ဝေးလံခေါင်ဖျားဒေသသတင်းများ

မော်လမြိုင်မြို့တွင် သတ်မှတ်နေရာများ၌ အသွားအလာကန့်သတ်ထားရှိမည့် နေရပ်ပြန်(၉၀)ဦးရောက်ရှိကြိုဆိုနေရာချထား

မွန်ပြည်နယ်၊ မော်လမြိုင်မြို့သတ်မှတ်နေရာများ၌ အသွားအလာကန့်သတ်ထားရှိမည့် (၁၀)မြို့နယ်ဆောင်သို့ ယမန်နေ့ ညနေပိုင်းတွင် ကရင်ပြည်နယ် မြဝတီမြို့မှတစ်ဆင့် ဝင်ရောက် လာသောနေရပ်ပြန်ကျား(၄၀)ဦးနှင့်မ(၅၀)ဦး စုစုပေါင်း(၉၀)ဦး ရောက်ရှိလာရာ တာဝန်ရှိသူများကလက်ခံ၍ အဖျားတိုင်းခြင်း၊ ၎င်းတို့တည်းခိုမည့် အဆောင်များသို့ နေရာချထားပေးကြောင်း သိရသည်။

ထန်တလန်မြို့တွင် ပြည်သူများ နှာခေါင်းစည်း စနစ်တကျ တပ်ဆင်သွားလာရေး စစ်ဆေးဆောင်ရွက်

ချင်းပြည်နယ်၊ ဟားခါးခရိုင်၊ ထန်တလန်မြို့နယ်တွင် ကိုဗစ်-၁၉ ကူးစက်ရောဂါ ပြန့်ပွားမှု မဖြစ်ပေါ်စေရေးနှင့် ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများအား အထောက်အကူဖြစ်စေရန် ပြည်သူများ နေအိမ်ပြင်ပသို့ သွားလာရာတွင် နှာခေါင်းစည်းများ စနစ်တကျတပ်ဆင်သွားလာရေး စစ်ဆေး ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၈ နာရီက ထန်တလန်မြို့ ဗိုလ်ချုပ်လမ်းတစ်လျှောက်တွင် ဆောင်ရွက်ခဲ့ကြသည်။

မိတ္ထီလာမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် မြို့ပေါ်လမ်း(၁၂)လမ်းကို အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်နိုင်ခဲ့

မိတ္ထီလာ ဇန်နဝါရီ ၇

မိတ္ထီလာမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ငွေလုံးငွေရင်းရန်ပုံ ငွေဖြင့် မြို့ပေါ်လမ်း(၁၂)လမ်းကို အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဖွံ့ဖြိုးရေးရန်ပုံငွေ (ပထမ) အကြိမ် ထုတ်ပေးခြင်း အခမ်းအနားကျင်းပ

စလင်း ဖေဖော်ဝါရီ ၁

 

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးရှိ စည်သူခန်းမ၌ ယနေ့ နံနက် ၉ နာရီအချိန်က ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုလွှတ်တော်ဆိုင်ရာဖွံ့ဖြိုးရေးရန်ပုံငွေ (ပထမ) အကြိမ် ထုတ်ပေးခြင်း အခမ်းအနားကို ကျင်းပခဲ့သည်။

 

မြောက်ဥက္ကလာပမြို့နယ် အ.မ.က (၃၃) ကျောင်းတွင် ၂၀၁၈-၂၀၁၉ ပညာသင်နှစ် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနား ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် အ.မ.က (၃၃) ကျောင်းတွင် ၂၀၁၈-၂၀၁၉ ပညာသင်နှစ် ပညာရည်ချွန် ဆုပေးပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက အဆိုပါ ကျောင်း၌ ကျင်းပခဲ့သည်။

စစ်ကိုင်းမြို့တွင် Sagaing Cinema ရုပ်ရှင်ရုံသစ် ဖွင့်ပွဲ ကျင်းပ

စစ်ကိုင်းမြို့တွင် ပထမဆုံး Sagaing Cinema ရုပ်ရှင်ရုံသစ် ဖွင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီ (၁)ရက် နံနက်(၉)နာရီအချိန်က အိုးဘိုရပ်ကွက်၊ အသင်္ခယာ အဝိုင်းပတ်အနီး စစ်ကိုင်း-မုံရွာ ကားလမ်းမကြီးဘေးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အမျိုးသားအဆင့် မှုခင်းကြိုတင်ကာကွယ်ရေး မဟာဗျုဟာစီမံချက် ဟောပြောပွဲကျင်းပ

ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် အမျိုးသားအဆင့် မှုခင်းကြိုတင်ကာကွယ်ရေး မဟာဗျုဟာ စီမံချက် ဟောပြောပွဲကို အစည်းအဝေးခန်းမတွင် ယမန်နေ့ နံနက် ၁၀ နာရီအချိန်၌ ကျင်းပသည်။

ပင်လည်ဘူးမြို့၌ ကိုရိုနာဗိုင်းရပ်စ်ရောဂါအကြောင်း အသိပညာပေးဟောပြော

စစ်ကိုင်းတိုင်းဒေသကြီး ပင်လည်ဘူးမြို့နယ် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေး ခန်းမ၌ ယနေ့ နံနက် ၁၀ နာရီအချိန် ဌာနဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ဌာနဆိုင်ရာများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် ရပ်/ကျေး စာရေးများအား ကိုရိုနာဗိုင်းရပ်စ် (COVID-19) ရောဂါအကြောင်း ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြော ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to ဝေးလံခေါင်ဖျားဒေသသတင်းများ