ဝေးလံခေါင်ဖျားဒေသသတင်းများ

ချီဖွေမြို့နယ်တွင် ၂၀၂၀ပြည့်နှစ်၊ ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး လက်ကမ်းများနှင့် ပိုစတာများဖြန့်ဝေ

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ်တွင် ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက် နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ထုတ်ဝေသည့် “ သင့်အမည် မဲဆန္ဒရှင် စာရင်းမှာ ပါ/မပါ စစ်ဆေးပြီးပြီလား” အသိပညာပေး လက်ကမ်းစာစောင်များနှင့် ပိုစတာများကို ယမန်နေ့ ညနေ (၃)နာရီခွဲအချိန်က မြို့နယ်ကော်မရှင် အဖွဲ့ခွဲ အဖွဲ့ဝင်များက ရပ်ကွက်/ကျေးရွာ ကော်မရှင် အဖွဲ့ခွဲများထံသို့ လိုက်လံပေးအပ်ခဲ့ကြောင်း သိရသည်။

တနိုင်းမြို့နယ်အတွင်း တာဝန်ထမ်းဆောင်လျက်ရှိသော ရပ်ကွက်/ကျေးရွာအုပ်စု စာရေးဝန်ထမ်းများအား နိုင်ငံတော်မှ ဒုတိယအကြိမ် တစ်ဦးလျှင် (၁၀၀,၀၀၀)စီထောက်ပံ့

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်အတွင်း တာဝန်ထမ်းဆောင်လျက်ရှိသော ရပ်ကွက်/ ကျေးရွာအုပ်စုစာရေးဝန်ထမ်းများအား နိုင်ငံတော်မှ ဒုတိယအကြိမ် တစ်ဦးလျှင်‌ ငွေကျပ်(၁၀၀,၀၀၀)စီ ထောက်ပံ့ပေးခြင်းကို အောက်တိုဘာ(၆)ရက်နေ့ ညနေ(၃)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်း ဆောင်ရွက်ပေး

ကိုဗစ်-၁၉ ရောဂါဆိုင်ရာ အသိပညာပေးခြင်းလုပ်ငန်းကို တွန်းဇံမြို့၊ ကျေးလက်ကျန်းမာရေး ဌာန(MCH)ရှိဝန်ထမ်းများ၊ လူမှုဝန်ထမ်းဦးစီးဌာနရှိဝန်ထမ်းများနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနရှိဝန်ထမ်းများပူပေါင်း၍ ယနေ့ နံနက်(၁၀)နာရီအချိန်တွင် ပူးပေါင်း ဆောင်ရွက်ခဲ့ကြသည်။

တီးတိန်၌ ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်း ကြေညာကပ်ထားမှု ကြည့်ရှုစစ်ဆေးခြင်း၊ ရွေးကောက်ပွဲဆိုင်ရာ လက်ကမ်းစာစောင်နှင့် ပိုစတာများဖြန့်ဝေခြင်း ဆောင်ရွက်

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ယနေ့နံနက်ပိုင်းက တီးတိန်မြို့ပေါ် (၄)ရပ် ကွက်ရှိ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများတွင် ၂၀၂၀ပြည့်နှစ်၊ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ မဲဆန္ဒရှင်စာရင်း ဒုတိယအကြိမ်နှင့် နောက်ဆုံးအကြိမ် ကြေညာကပ်ထားရှိမှု အခြေအနေကို ကြည့်ရှုစစ်ဆေးကြသည်။

မိုးမောက်မြို့နယ်၌ ဒုတိယအကြိမ်မဲစာရင်းများကြေညာထားရှိမှု ကွင်းဆင်းကြည့်ရှုစစ်ဆေး

ကချင်ပြည်နယ် ဗန်းမော်ခရိုင် မိုးမောက်မြို့နယ် ဒေါ့ဖုန်းယန်မြို့ ၊ လွယ်ဂျယ်မြို့များရှိ ရပ်ကွက်/ကျေးရွာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် အောက်တိုဘာ(၁)ရက်နေ့မှ စတင်၍ အောက်တိုဘာလ (၁၄)ရက်နေ့အထိ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပ နိုင်ရေး အတွက် ဒုတိယအကြိမ်မဲစာရင်းကြေညာထားရှိကြောင်း သိရသည်။

