ဝေးလံခေါင်ဖျားဒေသသတင်းများ

တွန်းဇံမြို့၌ ယာဉ်စည်းကမ်း လမ်းစည်းကမ်းဆိုင်ရာ သိကောင်းစရာခေါင်းစဉ်ဖြင့် Talk Show ကျင်းပ

ချင်းပြည်နယ်၊ တွန်းဇံမြို့၌ ၂၀၂၀ ပြည့်နှစ် ယနေ့နံနက် ၁၀ နာရီအချိန် Community Centre ခန်းမတွင် ယာဉ်စည်းကမ်း လမ်းစည်းကမ်းဆိုင်ရာ သိကောင်းစရာ ခေါင်းစဉ်ဖြင့် Talk Show ကျင်းပသည်။

ချင်းရွှေဟော်မြို့၌ နေရပ်ပြန်ပြည်သူတစ်ဦးတွင် ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိ

ချင်းရွှေဟော်မြို့၊ မြန်မာ-တရုတ်နှစ်နိုင်ငံနယ်စပ်ဂိတ်ပေါက်မှဝင်ရောက်လာသော တရုတ်နိုင်ငံမှ ပြန်လာသည့် မြန်မာနိုင်ငံ သားနေရပ်ပြန်ပြည်သူ(၂၆)ဦးတွင် အသက်(၂၂)နှစ်အရွယ်၊ အမျိုးသား တစ်ဦး ထံမှ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိ ခဲ့ကြောင်း ယနေ့နံနက် (၇)နာရီအချိန်က သိရသည်။

ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP) ဖြင့် ဆောင်ရွက်ရန် ကော်မတီ ရွေးချယ်ဖွဲ့စည်းခြင်းနှင့် ဖွံ့ဖြိုးရေး လုပ်ငန်းများ ရွေးချယ်

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်း(VDP) ဖြင့် ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ကော်မတီရွေးချယ်ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းများရွေးချယ်ခြင်းကို ဒီဇင်ဘာ ၁၃ ရက်နေ့က မယ်ဆည်နမ်ကျေးရွာ ခန်းမဆောင်နှင့် ကျောက်စုကျေးရွာ ခန်းမဆောင် တို့၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဖလမ်းမြို့၊ သူနာပြုသင်တန်းကျောင်း စာသင်ဆောင်နှစ်ထပ်တိုက် ဆောက်လုပ်ခြင်းနှင့် မြေထိန်းနံရံ ဆောင်ရွက်မှု ရာနှုန်းပြည့်ပြီးစီး

ဖလမ်းမြို့ရှိ သူနာပြုသင်တန်းကျောင်း စာသင်ဆောင်နှစ်ထပ်တိုက် ဆောက်လုပ်ခြင်းနှင့် မြေထိန်းနံရံ ဆောင်ရွက်မှုကို ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း အဆိုပါသင်တန်းကျောင်း ကျောင်းအုပ်ကြီးထံမှ သိရသည်။

ထန်တလန်မြို့နယ်၌ လူစီးကားတိမ်းမှောက်မှုကြောင့် (၂) ဦးသေဆုံးကာ (၉) ဦး ဒဏ်ရာရ

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ် ထန်တလန်-ဟားခါးကားလမ်း မိုင်တိုင်အမှတ် (၁၇) မိုင်တိုင်၌ ယနေ့နံနက် ၇ နာရီ ၃၀ မိနစ်က မှန်လုံကားဖြူစိမ်းကြား (ချင်းတောင်တန်းကား) ကားနံပါတ် 3A/4237 တမ်းမှောက်မှုကြောင့် (၂) ဦးသေဆုံးကာ (၉) ဦး ဒဏ်ရာရရှိကြောင်းသိရသည်။

ဟားခါးမြို့နယ် လောက်လုံကျေးရွာ၌ နေအိမ်တစ်လုံးမီးလောင်မှုဖြစ်ပွား

ဟားခါးမြို့နယ် လောက်လုံကျေးရွာတွင် လျှပ်စစ်ထမင်းပေါင်းအိုးတည်ထားခဲ့ရာ မှတဆင့် အပူလွန်ကဲပြီး ယမန်နေ့ ညနေ ၅ နာရီအချိန်က (၂၀×၁၄)ပေ၊ သွပ်မိုး၊ သွပ်ကာ၊ ပျဉ်ခင်း လူနေအိမ်တစ်လုံး မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်တွင် ဒေသခံတောင်သူများ မြေအောက်ရေဖြင့် ပန်းမုံလာ သီးနှံ စမ်းသပ်စိုက်ပျိုးလုပ်ကိုင်

