ဟားခါးမြို့၌ ဆင်းရဲနွမ်းပါးပြီး ကျေးလက်ဒေသမှ ကျန်းမာရေးအခြေအနေကြောင့် ဆေးရုံလာရောက် ကုသမှု ခံယူသူများ အခမဲ့တည်းခိုနိုင်သည့် ဧည်ရိပ်သာဖွင့်လှစ်
ဟားခါးမြို့၌ ဆင်းရဲနွမ်းပါးပြီး ကျေးလက်ဒေသမှ ကျန်းမာရေးအခြေအနေကြောင့် ဆေးရုံလာရောက် ကုသမှုခံယူသူများ အခမဲ့တည်းခိုနိုင်သည့် ဧည်ရိပ်သာကို အောက်တိုဘာ ၁ ရက်နေ့မှစ၍ မျော်လင့်ခြင်းသွေးလှူရှင်အသင်း(ဟားခါး)ကို တည်ထောင်သူ ဦးကျုံဟူးက ဖွင့်လှစ်ပေးခဲ့ကြောင်း သိရှိရသည်။