ဝေးလံခေါင်ဖျားဒေသသတင်းများ

နောင်မွန်မြို့နယ်၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေကမ်းပါးပြိုကျမှုနှင့် သစ်ပင်များ လဲကျမှုဖြစ်ပွား

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ နောင်မွန်မြို့နယ်နှင့် မိုင်(၂၀)ကျော်အကွာ ပူတာအို-မချမ်းဘော့-နောင်မွန် ကားလမ်းဘေးတွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ယမန်နေ့မွန်းလွဲပိုင်းက မြေကမ်းပါးပြိုကျပြီး သစ်ပင်များလဲကျခဲ့သည်။

မဟာဓါတ်အားလိုင်းပြင်ပ ကျေးလက်မီးလင်းရေး လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်တွင် စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများက မဟာဓါတ်အားလိုင်းပြင်ပ ဆိုလာမီးဖြင့် ကျေးလက်မီးလင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို အောက်တို ဘာလ ၄ရက် နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်းသိရသည်။

မိုင်းခုတ်မြို့၌ သောက်သုံးရေဖူလုံစွာဖြန့်ဝေပေးနိုင်ရေး ရေပိုက်သွယ်တန်းခြင်းလုပ်ငန်း ဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ အမှတ်(၂)ရပ်ကွက်(ဝမ်ဝိန်း)တွင် ဒေသခံပြည်သူများအား သောက်သုံးရေဖူလုံစွာဖြန့်ဝေပေးနိုင်ရေးအတွက် ရေပိုက်လိုင်းများသွယ်တန်းခြင်းကို မြို့ရုံးစည်ပင်သာယာရေး ဌာနမှ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကချင်ပြည်နယ် ပူတာအိုခရိုင်အတွင်းရှိ မဂွေဇ-ခေါင်လန်ဖူးလမ်းစီမံကိန်းအားကွင်းဆင်း စစ်ဆေး

နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ကချင်ပြည်နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးလက်အောက်ရှိ ပူတာအိုခရိုင် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးဇော်လွင်ဦးနှင့် အဖွဲ့ဝင်များသည် စက်တင်ဘာလ ၁၇ ရက်နေ့မှ (၂၇)ရက်နေ့အထိ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုနယ်စပ်ဒေသဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် နယ်စပ်ရေးရာဝန်ကြီးဌာနမှ တာဝန်ယူဆောင်ရွက်သည့် မဂွေဇ-ခေါင်လန်ဖူးလမ်း (၆၅/၄)မိုင် စီမံကိန်းပေါ်ရှိလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေးခဲ့သည်။

ခေါင်လန်ဖူးမြို့နယ် ပြည်သူ့ဆေးရုံသို့ လူနာကုတင်နှင့် ဆေးဝါးများ လှူဒါန်း

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ် ပြည်သူ့ဆေးရုံအတွက် လူနာကုတင်နှင့်ဆေးဝါးများ လှူဒါန်းခြင်း ကို ယမန်နေ့က ခေါင်လန်ဖူးမြို့နယ် ပြည်သူ့ဆေးရုံတွင် ပြုလုပ်ခဲ့သည်။

ဒေါ့ဖုန်းယန်မြို့တွင် ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများ၌ ဒုတိယအကြိမ် မဲဆန္ဒရှင် စာရင်းများ ကပ်ထားကြေညာ

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဒေါ့ဖုန်းယန်မြို့တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ ဆန္ဒမဲပေးနိုင်ရေးအတွက် ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးများ၌ အောက်တိုဘာ ၁ ရက်နေ့မှစ၍ ဒုတိယအကြိမ် မဲစာရင်း ကပ်ထား ကြေညာခဲ့သည်။

မံစီမြို့နယ်တွင် နှာခေါင်းစည်း(Mask) တပ်ဆင်ခြင်းမရှိဘဲ နေအိမ်ပြင်ပသို့ သွားလာသူများအား စစ်ဆေး အရေးယူ

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ်အတွင်း၌ ယနေ့နံနက် ၇ နာရီက နှာခေါင်းစည်း(Mask) တပ်ဆင်ခြင်း မရှိဘဲ နေအိမ်ပြင်ပသို့ သွားလာသူများအား တာဝန်ရှိသူများက စစ်ဆေးအရေးယူ ဆောင်ရွက် ခဲ့ကြသည်။

ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ရိခေါ်ဒါရ်မြို့ရှိ ကားဂိတ်များအား ခေတ္တပိတ်ထား

ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့ရှိ ကားဂိတ်များအား အောက်တိုဘာ ၂ ရက်မှစ၍ ခေတ္တပိတ်ပင်ထားကြောင်း သိရသည်။

မတူပီမြို့၌ အသွားအလာကန့်သတ်စောင့်ကြပ်ကြည့်ရှု ၁၄ရက် ပြည့်သူ(၅)ဦး Swabနမူနာ ရယူပြီး ရောဂါပိုးမရှိသဖြင့် အိမ်ပြန်ခွင့်ပြု

ချင်းပြည်နယ်၊ မတူပီမြို့နယ်တွင် ကိုဗစ်−၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ရောဂါပိုးတွေ့ရှိသော ဒေသများနှင့် ဒေသခြားမှ ပြန်လာသူများကို Facility Quarantine Center များ၌ ၁၄ ရက် ကန့်သတ် နေထိုင်စေပြီး Swab နမူနာများ ရယူ၍ ရောဂါပိုး ရှိ/မရှိ စစ်ဆေးပေးလျက်ရှိရာ ရောဂါပိုးကင်းစင်သော နေရပ်ပြန် ပြည်သူများကို ကျန်းမာရေး ကောင်းမွန်ကြောင်း ထောက်ခံချက်များ ထုတ်ပေး၍ ယနေ့ နံနက်ပိုင်း က အိမ်ပြန် ခွင့်ပြုပေးခဲ့သည်။

ခေါင်လန်ဖူးမြို့နယ်တွင် မဲဆန္ဒရှင်စာရင်းများကို ဒုတိယအကြိမ်အဖြစ် ထပ်မံကြေငြာထားရှိ

၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် မဲပေးနိုင်သည့် မဲဆန္ဒရှင်စာရင်းများကို ဒုတိယအကြိမ်အဖြစ် အောက်တိုဘာလ ၁ ရက်နေ့ နံနက်ပိုင်းက စတင်ပြီး ခေါင်လန်ဖူးမြို့နယ်အတွင်း ရပ်ကွက်၊ ကျေးရွာအုပ်စု ရွေးကောက်ပွဲအဖွဲ့ခွဲရုံးများတွင် ကြေငြာထား ကြောင်း သိရသည်။
Subscribe to ဝေးလံခေါင်ဖျားဒေသသတင်းများ