ဝေးလံခေါင်ဖျားဒေသသတင်းများ

ပခုက္ကူမြို့နယ် အနောက်နံဂါတ်ကျေးရွာ၊ ဘုန်းတော်ကြီးကျောင်း၌ မျက်စိဝေဒနာရှင်များအား အခမဲ့စမ်းသပ် ခွဲစိတ်ကုသပေးလျက်ရှိ

ပခုက္ကူမြို့နယ် အနောက်နံဂါတ်ကျေးရွာ၊ ဘုန်းတော်ကြီးကျောင်း၌ မျက်စိဝေဒနာရှင်များအား မတ်လ ၁၀ ရက်နေ့မှစတင်၍ အခမဲ့စမ်းသပ်ခွဲစိတ်ကုသပေးလျက်ရှိကြောင်း သိရသည်။

မိတ္ထီလာမြို့နယ် ပြည်သူ့ဝန်ဆောင်မှု (OSS) ရုံးအား လေ့လာတွေ့ရှိမှုများ ပြန်လည်မျှဝေ တင်ပြခြင်း အလုပ်ရုံဆွေးနွေးပွဲကျင်းပ

မိတ္ထီလာမြို့နယ် ပြည်သူ့ဝန်ဆောင်မှု (OSS) ရုံး၏ ဝန်ဆောင်မှုလုပ်ငန်းများအပေါ် ပြည်သူ့ အမှတ်ပေးကတ်ဖြင့် လေ့လာတွေ့ရှိမှုများ ပြန်လည်မျှဝေတင်ပြခြင်း အလုပ်ရုံဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ ၂ နာရီအချိန်က ပေါက်ချောင်းရပ်ကွက် ဟိုတယ်ထီလာခန်းမတွင် ကျင်းပ ကြောင်းသိရသည်။

ကျောက်ဆည်မြို့တွင် ကိုရိုနာဗိုင်းရပ်ရောဂါ ကြိုတင်ကာကွယ်ရေး ပညာပေး ဟောပြောဆွေးနွေးပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၊ ရွှေမုဌောဘုရားဓမ္မာရုံတွင် ယမန်နေ့ညနေ (၂) နာရီက မြို့နယ် ကော်မတီဥက္ကဋ္ဌ ဦးကျော်လွင်နှင့် တာဝန်ရှိသူများသည် ဈေးတန်းရပ်ကွက်နှင့် ကံဦးရပ်ကွက်များရှိ အမျိုသမီးထုနှင့် တွေ့ဆုံပြီး ကိုရိုနာဗိုင်းရပ်ရောဂါ ကာကွယ်နှိမ်နှင်းရေး အသိပညာပေး ဟောပြောဆွေးနွေး ပြုလုပ်ခဲ့ရာ အမျိုးသမီးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်လွင်က မြို့နယ်အမျိုးသမီး ကော်မတီမှ လုပ်ဆောင်လျက်ရှိသော လူထုအကျိုးပြုလုပ်ငန်းများအကြောင်း ရှင်းလင်းပြောကြားသည်။

မန္တလေးမြို့တွင် တိုင်းဒေသကြီး၊ ခရိုင်အဆင့်ဌာနဆိုင်ရာ အရာရှိများနှင့် တရားဥပဒေစိုးမိုးရေး အလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပ

တိုင်းဒေသကြီး၊ ခရိုင်အဆင့်ဌာနဆိုင်ရာ အရာရှိများနှင့် တရားဥပဒေစိုးမိုးရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီက မန္တလေးမြို့၊ ၆၄ လမ်း၊ ၂၇ လမ်းနှင့် ၂၈ လမ်းကြားရှိ တရားဥပဒေ စိုးမိုးရေးစင်တာတွင် ကျင်းပပြုလုပ်သည်။

ကျေးလက်နေပြည်သူများ သန့်ရှင်းသော သောက်သုံးရေရရှိစေရေး ရေသန့်စင်စနစ်ကို ထန်းတပင်မြို့နယ်တွင် အကောင်အထည်ဖော် ဆောင်ရွက်

ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်၌ နွေရာသီသောက်သုံးရေပြတ်လပ်မှုများ မဖြစ် ပေါ်စေရေးနှင့် ကျေးလက်နေပြည်သူများ သန့်ရှင်းသော သောက်သုံးရေများ ရရှိစေရေးတို့အတွက် မြို့နယ်အတွင်းရှိ ကျေးရွာများတွင် ရေသန့်စင်စနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်ပေးနေကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မှ သိရသည်။

မြိုင်မြို့တွင် အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ် (၁) သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပ

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ မြိုင်မြို့အမျိုးသမီးအိမ်တွင်းမှုသက်မွေး လုပ်ငန်းပညာ သင်တန်းကျောင်းအမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်း ကျောင်း၌ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ်(၁) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ နံနက် ၈ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ချောင်းဦးမြို့တွင် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများအား ကျေးရွာအရောက် ကွင်းဆင်း ဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်တွင် ရွေ့လျားဝန်ဆောင်မှုလုပ်ငန်း (Mobile Service Delivery) ကို ယမန်နေ့ နေ့လယ် (၁) နာရီအချိန်က ဘူတာကျေးရွာ SMU ဘက်စုံသုံးခန်းမ၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဝမ်းတွင်းမြို့နယ်အတွင်းရှိကျေးရွာများသောက်သုံးရေလိုအပ်ကအကူညီတောင်းခံနိုင်

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်အတွင်းရှိ ကျေးရွာများအနေဖြင့် သောက်သုံးရေ ရှား ပါးပြတ်လပ်မှုများ ကြုံတွေ့လာပါက မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသို့ ဆက်သွယ်၍ အကူအညီများ တောင်းခံနိုင်ပါကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ရီရီဦး ထံမှ သိရသည်။

ဆားလင်းကြီးမြို့တွင် အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ် (၁) သင်တန်းဆင်းပွဲကျင်းပ

နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့်လေ့ကျင့်ရေး ဦးစီးဌာန အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း (ဆားလင်းကြီး) အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ် သင်တန်းအမှတ်စဉ် (၁) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် (၈) နာရီက အဆိုပါ သင်တန်းကျောင်း အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ကျွန်းလှမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ သင်္ချာဘာသာ(၂၁၈၆)ဦး ဖြေဆို

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ သင်္ချာဘာသာနေ့တွင် (၂၁၈၆) ဦး ဖြေဆိုကြောင်း သိရသည်။
Subscribe to ဝေးလံခေါင်ဖျားဒေသသတင်းများ