ကချင်ပြည်နယ်

ဗန်းမော်မြို့တွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် သန့်ရှင်း၍ စိမ်းလန်းစိုပြေသောကျောင်းများ အကောင်အထည်ဖော်ဆောင်ရေးအတွက် ပြည်နယ်အစိုးရအဖွဲ့မှ ရန်ပုံငွေပေးအပ်ပွဲ အခမ်းအနား ကျင်းပ

ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် သယံဇာတနှင့်သဘာဝပတ်ထိန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၏  ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် သန့်ရှင်း၍ စိမ်းလန်းစိုပြေသော ကျောင်းများ (Clean and Green Schools) အကောင်အထည်ဖော်ဆောင်ရေးအတွက် ကချင်ပြည်နယ် အစိုးရအဖွဲ့မှ ရန်ပုံငွေပေးအပ်ပွဲ အခမ်းအနားပြုလုပ်ကို ယနေ့နံနက် ၉ နာရီက အမှတ် (၁)အခြေခံပညာအထက်တန်းကျောင်းရှိ အောင်တံခွန်ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူး၍ ဒုတိယအကြိမ်မြောက် စုပေါင်းသွေးလှူဒါန်းပွဲကျင်းပ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ခုတင်(၅၀၀)ဆံ့ အထွေထွေရောဂါကုဆေးရုံကြီးရှိ သွေးလှူဘဏ်ခန်းမ၌ ဒီဇင်ဘာ ၁၄ ရက် နံနက် ၉ နာရီက ဒုတိယအကြိမ်မြောက် စုပေါင်းသွေးလှူဒါန်းပွဲ ကျင်းပခဲ့သည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်၏ စားရေရိက္ခာဖူလုံစေရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်သော ပြည်နယ် အဆင့် ကျေးရွာစီမံကိန်းကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များနှင့် လုပ်ငန်းညှိနှိုင်းဆွေးနွေး၊ သျှမ်းနှစ်သစ်ကူးပွဲတော်အား တက်ရောက်အားပေး

ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်၏ စားရေရိက္ခာဖူလုံစေရေး၊ သီးထပ်သီးနှံစိုက် ပျိုးစွမ်းအားတိုးမြှင့်ဆောင်ရွက်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ နိုင်ငံ့စီးပွား မြှင့်တင်ရေး ရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေးဆောင်ရွက်သော လုပ်ငန်းများတွင် ပိုမိုတိုးချဲ့ မတည်ပေးနိုင်ရေး ပြည်နယ်အဆင့်ကျေးရွာစီမံကိန်းကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များနှင့် ယမန်နေ့ မွန်းလွဲ ၂ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်သည်။

ဗန်းမော်မြို့ အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၌ သတင်းတု သတင်းမှားများ ခွဲခြားသိမြင်နိုင်ရေး အသိပညာပေး ဟောပြော

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း (ဗန်းမော်)တွင် ပညာသင်ကြားနေသည့် သင်တန်းသူများအား သတင်းတု သတင်းမှားများ ခွဲခြားသိမြင်နိုင်ရေး အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက ကချင်ပြည်နယ်၊ ဗန်းမော်မြို့ သာစည်ရပ်ကွက်ရှိ အဆိုပါသင်တန်း ကျောင်းခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အင်းတော်ကြီးအိုင်နှင့် ဆက်စပ်ရေဝပ်ဒေသများတွင် နိုဝင်ဘာလအတွင်း ရှားပါးဆောင်းခိုငှက် မျိုးစိတ်များနှင့် ဒေသရင်းရေပျော်ငှက်မျိုးစိတ်များ စုစုပေါင်း (၄၇)မျိုး၊ ကောင်ရေ (၁၉၆၁၇) ကောင် စာရင်းကောက်ယူနိုင်

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ်ရှိ မြန်မာနိုင်ငံတွင် အကြီးဆုံး ကုန်းတွင်းရေချို အိုင်ကြီးဖြစ်သည့် အင်းတော်ကြီးအိုင်နှင့် ဆက်စပ်ရေဝပ်ဒေသများတွင် နိုဝင်ဘာလအတွင်း တွေ့ရှိရသည့် ရှားပါးဆောင်းခိုငှက်မျိုးစိတ်များနှင့် ဒေသရင်း ရေပျော်ငှက်မျိုးစိတ်များ စုစုပေါင်း (၄၇)မျိုး၊ ကောင်ရေ (၁၉၆၁၇)ကောင်ကို စာရင်းကောက်ယူနိုင်ခဲ့ကြောင်း အင်းတော်ကြီးဘေးမဲ့တော အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။

