ကချင်ပြည်နယ်

ကချင်ပြည်နယ်မနောလိဂ်ကော်မတီမှ ကြီးမှူးဖွင့်လှစ်သည့် ဘောလုံးဒိုင် သင်တန်းဖွင့်ပွဲ ကျင်းပ

ကချင်ပြည်နယ် ကိုယ်စားပြု ဖွဲ့စည်းတည်ထောင်ထားသည့် မနောလိဂ်ဘောလုံး ကော်မတီမှ ကြီးမှူး၍ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် ပူးပေါင်းကာ ဘောလုံးဒိုင်လူကြီး သင်တန်းဖွင့်ပွဲကို ဇန်နဝါရီ ၃၁ ရက် နံနက် ၁၁ နာရီက မြစ်ကြီးနားမြို့ ဧရာရပ်ကွက်ရှိ ပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်းအတွင်း ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် တည်ဆောက်ရေးလုပ်ငန်းများ အချိန်မီပြီးစီးရေးနှင့် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်မှုများကို ကြည့်ရှုစစ်ဆေး

ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်းအတွင်း ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှင့် ပြည်နယ်ရန်ပုံငွေဖြင့် တိုးချဲ့အဆောက်အဦသစ်များ တည်ဆောက်နေမှုများကို ဇန်နဝါရီ ၃၀ ရက် နံနက် ၁၁ နာရီက ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ လုပ်ငန်းများသတ်မှတ်ချိန်အမီပြီးစီးအောင် ဆောင်ရွက်ရေး ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

မိုးမောက်မြို့နယ်၌ မြို့နယ်အဆင့် (၂၀၂၃-၂၀၂၄) ပညာသင်နှစ် ပညာရေးစုံညီပွဲတော်ကျင်းပ

ကချင်ပြည်နယ် မိုးမောက်မြို့နယ်တွင်(၂၀၂၃-၂၀၂၄)ပညာသင်နှစ်အတွက် ပညာရေးစုံညီပွဲတော်ကို ယနေ့ နံနက် ၁၀ နာရီက အ.ထ.က ပညာရတနာခန်းမ၌ ကျင်းပပြုလုပ်ရာ G-11 ကျောင်းသား၊ ကျောင်းသူများက "ကြိုဆိုပါသည် စုံညီပွဲတော်သီချင်း" ဖြင့် တေးသရုပ်ဖော်ကပြ၍ အခမ်းအနားကို စတင်ဖွင့်လှစ်ပေးကြောင်း သိရသည်။

ကချင်ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့တို့ ပူးပေါင်း၍ မြစ်ကြီးနားမြို့၌ သားအိမ်ခေါင်း ကင်ဆာရောဂါနှင့် မျိုးဆက်ပွားကျန်းမာရေးအကြောင်း အသိပညာပေး ဟောပြောပွဲ ကျင်းပ

ကချင်ပြည်နယ် အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေး စောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့တို့ ကြီးမှူး၍ ကျန်းမာရေးဦးစီးဌာနနှင့် ပူးပေါင်း၍ မြစ်ကြီးနားမြို့ရှိ နိုင်ငံ့ဝန်ထမ်း အမျိုးသမီးများအား သားအိမ်ခေါင်း ကင်ဆာရောဂါနှင့် မျိုးဆက်ပွားကျန်းမာရေးအကြောင်း အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက်(၁၀)နာရီက ပြည်နယ်အစိုးရအဖွဲ့ ရုံးဝင်းအတွင်းရှိ ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ ကျင်းပပြုလုပ်သည်။

ကချင်ပြည်နယ်အစိုးရအဖွဲ့က ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွက် ပြည်နယ်အဆင့် သန့်ရှင်း၍ စိမ်းလန်းစိုပြည်သော ကျောင်းဆုချီးမြှင့်နိုင်ရေး ဆုစိစစ်ရွေးချယ်လျက်ရှိ

ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် သန့်ရှင်း၍စိမ်းလန်းစိုပြည်သောကျောင်းများ ပေါ်ထွန်းလာစေရေးအတွက် လုပ်ငန်းများဖော်ဆောင်ရေးဆိုင်ရာ စီမံချက်ရေးဆွဲဆောင်ရွက်ခဲ့ရာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွက် ပြည်နယ်အဆင့်သန့်ရှင်း၍ စိမ်းလန်းစိုပြေသော ကျောင်းဆုရွေးချယ်နိုင်ရေး ဆုရွေးချယ်ရေး လုပ်ငန်းကော်မတီက ဇန်နဝါရီ ၂၉ ရက် မွန်းလွဲ ၂ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်း အဝေးခန်းမ၌ စိစစ်ရွေးချယ်ဆောင်ရွက်ခဲ့ကြသည်။

