ကချင်ပြည်နယ်

ကာမိုင်းမြို့၌ အသက်(၂)နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်​ဆေးထိုး ဆေးတိုက်ခြင်းများဆောင်ရွက်

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့တွင် ကျန်မားရေးဦးစီးဌာနမှ အသက်(၂)နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များ အား လစဥ်ပုံမှန်ကာကွယ်ဆေးထိုး ဆေးတိုက်ခြင်းကို ယနေ့ နံနက်(၉)နာရီမှ မွန်းလွဲ (၁)နာရီအထိ တိုက်နယ်ဆေးရုံး၌ ဆောင်ရွက်ပေးခဲ့‌ ကြောင်း သိရသည်။

ဗန်းမော်မြို့တွင် တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်ပွဲကျင်းပ

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့တွင် ဗန်းမော်ခရိုင် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနက ဦးဆောင်၍ တန်ဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းကို ဗန်းမော်မြို့ ဖန်းခါးကုန်းရပ်ကွက်ရှိ IDP Camp တွင် ယနေ့ နံနက် ၁၀ နာရီက ဖွင့်လှစ်ခဲ့ ကြောင်း သိရသည်။

(၃) ကြိမ်မြောက် ကာမိုင်းမြို့ဘုန်းတော်ကြီးတစ်ပိုင်နယ် ကက်သလစ် (RC) အသင်းတော်ဖခင်များ၏ ဘောလုံးအားကစားပြိုင်ပွဲကျင်းပ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့၌ ဘုန်းတော်ကြီးတစ်ပိုင်နယ်ကက်သလစ် (RC) အသင်းတော်မှကြီးမှူး၍ စက်တင်ဘာလ (၄) ရက်တွင် ကျရောက်ခဲ့သည့် လက်ဝါးကပ်တိုင် ဆုတောင်းပွဲအထိမ်းအမှတ်နှင့် ဘုန်တော်ကြီးတပိုင်နယ်ရှိ ဖခင်များအားကျန်မားရေးကောင်မွန်စေရန်ရည်ရွယ်၍ ကာမိုင်းမြို့ပြည်သူ့အားကစားကွင်း၌ ယမန်နေ့ မွန်းလွဲ (၃) နာရီက ကျင်းပခဲ့သည်။

ဟိုပင်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စိတ်ကြိုက်ပန်းချီပြိုင်ပွဲ၊ စာဖတ်စွမ်းရည် ပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲများနှင့် စာအုပ်, စာစောင်ပြပွဲများ ဆောင်ရွက်

ကချင်ပြည်နယ်၊မိုးညှင်းခရိုင်၊ဟိုပင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊လူထုအခြေပြု ဗဟိုဌာန၊ (Community Centre) ခန်းမ၌ ကျောင်းသား/သူများ အသိပညာဗဟုသုတ တိုးပွါးစေရန်၊ စိတ်ပျော်ရွှင်စေရန်၊ လူအများရှေ့တွင် ရဲဝင့်စွာပြောဆိုတတ်စေရန် ရည်ရွယ်ရန် စိတ်ကြိုက် ပန်းချီပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲများနှင့် စာအုပ်/စာစောင်ပြပွဲများကို စက်တင်ဘာလ (၁၁) ရက် မွန်းလွဲ (၁) နာရီက ဆောင်ရွက်ခဲ့ကြသည်။

မိုးညှင်းမြို့၌ ဒေသခံပြည်သူများအား အခြေခံစားသောက်ကုန်များကို သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေး

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့ နားခါရပ်ကွက်ရှိ စိမ်းရတနာမွန်မြောက်ရပ် ပေ (၆၀) ကားလမ်းမကြီးပေါ်၌ ဒေသခံပြည်သူများအား အခြေခံစားသောက်ကုန်များကို ယနေ့နံနက် (၇) နာရီက သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

