မြို့လှတွင် ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာ
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊မြို့လှမြို့တွင် ၂၀၂၀ ပြည့််နှစ် နိုဝင်ဘာလ(၈)ရက်နေ့၌ ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မြို့ပေါ်ရပ်ကွက်(၄) ရပ်ကွက်ရှိ ကော်မရှင်အဖွဲ့ခွဲရုံးများတွင် ယမန်နေ့မှစတင်၍ ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများကပ်ထား ကြေငြာထားကြောင်း သိရသည်။