မြစ်ကြီးနားမြို့၌ လူငယ်ဗလငါးတန်ဖွံ့ဖြိုးရေး အသိပညာပေး ဟောပြောပွဲကျင်းပ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းရှိ နိုင်ငံ့ရတနာခန်းမ၌ ဒီဇင်ဘာလ ၈ ရက်နေ့ နံနက် ၉ နာရီက လူငယ်ဗလငါးတန်ဖွံ့ဖြိုးရေး အသိပညာပေး ဟောပြောပွဲကျင်းပရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြစ်ကြီးနားခရိုင်ဦးစီးမှူး ဦးကျော်ထက်က အသိပညာပေးဟောပြောပွဲ ကျင်းပရသည့် ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားသည်။

မိုးကောင်းမြို့ (Community Centre) ခန်းမ၌ လောကဓံဘောလုံးလေး အတွေးရသစာစုစာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ Book Club အသင်းဝင်များနှင့် ကျောင်းသား၊ ကျောင်းသူများ က ဦးဘုန်း(ဓာတု)ရေးသားသည့် လောကဓံဘောလုံးလေးအတွေး ရသစာစုစာအုပ်ဖြင့် ဒီဇင်ဘာလ (၇)ရက်နေ့ နေ့လယ်(၁)နာရီတွင် စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ ကချင်ပြည်နယ်အတွင်း သန့်ရှင်း၍ စိမ်းလန်း စိုပြည်သောကျောင်း (Clean & Green Schools) အကောင်အထည်ဖော်ဆောင်ရေး မြစ်ကြီးနားခရိုင် အတွင်းရှိ ‌အခြေခံပညာကျောင်းများအတွက် ထောက်ပံ့ငွေများချီးမြှင့်ပေးအပ်

ကချင်ပြည်နယ် အစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများအနေဖြင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ ကချင်ပြည်နယ် အတွင်း သန့်ရှင်း၍ စိမ်းလန်းစိုပြည်သော ကျောင်းများ (Clean and Green Schools) ပေါ်ထွန်း လာစေရေး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ယမန်နေ့ နံနက် ၁၀ နာရီက အောင်နန်းရပ်ကွက် အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း၊ နိုင်ငံရတနာခန်းမ၌ မြစ်ကြီးနားခရိုင်အတွင်းရှိ အခြေခံပညာကျောင်းများအတွက် သန့်ရှင်း၍ စိမ်းလန်းစိုပြည်သော ကျောင်းများ အကောင်အထည်ဖော်ဆောင်ရွက် နိုင်ရေးအတွက် ပံ့ပိုးငွေများကို ထောက်ပံ့ပေးအပ်သည်။

မံစီမြို့နယ်၌ စာဖတ်ရှိန်မြင့်တင်ရေးအတွက် နယ်လှည့်ကွင်းဆင်း အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်

ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့နယ် မောရဝတီရပ်ကွက် အခြေခံပညာမူလတန်းကျောင်း၌ ယနေ့နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်မီးသတ်ဉီးစီးဌာနတို့ ပူးပေါင်း၍ နယ်လှည့်ကွင်းဆင်း အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဗန်းမော်မြို့ အ.ထ.က(ခွဲ) အ.လ.က (၃)ကျောင်းတွင် လူငယ်စကားဝိုင်း ဆွေးနွေးပွဲ ကျင်းပ

ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် ဗန်းမော်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး ကျောင်းသား၊ ကျောင်းသူလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးရေးကို ရည်ရွယ်၍ လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ယနေ့နံနက် (၉)နာရီခွဲခန့်က အ.ထ.က(ခွဲ)၊ အ.လ.က(၃) မေတ္တာခန်းမတွင် ကျင်းပကြောင်းသိရသည်။
Subscribe to ကချင်ပြည်နယ်