ကချင်ပြည်နယ်

မြစ်ကြီးနားမြို့၌ ဒေသခံပြည်သူများသက်သာချောင်ချိရေး အခြေခံစာသောက်ကုန်များ ဈေးနှုန်းသက်သာစွာ ရောင်းချပေး

ကချင်ပြည်နယ်အစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် မြစ်ကြီးနားမြို့၊ ရန်ကြီးအောင် ရပ်ကွက်ရှိ၊ ရန်ကြီးအောင်ဈေးအနီးသက်သာချောင်ချိရေး အရောင်းဆိုင်များတွင် ယနေ့ နံနက် ၇ နာရီက အခြေခံစားသောက်ကုန်များအား ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခဲ့ကြသည်။

မချမ်းဘောမြို့နယ်၌ ၂၀၂၃ ခုနှစ် မြို့နယ်အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌဖလား အမျိုးသားအလွတ်တန်း မိုးရာသီဘောလုံးပြိုင်ပွဲ ကျင်းပရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ်တွင် လူငယ်များအားကစားစိတ်ဓာတ် ပိုမိုမြှင့်တင်လာစေရန်၊ မူးယစ်ဆေးဝါးအန္တရာယ်များ လျော့ကျလာစေရန် ရည်ရွယ်၍ မြို့နယ် အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌဖလား အမျိုးသားအလွတ်တန်း မိုးရာသီဘောလုံး ပြိုင်ပွဲ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၁ နာရီက အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန မလိခအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ကချင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ သက်ရောက်မှုကြောင့် ထိခိုက်မှုရှိသော စီးပွားရေးလုပ်ငန်းများအား ကိုဗစ်-၁၉ ရန်ပုံငွေမှ ထုတ်ပေးထား သည့် ချေးငွေများအား အကျိုးရှိစွာ အသုံးချမှုအပေါ် ကချင်ပြည်နယ် စိစစ်ကြပ်မတ်ရေးအဖွဲ့က လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ကချင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ သက်ရောက်မှုကြောင့် ထိခိုက်မှုရှိသော စီးပွားရေးလုပ်ငန်းများအား ကိုဗစ်-၁၉ ရန်ပုံငွေမှ ထုတ်ပေးထားသည့် ချေးငွေများအကျိုးရှိစွာ အသုံးချမှုအပေါ် ကချင် ပြည်နယ်စိစစ်ကြပ်မတ်ရေးအဖွဲ့၏ (၁/၂၀၂၃) လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်း က ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်း၌ ကျင်းပပြုလုပ်ခဲ့သည်။

မြစ်ကြီးနားမြို့၌ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလတ်နေမိသားစု ဝင်ငွေတိုးရေးစီမံကိန်း သင်တန်းများဆင်းပွဲကျင်းပ

မြစ်ကြီးနားမြို့၌ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလတ်နေမိသားစု ဝင်ငွေတိုးရေးစီမံကိန်း လက်ရက်ကန်း၊ ဖဲနှတ်ကောက်သင်တန်းနှင့် အခြေခံစက်ချုပ်သင်တန်း ဆင်းပွဲကို ကချင်ပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနရှိ ခန်းမ၌ ကျင်းပခဲ့သည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် လူငယ်နှင့်အားကစားကဏ္ဍဆိုင်ရာ စကားရည်လုပွဲနှင့် စာစီစာကုံး၊ ပန်းချီ၊ ကျပန်းစကားပြောပြိုင်ပွဲများ ဆုချီးမြှင့်

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ကချင်ပြည်နယ်စာကြည့်တိုက်များဖောင်ဒေးရှင်းတို့ ပူးပေါင်းကျင်းပသည့် လူငယ်နှင့်အားကစားကဏ္ဍဆိုင်ရာ စကားရည်လုပွဲနှင့် စာစီစာကုံး၊ ပန်းချီ၊ ကျပန်းစကားပြောပြိုင်ပွဲများ ဆုချီးမြှင့်ပွအခမ်းအနားကို စက်တင်ဘာ ၄ ရက် နံနက် ၉ နာရီက ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပပြုလုပ်သည်။

မြစ်ကြီးနားမြို့၌ ကလေးသုံးမွှာပူးမွေးဖွားသည့် မိသားစုအား ထောက်ပံ့ငွေများ ပေးအပ်

ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီးဦးဝင်းရဲထွန်းနှင့် တာဝန်ရှိသူများက  မြစ်ကြီးနားမြို့၊ ပုဂ္ဂလိပိုင် အေးသုခဆေးရုံကြီး၌ စက်တင်ဘာ ၄ ရက် နံနက် ၆ နာရီခွဲက ကလေး သုံးမွာပူးမွေးဖွားခဲ့သည့် မိသားစုအား ထောက်ပံ့ငွေများ သွားရောက်‌ထောက်ပံ့ပေးအပ်သည်။

