တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုကြမည့် ကျောင်းသား/ကျောင်းသူများ ယာဉ်အန္တရာယ်ကင်းရှင်းရေး ဆောင်ရွက်
၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၁၁ ရက်နေ့မှစ၍ မြန်မာ တစ်နိုင်ငံ လုံးတွင် ဖြေဆိုလျက်ရှိရာ ဂန့်ဂေါမြို့နယ်တွင် စာဖြေဌာန(၁၃)ခုရှိပြီး မတ် ၁၃ ရက်တွင် (တတိယ)နေ့ သင်္ချာဘာသာရပ်တွင် ဝင်ရောက်ဖြေဆိုကြမည့် ကျောင်းသား/ ကျောင်းသူများ ယာဉ်အန္တရာယ် လမ်းအန္တရာယ် ကင်းရှင်းစေရန်အတွက် တာဝန်ရှိသူများ ဂရုစိုက်ကြပ်မတ်လျက်ရှိသည်။