ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် ၂၀၂၃ ခုနှစ်၊ အခြေခံပညာကျောင်းသားအားကစား ပွဲတော်တွင် အောင်ပွဲရ ပြည်နယ်အားကစားအဖွဲ့အား ဂုဏ်ပြု၊ မြစ်ကြီးနားဇုံအဆင့် တက္ကသိုလ်များ ဘောလုံးပြိုင်ပွဲနှင့် ဘော်လီဘောပြိုင်ပွဲများအား တက်ရောက်ဖွင့်လှစ်အားပေး
ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနက ကြီးမှူး၍ နေပြည်တော်တွင် ကျင်းပပြုလုပ်သည့် ၂၀၂၃ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် အခြေခံပညာကျောင်းသားအားကစားပွဲတော်သို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး စတုတ္ထအဆင့်ရရှိခဲ့သော ကချင်ပြည်နယ် ကျောင်းသားအားကစားအဖွဲ့အား ဂုဏ်ပြုပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၁ နာရီက မြစ်ကြီးနားမြို့ အမှတ်(၉) အခြေခံပညာ အထက်တန်းကျောင်း၊ ရွှေသွေးခန်းမ၌ ကျင်းပပြုလုပ်သည်။