ဝေးလံခေါင်ဖျားဒေသသတင်းများ

ကွမ်းခြံကုန်းမြို့နယ်တွင် နွေရာသီကျောင်းပိတ်ရက် အားကစားနည်း (၅) မျိုး သင်တန်းဖွင့်လှစ်

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင် ကွမ်းခြံကုန်းမြို့နယ်တွင် နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း အားကစားကို စိတ်ပါဝင်စားသူ လူငယ်များအတွက် အခြေခံအားကစားနည်းသင်တန်း (၅) မျိုးကို မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ အောင်ဆန်းသူရိယလှသောင်းအားကစားခန်းမတွင် ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။

ပေါက်မြို့နယ်တွင် တက္ကသိုလ်ဝင် စာ​မေးပွဲဖြေဆိုကြမည့်​ ကျောင်းသား​၊ ကျောင်းသူများ ယာဉ်အန္တရာယ်ကင်းရှင်းရေး​ဆောင်ရွက်

၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင် စာ​မေးပွဲကို မြန်မာနိုင်ငံတဝန်းရှိ စာ​ဖြေဌာန အသီးသီးတွင် တပြိုင်တည်း ကျင်းပလျက်ရှိရာ မ​ကွေးတိုင်း​ဒေသကြီး ပေါက်မြို့နယ်တွင် စာ​ဖြေဌာန(၁၀)ခုရှိပြီး အဆိုပါစာ​ဖြေဌာနများတွင် တက္ကသိုလ်ဝင်စာမေးပွဲ မတ် ၁၂ ရက် (ဒုတိယ​​)​နေ့ အင်္ဂလိပ်စာဘာသာရပ်တွင် ဝင်​ရောက်​ဖြေဆိုကြမည့် ကျောင်းသား​၊ ကျောင်းသူများ ယာဉ်အန္တရာယ် လမ်းအန္တရာယ်နှင့် ပတ်သက်၍ စိတ်အ​နှောင့်အယှက် မရှိ​စေ​ရေး​၊​ အေးချမ်းပျော်ရွှင်စွာ ဖြေဆိုနိုင်ရန် အထူးဆောင်ရွက်လျက်ရှိ​ကြောင်း သိရသည်။

မြန်မာနိုင်ငံလူငယ်ရေးရာမူဝါဒ ထပ်ဆင့်ရှင်းလင်းခြင်းနှင့် မြို့နယ်လူငယ်ရေးရာကော်မတီ ဖွဲ့စည်းခြင်း အခမ်းအနားကျင်းပြုလုပ်

ပဲခူးတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီမှ ကြီးမှူးကျင်းပသော မြန်မာနိုင်ငံ လူငယ်ရေးရာမူဝါဒ ထပ်ဆင့်ရှင်းလင်းခြင်းနှင့် မြို့နယ်လူငယ်ရေးရာကော်မတီဖွဲ့စည်းခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ပေါက်ခေါင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

ရွှေတောင်မြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်ကွင်းဆင်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ရွှေတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများသည် ယမန်နေ့ နံနက်ပိုင်းက ကံသုံးဆင့်(အ-ထ-က)၊ ကံသုံးဆင့်(အ-မ-က) မြောက်ကျောင်းနှင့် ထန်းကုန်း(အ-မ-က) ကျောင်းတို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်ကွင်းဆင်း ခဲ့ကြကြောင်း သိရသည်။

အင်းစိန်မြို့နယ်၊ အမြင်သစ်စာကြည့်တိုက်တွင် နွေရာသီသင်တန်းများဖွင့်လှစ်

အမြင်သစ် စာကြည့်တိုက် (အင်းစိန်)သည် နွေရာသီ(အခမဲ့) ကွန်ပျူတာသင်တန်း၊ ပန်းချီ အခြေခံသင်တန်းများ ဖွင့်ပွဲကို ယနေ့ နံနက်(၈)နာရီအချိန်က အဆိုပါစာကြည့်တိုက်တွင် ကျင်းပခဲ့သည်။

