မံစီမြို့နယ်၌ အသက်(၂)နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကာကွယ်ဆေး ထိုးနှံ တိုက်ကျွေးခြင်း လုပ်ငန်းကို ပုံမှန်ဆောင်ရွက်
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ်၌ အသက်(၂)နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင် မိခင်များအား ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်း လုပ်ငန်းကို လစဉ်ပုံမှန် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၉ နာရီက မံစီမြို့တော်ခန်းမ၌ အသက်(၁)နှစ်အောက် ကလေးငယ်များကို ထိုးနှံတိုက်ကျွေး ပေးခဲ့ကြောင်း သိရသည်။