ရွှေကူမြို့နယ်အတွင်းရှိ Facility Quarantine Centre များမှ ပြည်သူများ စိတ်ဖိစီးမှုများ လျော့ချနိုင်စေရန်အတွက် Myanmar Fitness Dance ဖြင့် ကပြခြင်းများဆောင်ရွက်
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် ရွှေကူမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ရွှေကူမြို့နယ်လုံးဆိုင်ရာ နာရေးကူညီမှု အသင်းတို့ ပူးပေါင်း၍ ယနေ့ နံနက် ၉ နာရီခန့်တွင် ရွှေကူမြို့နယ်အတွင်းရှိ Facility Quarantine Centre များ၌ သွားရောက်၍ Myanmar Fitness Dance ဖြင့် ကပြခြင်းများ ပြုလုပ်ခဲ့သည်။