ဆွမ်ပရာဘွမ်မြို့ လူထုအခြေပြုဗဟိုဌာနတွင်နိုင်ငံတကာ စာတတ်မြောက်ရေးနေ့ အထိမ်းအမှတ် စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် စာအုပ်/စာစောင်ပြပွဲ ကျင်းပ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အထိမ်းအမှတ် စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် စာအုပ်/စာစောင် ပြပွဲကို ယမန်နေ့ ညနေ(၃)နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

မိုးကောင်းမြို့နယ် ကြက်ခြေနီအသင်းခွဲရုံးမှ ဘဝအတွက် ကျွမ်းကျင်းစရာသင်တန်း Life Skill Training ပို့ချသင်ကြား

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် ကြက်ခြေနီအသင်းခွဲရုံးမှ ဘဝအတွက် ကျွမ်းကျင်စရာသင်တန်း Life Skill Training ပို့ချသင်ကြားခြင်းကို စက်တင်ဘာ(၁၀)ရက် နံနက် (၉)နာရီတွင် အဆိုပါရုံး၌ ပြုလုပ်ခဲ့သည်။

ကချင်ပြည်နယ်မှ MSME လုပ်ငန်းဖြစ်သည့်   ကချင်ရိုးရာအထည်ရက်လုပ်ငန်း

နိုင်ငံတော်အနေဖြင့်  MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက်  အဓိကထား ဆောင်ရွက်ပေးလျက်ရှိသည်။ ပြည်တွင်းထုတ်ကုန် အားပေးရန်၊ သွင်းကုန်အစားထိုးရန်နှင့် ပို့ကုန်ရရှိစေရန်၊ ဒေသတစ်ခုထုတ်ကုန်တစ်ခု (One Region One Product) အကောင် အထည်ဖော် ဆောင်ရွက်နိုင်ရေး  လမ်းညွှန်ချက်များအပေါ် ကချင်ပြည်နယ်အနေဖြင့် အစီအစဉ်များရေးဆွဲ တင်ပြဆောင်ရွက်လျက်ရှိ သည်။ အဆိုပါ ဒေသတစ်ခု ထုတ်ကုန်တစ်ခု အစီအစဉ်တွင် ရိုးရာ ရက်ကန်းလုပ်ငန်းများ အပါအဝင် ဒေသထွက်သီးနှံများနှင့် ဆန်ခေါက်ဆွဲ စသည့်လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးရေးအတွက် Action Plan များ  ရေးဆွဲဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပူတာအိုမြို့၌ မြို့နယ်ရဝမ်စာပေနှင့်ယဉ်ကျေးမှုအသင်း၏၂၀၂၂-၂၀၂၃-ခုနှစ် နှစ်ပတ်လည် အစည်းအဝေးကျင်းပ

ကချင်ပြည်နယ်၊ပူတာအိုမြို့တွင် မြို့နယ်ရဝမ်စာပေနှင့်ယဉ်ကျေးမှုအသင်း၏ ၂၀၂၂-၂၀၂၃ ခုနှစ်နှစ်ပတ်လည်အစည်းအဝေးကို ယမန်နေ့ နံနက်(၁၀)နာရီက ပူတာအိုမြို့ ဒုတ္ထန်ရပ်ကွက်ရှိ ရဝမ်အမျိုးသားဉယျာဉ် ခရန်ခူးခန်းမ၌ကျင်းပခဲ့သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူ မြစ်ကြီးနားပြည်သူ့ဆေးရုံကြီး၌ ဆေးဝါးကုသမှုခံယူနေသော လူနာများအား တွေ့ဆုံအားပေးထောက်ပံ့

နိုင်ငံ‌တော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူသည် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက် ၉ နာရီက မြစ်ကြီးနားမြို့ ကုတင်(၅၀၀)ဆံ့ပြည်သူ့ဆေးရုံကြီးသို့ သွားရောက်ပြီး ဆေးဝါးကုသမှု ခံယူနေသော လူနာများအား တွေ့ဆုံအားပေးခဲ့သည်။
Subscribe to ကချင်ပြည်နယ်