မိုးကောင်းမြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်ခွင့်အောင်ချက်မြင့်မားရေးအတွက် ဘာသာရပ်အလိုက်ဆွေးနွေးပို့ချ

မိုးကောင်း ဖေဖော်ဝါရီ ၉

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်ခွင့် အောင်ချက်မြင့်မားရေးအတွက် မိုးကောင်းမြို့နယ်ရှိ တက္ကသိုလ်ဝင်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအား အထက(၁) ကျောင်းမဉ္ဇူသကခန်းမ၌ ယနေ့ နံနက်(၉)နာရီတွင် ဘာသာရပ် အလိုက် ဆွေးနွေးပို့ချသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်မြင့်က အဖွင့်အမှာစကား ပြောကြားပြီး မိုးညှင်းတက္ကသိုလ်မှ ပါမောက္ခချုပ်ဆရာမကြီး ဒေါ်မဉ္ဇူမင်းက တက္ကသိုလ်ဝင်အောင်ချက်မြင့်မားရေးနှင့် ပတ်သက်၍ ပြောကြားသည်။

မိုးညှင်းတက္ကသိုလ်မှ ပါမောက္ခချုပ်ဆရာမကြီး ဒေါ်မဉ္ဇူမင်း၊ ဘာသာရပ်အလိုက်ဌာနမှူး ပါမောက္ခနှင့် တွဲဘက်ပါမောက္ခများက နံနက်ပိုင်း (၉)နာရီမှ နေ့လယ်(၁၂)နာရီတွင် မြန်မာစာ၊ အင်္ဂလိပ်စာနှင့် သင်္ချာဘာသာရပ်ကိုလည်းကောင်း၊ နေ့လယ်(၁)နာရီမှစ၍ ဓာတုဗေဒ၊ ရူပဗေဒ၊ သတ္တဗေဒ၊ ပထဝီဝင်နှင့် သမိုင်းဘာသာရပ်များကိုလည်းကောင်း အသီးသီးပို့ချသင်ကြားမည်ဖြစ်ကြောင်း သိရသည်။

သန်းလွင်ဦး(ပြန်/ဆက်)