မြစ်ကြီးနားတက္ကသိုလ်၌ လူငယ်သီတင်းပတ်အဖြစ် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးလှုပ်ရှားမှု လူငယ်နှင့်ဉာဏဗလ ဖွံ့ဖြိုးတိုးတက်ရေးစာတမ်းဖတ်ပွဲ ကျင်းပ

ကချင်ပြည်နယ်၊ မြစ်ကြီးနားတက္ကသိုလ်၌ လူငယ်သီတင်းပတ် (Youth Fair Week) အဖြစ် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်‌ရေး လှုပ်ရှားမှုတစ်ရပ်အနေဖြင့် လူငယ်နှင့်ဉာဏဗလဖွံ့ဖြိုး တိုးတက်ရေး စာတမ်းဖတ်ပွဲကို စက်တင်ဘာ ၄ ရက် နံနက် ၉ နာရီက အဆိုပါတက္ကသိုလ်ရှိ ဗဟိုခန်းမ၌ ကျင်းပသည်။

မိုးညှင်းမြို့နယ်တွင် (၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာယဥ်‌ကျေးမှု ဆို၊ က၊ ရေး၊ တီးပြိုင်ပွဲ ကျင်းပနိုင်ရေး ညှိနှိုင်းဆွေးနွေး

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့တွင် မြို့နယ်အဆင့် (၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု ဆို၊ က၊ ရေး၊ တီးပြိုင်ပွဲကျင်းပနိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့ နံနက် (၁၀) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဟိုပင်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာပေချစ်မြတ်နိုးသူအသင်း (Book Club) အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်းဆောင်ရွက်

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဟိုပင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ မျိုးဆက်သစ်လူငယ်လူရွယ်များ အတွေးအမြင်၊ အယူအဆများ၊ မှန်ကန်စေရန်၊ ဉာဏ်ရည်ဉာဏ်သွေး မြင့်မားရန်နှင့် အနာဂတ်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် အားပေးလမ်းညွှန်ပြုနိုင်စေရန်ရည်ရွယ်၍ ဟိုပင်မြို့ စာပေချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များ၊ ကျောင်းသား/သူများနှင့် ဒေါက်တာခင်မောင်ညိုရေးသားထားသည့် လူငယ်နှင့်အကောင်းဆုံးဘဝကိုတည်ဆောက်ခြင်း စာအုပ်ဖြင့် စာဖတ်ဝိုင်းဆောင်ရွက်ခဲ့ပါသည်။

မြစ်ကြီးနားမြို့နယ်အခွန်ဦးစီးဌာနက အရောင်းနှင့် ဝန်ဆောင်မှုပြေစာများပေါ်တွင် အခွန်အမှတ် တံဆိပ်ကပ်နှိပ်နိုင်ရေး အသိပညာပေးရှင်းလင်းဆွေးနွေးပွဲ ပြုလုပ်

ကချင်ပြည်နယ် ပြည်တွင်းအခွန်များဦးစီးဌာန၊ မြစ်ကြီးနားမြို့နယ်အခွန်ဦးစီးဌာနက မြို့နယ်အတွင်းရှိ စားသောက်ဆိုင်၊ ဟိုတယ်၊ တည်းခိုခန်း၊ ရွှေဆိုင်၊ လက်ကိုင်ဖုန်းနှင့် ဆက်စပ်ပစ္စည်းများ အရောင်းဆိုင်များ ရောင်းချလျက်ရှိသော ပြေစာများပေါ်တွင် အခွန်အမှတ်တံဆိပ်ကပ်နှိပ်ခြင်းကို ဥပဒေနှင့်အညီ တိကျစွာလိုက်နာဆောင်ရွက်နိုင်ရေးအတွက် အခွန်ဆိုင်ရာ အသိပညာပေးရှင်းလင်းပွဲကို စက်တင်ဘာ ၄ ရက် နံနက် ၉ နာရီခွဲက မြစ်ကြီးနားမြို့နယ် စုပေါင်းရုံးအတွင်းရှိ မနောရွှေပြည်ခန်းမ၌ ကျင်းပပြုလုပ်သည်။
Subscribe to ကချင်ပြည်နယ်