ကချင်ပြည်နယ်

ရဟန္တာတစ်ထောင်ရှင်ပင်မြတ်စွာ ဆုတောင်းပြည့်စေတီတော် ဒုတိယအကြိမ် လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူ ပူဇော်ပွဲအောင်မြင်ပြီးမြောက်ခြင်း ကုသိုလ်ဒါန အလှူတော်မင်္ဂလာအောင်ပွဲ၊ စိန်ဖူးတော်၊ ငှက်မြတ်နားတော် တင်လှူပူဇော်ပွဲနှင့် ဆွမ်းဆန်တော်လောင်းလှူပူဇော်ပွဲများကို

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် မိုင်းနားကျေးရွာအုပ်စုအတွင်း ဧရာဝတီမြစ်ကမ်းဘေးရှိ ရွှေမိုးတောင်ပေါ်တွင် တည်ထားကိုးကွယ်တော်မူသည့် ရဟန္တာတစ်ထောင်ရှင်ပင်မြတ်စွာ ဆုတောင်းပြည့်စေတီတော်မြတ်ကြီးအား ကချင်ပြည်နယ်အစိုးရအဖွဲ့၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တို့၏ ဦးဆောင်မှုဖြင့်

မြစ်ကြီးနားမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)၌ အခမ်းအနားမှူးသင်တန်းဖွင့်လှစ်

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သော အခမ်းအနားမှူးသင်တန်းကို မြစ်ကြီးနားမြို့ရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ဘက်စုံသုံးခန်းမ၌ ယနေ့နံနက် ၉ နာရီက  စတင်ဖွင့်လှစ်ခဲ့သည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ငွေပျော်စံပြကျေးရွာဖွံ့ဖြိုးတိုးတက်ရေး တန်ဖိုးနည်းအိမ်ရာများ တည်ဆောက်နေမှုအား ကွင်းဆင်းစစ်ဆေး၊ နည်းပညာတက္ကသိုလ်(မြစ်ကြီးနား)၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် Project Show၊ မောင်မယ်သစ်လွင်ကြိုဆိုပွဲတက်ရောက်

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်အတွင်း နယ်မြေအခြေအနေအရ နေရပ်စွန့်ခွာတိမ်းရှောင်လာသော ပြည်သူများအား ၂၀၁၄ ခုနှစ်ကတည်းက ပြန်လည်နေရာချထားပေးခဲ့သည့် ငွေပျော်စံပြ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြန်လည်နေရာချထားရေး လုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးနိုင်ရေးအတွက် တန်ဖိုးနည်းအိမ်ရာစီမံကိန်းများ တိုးချဲ့ဆောင်ရွက်ပေးနေမှုကို ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ဇန်နဝါရီ ၂၅ ရက် မွန်းလွဲ ၁ နာရီက ကွင်းဆင်းစစ်ဆေးခဲ့သည်။

ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်းများကို စံသတ်မှတ်ချက်နှင့်အညီ ထုပ်ပိုးခြင်း၊ ရုပ်ပုံကပ်ခြင်း၊ စာသားများ ပုံနှိပ်ဖော်ပြခြင်းဆိုင်ရာ အမိန့် ပြဌာန်းချက်များနှင့်ပတ်သက်၍ ကချင်ပြည်နယ်အဆင့် အသိပေးရှင်လးင်းပွဲ ကျင်းပ

ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်းများကို စံသတ်မှတ်ချက်များနှင့်အညီ ထုပ်ပိုးခြင်းနှင့် ကျန်းမာရေးသတိပေးရုပ်ပုံများ စာသားများ ပုံနှိပ်ဖော်ပြခြင်းဆိုင်ရာ အမိန့်ပါပြဌာန်းချက်များ၊ လုပ်ငန်းလမ်းညွှန်ချက်များနှင့် ဆန်းစစ်ချက်ပုံစံများအား ပြည်နယ်အဆင့် အသိပေးရှင်းလင်းပွဲကို ဇန်နဝါရီ ၂၆ ရက် နံနက် ၉ နာရီက မြစ်ကြီးနားမြို့၊ ဧရာရပ်ကွက်ရှိ ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူးရုံးရှိ အစည်းအဝေးခန်းမတွင် ကျင်းပသည်။

