မြစ်ကြီးနာ ဒီဇင်ဘာ ၁၅
၂၀၂၃-၂၀၂၄ ပညာသင်နှစ် သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်းများ ပေါ်ပေါက်လာစေရေး အသိပညာပေးဟောပြောပွဲကို ဒီဇင်ဘာ ၁၅ ရက် နံနက် ၉ နာရီက မြစ်ကြီးနားမြို့ ရမ်ပူရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)ရှိ မြက်ခင်းပြင်တွင် ကျင်းပသည်။
ရှေးဦးစွာ ကချင်ပြည်နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးအောင်ကျော်က အဖွင့်အမှာစကားပြောကြားပြီး ဒုတိယဦးစီးမှူး ဦးဝေယံအောင်က သန့်ရှင်း၍ စိမ်းလန်းစိုပြည်သော ကျောင်းများ ပေါ်ပေါက်လာစေရေးတွင် ပြဋ္ဌာန်းထားသည့် အခြေခံစံနှုန်း (၄)၊ အညွှန်းကိန်း (၁၇) ချက်တို့အား ရှင်းလင်းဟောပြောခဲ့သည်။
ထို့နောက် ဒုတိယဦးစိးမှူး ဦးသန်းစိန်ဝင်းက ပလတ်စတစ်နှင့် စွန့်ပစ္စည်းများအကြောင်းအား ပရိုဂျက်တာဖြင့် အကျယ်တဝင့်ရှင်းလင်းဟောပြောပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးစာအုပ် စာစောင်များအား ပေးအပ်ခဲ့ရာ ကျောင်းအုပ်ဆရာမကြီးက လက်ခံရယူခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)