မြစ်ကြီးနားမြို့တွင် (၇၇) နှစ်‌မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်ပြိုင်ပွဲများကျင်းပ

၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၇) နှစ်‌မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်ပြိုင်ပွဲများကို မြစ်ကြီးနားတက္ကသိုလ် သုတေသနဆောင် (RESEARCH HUB) အပေါ်ထပ်ရှိ ခန်းမ၌ ယနေ့ နံနက် ၁၀ နာရီက ကျင်းပခဲ့သည်။

ဆွမ်ပရာဘွမ်မြို့နယ် အထကကျောင်း၌ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာပြိုင်ပွဲနှင့်လက်ကမ်းစာစောင်များဖြန့်ဝေ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ် အခြေခံပညာအထက်တန်းကျောင်းတွင် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်ကျောင်းအတွင်း စာစီစာကုံး၊ ကဗျာပြိုင်ပွဲများကို ယနေ့နံနက် (၉)နာရီက ကျင်းပခဲ့သည်။

နောင်မွန်းမြို့နယ်၌ အသက်မွေးဝမ်း‌ကျောင်း အထောက်အကူပြု အခြေခံဆိုင်ကယ်ပြုပြင်ခြင်းသင်တန်းဆင်းပွဲကျင်းပ

ပူတာအိုခရိုင် နောင်မွန်းမြို့နယ်တွင် ဆိုင်ကယ်ပြုပြင်ခြင်းလုပ်ငန်းဖြင့် အသက်မွေးဝမ်း‌ကျောင်းပြုပြီး မိသားစုအပိုဝင်ငွေပုံမှန်ရရှိစေရန် ရည်ရွယ်၍ ဖွင့်လှစ်သည့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အ‌ခြေခံဆိုင်ကယ်ပြုပြင်ခြင်း သင်တန်းဆင်းပွဲကို ယမန်နေ့ ညနေ ၃ နာရီတွင် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

မိုးညှင်းမြို့နယ်တွင် ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေ ထူထောင်ရေးလုပ်ငန်းစီမံကိန်း (RBF) လုပ်ငန်းများအား တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေး

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ် နန့်လှိုင်ကျေးရွာတွင် ယခုဘဏ္ဍာရေးနှစ်၌ ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေ ထူထောင်ရေးလုပ်ငန်းစီမံကိန်း (RBF) ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နေမှု အခြေအနေများကို ယနေ့ နံနက် (၁၀)နာရီက တာဝန်ရှိသူများမှ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြ ကြောင်း သိရသည်။

ကချင်ပြည်နယ်အစိုးရအဖွဲ့က ပြည်နယ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဒုတိယနှစ် စက်ဝန်းလည်ပတ်နိုင်ရေး စိုက်ပျိုးရေး၊ မွေးမြူရေး၊ ငါးလုပ်ငန်းနှင့် သမဝါယမအသင်းများအတွက် မတည်ထုတ်ချေးငွေများလွှဲပြောင်းပေးအပ်

ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေး၊ စားရေရိက္ခာဖူလုံရေးတို့အတွက် နိုင်ငံတော်မှ ရင်းနှီးလုပ်ကိုင်ဆောင်ရွက်နိုင်ရန် မတည်ရင်းနှီးပေးခဲ့သည့် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေကျပ် ၈ ဘီလီယံကို ပထမနှစ်စက်ဝန်းဖြင့် စီမံကိန်းလုပ်ငန်းများကို အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့ပြီး ယခုအခါ ဒုတိယနှစ်စက်ဝန်းလည်ပတ်နိုင်ရေး ဇန်နဝါရီ ၂၉ ရက် နံနက် ၉ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ငါးလုပ်ငန်းနှင့် သမဝါယမအသင်းများထံ မတည်ထုတ်ချေးငွေများ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ကျင်းပ ပြုလုပ်ခဲ့သည်။
Subscribe to ကချင်ပြည်နယ်