ဆဒုံးမြို့ စစ်ရှောင်စခန်းအိမ်ရာသွားလမ်း ကျောက်ချောခင်းခြင်းနှင့် မြေထိန်းနံရံကျောက်စီလုပ်ငန်း ပြီးစီးမှုအား ကွင်းဆင်းစစ်ဆေး
ကချင်ပြည်နယ်၊ ဆဒုံးမြို့ စစ်ရှောင်စခန်းအိမ်ရာ သွားလမ်းကျောက်ချောခင်းခြင်းနှင့် မြေထိန်းနံရံ ကျောက်စီလုပ်ငန်း ပြီးစီးမှုအား ယမန်နေ့နံနက် ၁၀ နာရီချိန်တွင် ဆဒုံးမြို့ စစ်ရှောင်စခန်းနေရာ၌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဇယ်ဂျုံး၊ အမျိုးသားလွှတ်တော် ဦးဇယ်ခေါင်၊ ဝိုင်းမော်မြို့ အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်း၊ ဝိုင်းမော်မြို့ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဆဒုံးမြို့အုပ်ချုပ်ရေးမှူး ဦးအေးမင်းထွန်းနှင့် ဌာနဆိုင်ရာတာဝန်ရှိ သူများက လုပ်ငန်းပြီးစီးမှု အခြေအနေကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။