မြစ်ကြီးနားမြို့ အခြေခံပညာအထက်တန်းကျောင်း (ပလန) ၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ကျင်းပ

ကချင်ပြည်နယ်အတွင်းရှိ ကျောင်းသား/ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုး လာစေရန် ရည်ရွယ်၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲများကို တက္ကသိုလ်၊ ကောလိပ်နှင့် အခြေခံပညာကျောင်းများတွင် ကျင်းပပြုလုပ်ပေးလျက်ရှိရာ ဇန်နဝါရီ ၂၆ ရက် နံနက် ၉ နာရီက မြစ်ကြီးနားမြို့ အခြေခံပညာအထက်တန်းကျောင်း (ပလန) ရှိ အေးမြသီတာခန်းမ၌ ကျင်းပ သည်။

ပူတာအိုမြို့၌ အထက(ပူတာအို)၏၂၀၂၃-၂၀၂၄ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့်ထူးချွန် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

ကချင်ပြည်နယ်၊ပူတာအိုမြို့တွင် အထက(ပူတာအို)ကျောင်း၏၂၀၂၃-၂၀၂၄ပညာသင်နှစ် ပညာရေးစုံ ညီပွဲတော်နှင့်ထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနားကို ဇန်နဝါရီ(၂၆)ရက် နံနက်(၁၀)နာရီက ပူတာအိုမြို့ အခြေခံ ပညာအထက်တန်းကျောင်း ကွင်းပြင်၌ကျင်းပသည်။

(၂၀၂၃-၂၀၂၄)ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ဆုချီးမြှင့်ပွဲ မူလွန်-မိုင်းခွန်းကျောင်း၌ ကျင်းပ

ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ် မူလွန်-မိုင်းခွန်းကျောင်း၌ (၂၀၂၃-၂၀၂၄) ပညာသင်နှစ် ပညာရေးစုံညီပွဲတော်ကို ယနေ့နံနက် (၁၀)နာရီက ကျင်းပပြုလုပ်ရာ (G-6) ကျောင်းသား/သူများက "ကြိုဆိုပါသည်စုံညီပွဲတော်သီချင်း" ဖြင့် တေးသရုပ်ဖော်ကပြ၍ အခမ်းအနားကို စတင်ဖွင့်လှစ်ပေးကြောင်း သိရသည်။

မိုးကောင်းမြို့ အ.မ.က အလယ်ရပ်ကျောင်း၌ ပညာရေးစုံညီပွဲတော်နှင့် ဆုချီးမြှင့်ပွဲကျင်းပ

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် အ.မ.က အလယ်ရပ်ကျောင်း၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ဆုချီးမြှင့်ပွဲကို ယမန်နေ့ နံနက်(၁၀)နာရီတွင် အဆိုပါကျောင်း၌ ကျင်းပခဲ့သည်။

မိုးကောင်းမြို့၌ လူငယ်စကားဝိုင်းကျင်းပ

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာဆီမီး ကိုယ်ပိုင်အထက်တန်းကျောင်းတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယမန်နေ့ နေ့လယ်(၂)နာရီတွင် အဆိုပါကိုယ်ပိုင်အထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဝိုင်းမော်မြို့နယ်အတွင်း မိုးစပါးစိုက်ကွင်းများအတွင်း မိုးစပါးအထွက်တိုးရေးနှင့် သီးထပ်သီးညှပ်များ တိုးချဲ့စိုက်ပျိုးနိုင်ရေးကွင်းဆင်းဆောင်ရွက်

ကချင်ပြည်နယ် အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်း စားရေရိက္ခာဖူလုံရေးနှင့် ဆီစားသုံးမှု ဖူလုံစေရေးအတွက် မိုးစပါးအထွက်တိုးစေရေးနှင့် သီးထပ်စိုက်ပျိုးနိုင်ရေး ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲက ဝိုင်းမော်မြို့နယ်အတွင်းရှိ မိုးစပါးစိုက်ကွင်းများအတွင်း ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့သည်။
Subscribe to ကချင်ပြည်နယ်