ကျီခါးမြို့၌ ဒုတိယအကြိမ် Door To Door စနစ်ဖြင့် မဲစာရင်း ပိုမိုပြည့်စုံမှန်ကန်ရေး တစ်အိမ်တက် တစ်အိမ်ဆင်း ကွင်းဆင်းစစ်ဆေး
ချင်းပြည်နယ် ၊ ဖလမ်းခရိုင်၊ ကျီခါးမြို့၌ ၂၀၂၀ပြည့်နှစ်၊ နို၀င်ဘာလ(၈)ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပရာတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသော မဲဆန္ဒရှင်ပြည်သူများ မဲပေးခွင့်မဆုံးရှုံးစေရေးနှင့်မဲစာရင်း ပိုမိုပြည့်စုံမှန်ကန်စေရေးအတွက် Door To Door စနစ်ဖြင့် အိမ်ထောင်စုအလိုက် မဲစာရင်းတိုက်ဆိုင်စစ်ဆေးခြင်းကို ယနေ့နံနက် (၇)နာရီအချိန်က တာဝန်ရှိသူများက ပူးပေါင်းကွင်းဆင်းဆောင်ရွက် ခဲ့ကြကြောင်းသိရသည်။