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ် သရက်အုပ်ကျေးရွာအုပ်စုအတွင်းရှိ ဒေသခံတောင်သူ များသည် မြေအောက်ရေကို စနစ်တကျ သုံးစွဲ၍ ပန်းမုံလာသီးနှံစိုက်ပျိုးရေးလုပ်ငန်းအား စမ်းသပ် စိုက်ပျိုး လုပ်ကိုင်ကြရာ စိုက်ပျိုးရေအဆင်ပြေ မှုကြောင့် အောင်မြင်ဖြစ်ထွန်းမှုရှိပြီး ဈေးကောင်းရရှိရန် မျှော်လင့်နေကြကြောင်း ပွင့်ဖြူမြို့နယ် ညောင်ကုန်းကျေးရွာမှ ဒေသခံ တောင်သူ များ ထံက သိရသည်။

တနိုင်းမြို့နယ်၌ Mask Campaign နှင့် ကိုဗစ်ရောဂါကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်၌ မြို့နယ်ဆရာဝန်ကြီး ဦးဆောင်၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး နည်းလမ်းများနှင့် ဆောင်ရန်၊ ရှောင်ရန်အချက်များအား ပိုမိုသိရှိစေရန် ရည်ရွယ်၍ Mask Campaign နှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အရှိန်အဟုန်မြှင့် ဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက် ၈ နာရီက စည်ပင်သာယာဈေးနှင့် ယာယီပျံကျဈေးတို့တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ချင်းပြည်နယ်အစိုးရအဖွဲ့၊ တီးတိန်မြို့နယ်တာဝန်ခံ၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် သတ္တုဝန်ကြီး ဦးမန်ဟင်းဒါလ်း တီးတိန်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး၊ အဆောက်အဦသစ်ဖွင့်ပွဲသို့ တက်ရောက်ဖွင့်လှစ်

ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ တီးတိန်မြိုနယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး၊ အဆောက်အဦ သစ်ဖွင့်ပွဲကို ယမန်နေ့ နံနက် ၉ နာရီအချိန်က အဆိုပါရုံး၌ ပြုလုပ်ရာ ချင်းပြည်နယ်အစိုးရအဖွဲ့၊ တီးတိန်မြို့နယ် တာဝန်ခံ၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် သတ္တုဝန်ကြီး ဦးမန်ဟင်းဒါလ်း တက်ရောက်ပြီး ရုံးအဆောက်အဦသစ်အား ဖွင့်လှစ် ပေးခဲ့ကြောင်း သိရသည်။

ချင်းပြည်နယ်အစိုးရအဖွဲ့၊ တီးတိန်မြို့နယ်တာဝန်ခံ၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် သတ္တုဝန်ကြီး ဦးမန်ဟင်းဒါလ်း၊ တီးတိန်မြို့၊ ဘွာလ်းဇန်အားကစားခန်းမ တည်ဆောက်ပြီးစီးမှု ကြည့်ရှုစစ်ဆေး

ချင်းပြည်နယ်အစိုးရအဖွဲ့၊ တီးတိန်မြို့နယ်တာဝန်ခံ၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် သတ္တုဝန်ကြီး ဦးမန်ဟင်းဒါလ်း၊ ချင်းပြည်နယ်အုပ်ချုပ်ရေးမှူး ဦးတိုးဝင်းနှင့် ဖလမ်းခရိုင်အုပ်ချုပ်ရေးမှူး ဦးစောထွန်းဝင်းတို့သည် တီးတိန်မြို့၊ လွယ်ဘွာလ်း ရပ်ကွက်တွင် တည်ဆောက်သည့် ဘွာလ်းဇန်အားက စားခန်းမ တည်ဆောက်ပြီးစီးမှုကို ယမန်နေ့က ကြည့်ရှုစစ်ဆေး ခဲ့ကြကြောင်း သိရသည်။
Subscribe to ဝေးလံခေါင်ဖျားဒေသသတင်းများ