ဝေးလံခေါင်ဖျားဒေသသတင်းများ

မြောက်ဥက္ကလာပ မြို့နယ်တွင် (COVID-19) ကြိုတင် ကာကွယ်ရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် (COVID-19) ကြိုတင်ကာကွယ်ရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၉ နာရီခွဲ အချိန်က မြောက်ဥက္ကလာပ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပခဲ့ သည်။

အမှတ်(၁​) ပေါက်တံတား​ပေါ်မှ (၆)ဘီးယာဉ်တစ်စီး​ ယော​ချောင်းအတွင်း ပြုတ်ကျ၊ ၃ ဦး​သေဆုံး

မ​ကွေးတိုင်း​ဒေသကြီး ​ပေါက်မြို့နယ်၌ ယမန်နေ့ ည ၁၀ နာရီ ၅၅ မိနစ်အချိန်ခန့်က ပခုက္ကူဘက်မှ ပေါက်ဘက်သို့ ယာဉ်မောင်း ဦး--- ​မောင်းနှင်လာ​သော အစိမ်းရောင် ၆ ဘီးယာဉ်တစ်စီးသည် အမှတ် ၁​ပေါက်တံတား​​ပေါ်တွင် အရှိန်​မထိန်းနိုင်ပဲ တံတားယာဘက်ခြမ်းရှိ လက်ရန်းတိုင်များ ဝင်တိုက်ကာ

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက COVID-19 အသိပညာပေး လက်ကမ်းစာစောင်များနှင့် လက်သန့်ဆေးရည်ဗူးများ လှူဒါန်း

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက COVID-19 အသိပညာရေးလက်ကမ်းစာစောင် ၈၀၀၀ နှင့် လက်သန့်ဆေးရည် ငါးလီတာဆန့် ၁၆ ဗူး လှူဒါန်းခြင်းကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ တက္ကသိုလ်ရိပ်သာလမ်း၊ အမှတ်(၆၀)ရှိ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းရုံး၌ ပြုလုပ်သည်။

COVID-19 ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ပြည်သူများလိုက်နာရမည့် အချက်အလက်များအား အသိပညာပေး

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနရုံးမှ ဝန်ထမ်းများက COVID-19 ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ပြည်သူများ လိုက်နာရမည့် အချက်အလက်များအား မော်တော်ယာဉ်ဖြင့် လိုက်လံ အသိပညာပေးခြင်းကို ယနေ့နံနက် ၁၀နာရီမှ စတင်ကာ ငပုတောမြို့ပေါ်ရှိ ရပ်ကွက်များသို့ လိုက်လံဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ်၌ မီးဘေးသင့်အိမ်ထောင်စုများအတွက် ထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေးပစ္စည်းများ ပေးအပ်

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ် သရက်အုပ်ကျေးရွာအုပ်စု ၊ မင်းတဲကုန်းကျေးရွာနှင့် သရက်တော ကျေးရွာအုပ်စု ၊ မင်းဇံကျေးရွာတို့မှ မီဘေးသင့်အိမ်ထောင်စုများအတွက် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ ထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက် ၁၁ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး ဗိုလ်ဥတ္တမခန်းမ၌ ကျင်းပသည်။

ဆောမြို့နယ် ကြိမ်ချောင်းကျေးရွာတွင် သောက်သုံးရေ အခက်အခဲဖြစ်နေ၍ ရေသယ်ယာဉ် တစ်စီးဖြင့် ရေဂါလန် ၁၆၀၀ သွားရောက်လှူဒါန်း

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်၊ ကျင်းလိန်ကျေးရွာအုပ်စု ကြိမ်ချောင်းကျေးရွာတွင် ကျေးရွာနေပြည်သူများ သောက်သုံးရေ အခက်အခဲဖြစ်နေကြောင်း သိရ၍ သောက်သုံးရေ ဖူလုံစွာ သုံးစွဲနိုင်ရေးအတွက်

ပွင့်ဖြူမြို့နယ်အတွင်း COVID – 19 ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရေး နှာခေါင်းစည်း (Mask) ၁၅၀၀ ထောက်ပံ့ပေးအပ်

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်အတွင်း COVID – 19 ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ နှာခေါင်းစည်း (Mask) အခုရေ ၁၅၀၀ ထောက်ပံ့ ပေးအပ်ခြင်းကို ယနေ့မွန်းတည့် ၁၂ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး ဗိုလ်ဥတ္တမခန်းမ၌ ကျင်းပသည်။

COVID -19 ရောဂါကာကွယ်ရေးအတွက် အလှူငွေနှင့် ပစ္စည်းများ လှူဒါန်း

လပွတ္တာ မတ် ၃၁

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်တွင် မြို့တွင်း ကိုရိုနာဗိုင်းရပ်စ် ရောဂါကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် အလှူငွေနှင့် ပစ္စည်းများ ပေးအပ် လှူဒါန်းပွဲကို ယမန်နေ့ညနေ ၄ နာရီက ရွေးနဒီ ခန်းမ၌ကျင်းပသည်။

COVID-19 ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် စစ်ကိုင်းမြို့ စက်မှုဇုံ လုပ်ငန်းရှင်များက ပထမအကြိမ် အလှူငွေများ လှူဒါန်း

COVI-19 ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် စစ်ကိုင်းမြို့ စက်မှုဇုံလုပ်ငန်းရှင်များက ပထမအကြိမ် အလှူငွေပေးအပ်ပွဲကို ယနေ့နံနက် ၁၀နာရီက စစ်ကိုင်းခရိုင် စီမံခန့်ခွဲမှု ကော်မတီရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကာကွယ်တားဆီးနိုင်ရေး ဇီးကုန်းမြို့နယ်တွင် အရှိန်အဟုန်တိုးမြှင့် ဆောင်ရွက်လျက်ရှိ

ကမ္ဘာ့နိုင်ငံအသီးသီးတွင် ကူးစက်ပြန့်ပွားလျက်ရှိသော အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ Coronavirus Disease 2019 (COVID-19)နှင့်ပတ်သက်၍ မြန်မာနိုင်ငံအတွင်း ကူးစက်ပြန့်ပွားမှု ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် နိုင်ငံတစ်ဝှမ်းအရှိန်အဟုန်တိုးမြှင့်ဆောင်ရွက်လျက်ရှိသည်။
Subscribe to ဝေးလံခေါင်ဖျားဒေသသတင်းများ