မိုင်းခတ်မြို့နယ်၌ အသက်(၈၀) နှင့်(၈၅)နှစ် ကြား သက်ကြီးဘိုးဘွားများအား ထောက်ပံ့ငွေပေးအပ်

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်အရ အသက်၈၀နှင့်၈၅နှစ်အကြား သက်ကြီးဘိုးဘွားများအား ထောက်ပံ့ငွေပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်(၂)ရပ်ကွက်ရှိ ဘိုးဘွားများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

မိုင်းယန်းမြို့နယ်အတွင်းရှိအသက် ၈၀ နှင့် ၈၅နှစ်ကြားဘိုးဘွားများနှင့် ၈၅ နှစ်အထက်ဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ပေးအပ်

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ်အတွင်းရှိ အသက် ၈၀ နှင့် ၈၅ နှစ်ကြားဘိုးဘွားများနှင့် ၈၅ နှစ်အထက် ဘိုးဘွားများအား ထောက်ပံ့ငွေပေးအပ် ခြင်းကို ယနေ့ နံနက် ၁၁ နာရီ အချိန်က တာဝန်ရှိသူ များမှ အိမ်တိုင်ရာ ရောက်ထောက်ပံ့ငွေပေး အပ်ခဲ့သည်။

အင်ဂျန်းယန်မြို့၌ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာ

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ အင်ဂျန်းယန်မြို့နယ်၌ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ(၈)ရက်တွင် ကျင်းပ ပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မြို့ပေါ်ရပ် ကွက်(၄)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၂)အုပ်စုရှိ ကော်မရှင်အဖွဲ့ခွဲရုံးများတွင် အောက်တိုဘာ(၁)ရက်နေ့မှ စတင်၍ ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေငြာထား ကြောင်းသိရသည်။

ချင်းပြည်နယ်အတွင်း Door to Door စနစ်ဖြင့် မဲစာရင်း စိစစ်ခြင်းလုပ်ငန်းဆောင်ရွက်သူများအား တစ်မြို့နယ်ငွေကျပ်သိန်း (၃၀)နှုန်းထောက်ပံ့

ချင်းပြည်နယ်အစိုးရအဖွဲ့မှ ချင်းပြည်နယ်အတွင်းရှိ မြို့နယ်(၉)မြို့နယ်တွင် Door to Door စနစ်ဖြင့် မဲစာရင်းစိစစ်ခြင်း လုပ်ငန်းဆောင်ရွက်သူများအား လုပ်ငန်းဆောင်ရွက်မှု ပိုမိုအဆင်ပြေစေရန် ရည်ရွယ်၍ တစ်မြို့နယ်လျှင် ငွေကျပ်သိန်း(၃၀)နှုန်းဖြင့် အောက်တိုဘာလ ၆ ရက်နေ့က ထောက်ပံ့ပေး ခဲ့ကြောင်း သိရှိရသည်။

ဆင်ဘိုမြို့၌ ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာ(၈)ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲအတွက် မဲပေးခွင့် ရှိသူစာရင်း ဒုတိယအကြိမ်ကြေညာ

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဆင်ဘိုမြို့တွင် ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာ(၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲအတွက် မဲပေးခွင့်ရှိသူစာရင်းကို အောက်တိုဘာ ၁ရက် နံနက်ပိုင်းမစ၍ ​ကြေညာထားပြီ ဖြစ်ကြောင်း သိရသည်။
Subscribe to ဝေးလံခေါင်ဖျားဒေသသတင်းများ