ဝေးလံခေါင်ဖျားဒေသသတင်းများ

Covid-19 ကာကွယ်ရေးအတွက် မြိတ်မြို့သို့ ရောက်ရှိလာသော နိုင်ငံခြားသား(၄)ဦးနှင့် နေရပ် ပြန် (၂၄)ဦးအား ကျန်းမာရေး စစ်ဆေးပြီး Facility Quaratine ဖြင့် စောင့်ကြပ်ကြည့်ရှု

Covid - 19 ရောဂါ ကာကွယ်ရေးအတွက် မြိတ်မြို့သို့ မတ်လ(၃၀)ရက် နေလယ်ပိုင်းတွင် ရောက်ရှိလာသော နိုင်ငံခြားသား(၄)ဦးနှင့် သင်္ဘောနှင့် မော်တော်ကားဖြင့် နံနက်ပိုင်းတွင် ပြန်လည်ရောက်ရှိလာသော နေရပ်ပြန်(၁၇)ဦးနှင့် နေ့လယ်ပိုင်းတွင်ရောက်ရှိလာသော နေရပ်ပြန် (၇)ဦး တို့အား ကျန်းမာရေး စစ်ဆေးပေးပြီး အေးရိပ်ချောင်မဟာစည်ရိပ်သာ ဘုန်းတော်ကြီး ကျောင်းတွင် Facility Quaratine ဖြင့် (၁၄)ရက် စောင့်ကြပ်ကြည့်ရှုလျက် ရှိကြောင်း သိရသည်။

ပြည်ကြီးတံခွန်မြို့နယ်တွင် COVID-19 ကူးစက်ရောဂါကာကွယ်ရေး ရပ်ကွက်အလိုက် ပိုးသတ်ဆေးဖြန်းလျက်ရှိ

မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ ပြည်ကြီးတံခွန်မြို့နယ်တွင် COVID-19 ကူးစက်ရောဂါ ကာကွယ်ရေးရပ်ကွက်အလိုက် ပိုးသတ်ဆေးဖြန်းလျက်ရှိကြောင်း ပြည်ကြီးတံခွန်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးလရော်က ပြောကြားသည်။

ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရန် (Community Quarantine) ထားရှိရေး ညှိနှိုင်းအစည်းအဝေးကျင်းပ

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန်(Community Quarantine) ထားရှိရေး ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ ညနေ ၃ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပကြောင်း သိရသည်။

ကျောက်ပန်းတောင်းမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် ငွေထုတ်လာရောက်သူများအား ကိုယ်အပူချိန်တိုင်းတာ စစ်ဆေးခြင်းနှင့် ပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေခြင်းများဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် လစာငွေ လာရောက်ထုတ်ယူ ကြသည့် နိုင်ငံဝန်ထမ်းများနှင့် သီးခြားငွေသွင်း/ငွေထုတ်လာရောက်သူများအား၊ မြို့နယ်လုပ်ငန်းကော်မတီမှ လူငယ်များနှင့် ကျန်းမာရေးဌာနဝန်ထမ်းများက ကိုယ်အပူချိန် တိုင်းတာစစ်ဆေးခြင်းနှင့် ပညာပေးလက်ကမ်း စာစောင်ဖြန့်ဝေခြင်းများကို ယနေ့ နံနက်(၉)နာရီမှ စတင်ဆောင်ရွက်ခဲ့ကြသည်။

ဖြူးမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နှင့်အဖွဲ့ကျေးရွာများရှိ ကျန်းမားရေးစောင့် ရှောက်ရေးစင်တာများသို့ ကွင်းဆင်းစစ်ဆေး

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့၌ ကိုရိုနာဗိုင်းရပ်စ် ရောဂါကြိုတင် ကာကွယ်ရေး လုပ်ငန်းများကို မြို့ဌာနဆိုင်ရာများ၊ NGO အဖွဲ့အစည်းများနှင့် ဒေသခံ ပြည်သူလူထု ပူးပေါင်း၍ ရောဂါ ကြိုတင် ကာကွယ်ရေးမြို့နယ်အဆင့် ကော်မတီတစ်ရပ် ဖွဲ့စည်းလျက် အရှိန်အဟုန်မြှင့် ဆက်လက် ဆောင်ရွက်လျက်ရှိပါသည်။

သန်လျင်၌ COVID- 19 ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းများအတွက် အလှူငွေ ပေးအပ်

ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်တွင် ကိုရိုနာဗိုင်းရပ်စ် ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီနှင့် အထောက်အကူပြုကော်မတီဖွဲ့စည်းခြင်း၊ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုကာကွယ်ရေး၊ ထိန်းချုပ်ကုသရေးလုပ်ငန်းများအတွက် အလှူငွေပေးအပ်ပွဲ အခမ်းအနား ကို ယမန်နေ့ မွန်းလွဲ ၃ နာရီက သန်လျင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်း အဝေးခန်းမ၌ ကျင်းပသည်။

သရက်မြို့တွင်ကိုရိုနာဗိုင်းရပ်စ်ကြိုတင်ကာကွယ်နိုင်ရေး ပိုးသတ်ဆေးဖြန်းခြင်းဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ သရက်မြို့တွင်ကိုရိုနာ ဗိုင်းရပ်စ်ကူးစက်ပြန့်ပွားမှုမရှိ‌စေရန်ကြိုတင် ကာကွယ်နိုင်ရေး အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းတွင်ပြည်ပမှနေ ရပ်ပြန်များသီးခြားထားရှိသည့် အထက(၁)ရှိ စိန်ရတုခန်းမနှင့် ကျောင်းဝင်းအတွင်းပိုးသတ် ဆေးဖျန်းခြင်းလုပ်ငန်းဆောင်ရွက်ခဲ့သည်။

ဆောမြို့၌ ကိုရိုနာဗိုင်းရပ်(စ်) ရောဂါ COVID- 19 ကူးစက်ပြန့်ပွားမှုကို ကြိုတင်ကာကွယ်နိုင်ရေး ပိုးသတ်ဆေးဖြန်းခြင်း ဆောင်ရွက်

ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်တွင် ကိုရိုနာဗိုင်းရပ်(စ်)ရောဂါ ကာကွယ်ထိန်းချုပ်ကုသနိုင်ရေး အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းတွင် ဆောမြို့ အ-ထ-ကကျောင်း ရွှေရတုဆောင်၌ ပြည်ပမှ ပြန်လာသူများ ယာယီနေထိုင်လျက်ရှိသော (Facility Quaratine) နေရာများနှင့် လူစည်ကားရာနေရာတို့တွင် မြို့နယ်စီမံခန့်ခွဲမှုကော်မတီနှင့် တာဝန်ရှိသူများ ပူးပေါင်း၍ ပိုးသတ်ဆေးဖြန်းခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

ပွင့်ဖြူမြို့နယ် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများအား ထင်းများဖြန့်ဝေပေး

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ သစ်တောပြုန်းတီးမှု လျော့နည်း ကျဆင်းစေရန်နှင့် ပြည်သူများ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင် ဆောင်ရွက် သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်ရည်ရွယ်၍ ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာနှစ်တွင် ထိန်းသိမ်းခဲ့သော သဘာဝတော ထိန်းဧရိယာနှင့် ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာနှစ်တွင် ထိန်းသိမ်းခဲ့သော သဘာဝတောထိန်းဧရိယာများမှ ထွက်ရှိသော ထင်းများ အား ကျေးရွာနေပြည်သူများထံ ဖြန့်ဝေပေးခြင်းကို ယမန်နေ့ နံနက် ၈ နာရီခွဲက ပွင့်ဖြူမြို့နယ် ဆင်လူးကျေးရွာနှင့် အင်းကုန်းကျေးရွာအနီးရှိ သဘာဝတောထိန်းဧရိယာစိုက်ခင်းများ၌ ကျင်းပပြုလုပ်ခဲ့သည်။

ကျောက်ဆည်ခရိုင် ရဲတပ်ဖွဲ့ဝန်ထမ်းများအား ကိုရိုနာဗိုင်းရပ်စ် COVID-19 ရောဂါကြိုတင် ကာကွယ်ရေး အတွက် ကျန်းမာရေးသုံး နှာခေါင်းစည်းများနှင့် စားသောက်ကုန် ပစ္စည်းများ ထောက်ပံ့ပေးအပ်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊ အစည်းအဝေးခန်းမတွင် ယနေ့ နံနက် (၁၀)နာရီက ခရိုင်ရဲတပ်ဖွဲ့ဝင် ဝန်ထမ်းများနှင့် မိသားစုဝင်များအား ကိုရိုနာဗိုင်းရပ်စ် ကြိုတင် ကာကွယ်သည့်အနေဖြင့် ကျန်းမာရေးသုံး နှာခေါင်းစည်းများနှင့် စားသောက်ကုန် ပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
Subscribe to ဝေးလံခေါင်ဖျားဒေသသတင်းများ