ဝမ်အောင်း-ချိကွဲ့-စောင်းလော့ လမ်းပေါ်ရှိ ပွန်ချောင်းတံတား(ဖားဆောင်း)တည်ဆောက်နေမှုအား တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှု
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်တွင် ဝမ်အောင်း-ချိကွဲ့-စောင်းလော့ လမ်းပေါ်ရှိပွန်ချောင်းတံတား(ဖားဆောင်း)တည်ဆောက်နေမှုအား ယမန်နေ့ ညနေ(၅)နာရီအချိန်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းထွေးသူ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းသာစိန်၊ မြို့နယ်တည်ဆောက်ရေးလုပ်ငန်းများ စိစစ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြတ်မိုးနှင့်ကော်မတီဝင်များ၊ တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုခဲ့ကြကြောင်း သိရသည်။