မိုးညှင်းတက္ကသိုလ်၌ လူငယ်သီတင်းပတ် (Youth Week) ဗလငါးတန်ဖွံ့ဖြိုးရေးလှုပ်ရှားမှုများအဖြစ် ဟောပြောပွဲနှင့် စာတမ်းဖတ်ပွဲများကျင်းပ

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းတက္ကသိုလ်တွင် လူငယ်သီတင်းပတ် (Youth Week) ဗလငါးတန်ဖွံ့ဖြိုးရေးလှုပ်ရှားမှုများအဖြစ် အသိပညာပေးဟောပြောပွဲနှင့် စာတမ်းဖတ်ပွဲများကို စက်တင်ဘာလ(၄)ရက်မှစတင်၍ တက္ကသိုလ်ရတနာခန်းမ၌ ကျင်းပခဲ့သည်။

မိုးညှင်းမြို့၌ စက်မှု၊ စိုက်ပျိုးနှင့် မွေးမြူရေးအထက်တန်းကျောင်းတွင် ပညာသင်ကြားနေသော ကျောင်းသားကျောင်းသူများအား ထောက်ပံ့ငွေများပေးအပ်

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့တွင် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းနှင့် တွဲဖက်၍ စက်မှု၊ စိုက်ပျိုးနှင့်မွေးမြေူရေး အထက်တန်းကျောင်းတွင် စိုက်ပျိုးရေးနှင့်မွေးမြူရေးပညာရပ်တွင် ပညာသင်ကြားနေသော ကျောင်းသား ကျောင်းသူများအား ယနေ့နံနက် (၉)နာရီခွဲက ထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်း သိရသည်။

တနိုင်းမြို့နယ်တွင် အသက်(၁၀)နှစ်အထက် ကျောင်းသား/ကျောင်းသူ (၇၈) ဦးတို့အား နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲ အခမ်းအနားကျင်းပ

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန တနိုင်းမြို့နယ် ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် အမှတ်(၂) အခြေခံပညာ အထက်တန်း ကျောင်းတွင် ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက အဆိုပါ ကျောင်းရှိ ပညာရတနာခန်းမ၌ ကျင်းပခဲ့သည်။
Subscribe to ကချင်ပြည်နယ်