အင်းစိန်မြို့နယ်၊ အမြင်သစ်စာကြည့်တိုက်တွင် နွေရာသီသင်တန်းများဖွင့်လှစ်

အမြင်သစ် စာကြည့်တိုက် (အင်းစိန်)သည် နွေရာသီ(အခမဲ့) ကွန်ပျူတာသင်တန်း၊ ပန်းချီ အခြေခံသင်တန်းများ ဖွင့်ပွဲကို ယနေ့ နံနက်(၈)နာရီအချိန်က အဆိုပါစာကြည့်တိုက်တွင် ကျင်းပခဲ့သည်။

လပွတ္တာမြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှမီးဘေးသင့်ပြည်သူများအားထောက်ပံ့ပစ္စည်းများပေးအပ်

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်၊ အမှတ်(၇)ရပ်ကွက်၊ သိကြားဘုရားကုန်းတွင် မတ်လ(၇)နေ့ ညပိုင်းကဖြစ်ပွားခဲ့သော မီးလောင်ကျွမ်းမှုနှင့် သင်္ဃန်းကြီးကျေးရွာအုပ်စု ကံကွင်းကျေးရွာတွင် မတ်လ(၈)ရက်နေ့ နေ့လည်ပိုင်းက ဖြစ်ပွားခဲ့သော မီးလောင်ကျွမ်းမှုတို့ကြောင့် မီးဘေးသင့်ခဲ့ သည့် အိမ်ထောင်စု (၃)စုအတွက် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှ ထောက်ပံ့ပစ္စည်းများပေးအပ်ပွဲကို ယမန်နေ့မွန်းလွဲ(၂)နာရီအချိန်က လပွတ္တာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။

ချောင်းဦးမြို့နယ် ရွှေဒါးကျကျေးရွာ၌ နေကြာမျိုးအထွက် ယှဉ်ပြိုင်စမ်းသပ်ကွက် ကွင်းသရုပ်ပြပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် ချောင်းဦးမြို့နယ် ရွှေးဒါးကျကျေးရွာရှိ တောင်သူ ဦး‌သောင်းညွှန့်၏ ကွင်းအမှတ် ၁၉၂၆ ဦးပိုင် ၅၆၇တွင် DOA နှင့် DAR တို့ ပူးပေါင်းဆောင်ရွက်သည့် အလားအလာကောင်း နေကြာမျိုးများဖြစ်သော ရေဆင်းစပ်မျိုး ၁၊‌ ရေဆင်းစပ်မျိုး ၂၊ ဆင်းရွှေကြာ ၂၊ နေကြာမျိုး အထွက်ယှဉ်ပြိုင်စမ်းသပ်ကွက်ကို ယနေ့ နံနက် ၉ နာရီအချိန်က ကွင်းသရုပ်ပြသခဲ့‌ကြောင်းသိရသည်။

ရွှေဘိုမြို့တွင် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံစက်ချုပ်သင်တန်းဖွင့်

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံစက်ချုပ်သင်တန်းကို ယနေ့ နံနက် ၁၀နာရီက ခရိုင်‌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည်။

ပွင့်ဖြူမြို့နယ် ကျောင်းတော်ရာကျေးရွာ ကျောင်းကြီးကျောင်းတိုက်မှ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်မြတ် ရရှိခဲ့သည့် ဆရာတော်ကြီးအား ထပ်ဆင့်ဂုဏ်ပြုပူဇော်ပွဲ ကျင်းပပြုလုပ်

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ် ကျောင်းတော်ရာကျေးရွာအုပ်စု၊ ကျောင်းကြီးကျောင်းတိုက်မှ ပဓာနနာယက ဆရာတော် ဘဒ္ဒန္တ ဓမ္မာစာရ (သာသနဓဇ အစိုးရဓမ္မာစရိယ) အား ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်အစိုးရမှ ချီးမြှင့်ဆက်ကပ်လှူဒါန်းသော အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်မြတ် ရရှိခဲ့မှုအပေါ် ထပ်ဆင့်ဂုဏ်ပြု ပူဇော်ခြင်း အခမ်းအနားကို ယနေ့မွန်းလွဲ ၂ နာရီက အဆိုပါ ကျောင်းတော်ရာကျေးရွာရှိ ကျောင်းကြီးကျောင်းတိုက် ဘုန်းတော်ကြီးကျောင်း၌ ကျင်းပသည်။
Subscribe to ဝေးလံခေါင်ဖျားဒေသသတင်းများ