ဝေးလံခေါင်ဖျားဒေသသတင်းများ

တီးတိန်၌ မြို့နယ်ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေး ကော်မတီနှင့် နိုင်ငံရေးပါတီများ ပထမအကြိမ် စေ့စပ်ညှိနှိုင်း အစည်းအဝေးပြုလုပ်

ချင်းပြည်နယ်၊ တီးတိန်မြို့၌ မြို့နယ်ရွေး ကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေး ကော်မတီနှင့် နိုင်ငံရေး ပါတီများ ပထမအကြိမ် စေ့စပ်ညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက အစိုးရမူလတန်းကြို ကျောင်းတွင် ပြုလုပ်သည်။

ဟားခါးမြို့နယ်အတွင်း မဲလုံခြုံရေးတာဝန်ထမ်းဆောင်မည့် အထူးရဲ(၉၅)ဦးကို Swabစစ်ဆေးရာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူမရှိ

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပမည့်အထွေထွေရွေးကောက်ပွဲတွင်၊ မဲရုံများ လုံခြုံရေးတာဝန်ပေးအပ်နိုင်ရေးအတွက် ချင်းပြည်နယ် ဟားခါးမြို့တွင် အထူးရဲ(၉၅)ဦးကို အောက်တိုဘာ ၁၂ ရက်နေ့က ဟားခါးမြို့၊ ခိုင်ကမ်းအားကစားရုံတွင် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ကိုဗစ်-၁၉ ရောဂါပိုး ရှိ၊မရှိ Swab စစ်ဆေးရာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ မရှိကြောင်း သိရသည်။

ချင်းပြည်နယ်သို့ဝင်မည့် ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များ RDT Test Kit ဖြင့် စတင်စစ်ဆေး

ချင်းပြည်နယ် ဖလမ်းခရိုင် တီးတိန်မြို့နယ် ခိုင်ကမ်းမြို့တွင် ချင်းပြည်နယ်အတွင်း ဝင်ရောက်မည့် ကုန်စည်ကား မောင်းနှင်သည့် ယာဉ်မောင်းများနှင့် ယာဉ်နောက်လိုက်များကို RDT Test Kit ဖြင့် Swab ယူကာ ကျန်းမာရေး စစ်ဆေးခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရှိရသည်။

မချမ်းဘောမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး မြို့နယ်ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းညှိနှိုင်းစည်းဝေး

ကချင်ပြည်နယ် ပူတာအိုခရိုင် မချမ်းဘော့မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ (၈) ရက်နေ့တွင် အထွေထွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် နိုင်ငံတော် စံချိန်စံညွှန်းများနှင့်အညီ ပွင့်လင်းမြင်သာစွာ ကျင်းပပြုလုပ်နိုင်ရေး မချမ်းဘောမြို့နယ်ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် (၁၀) နာရီအချိန်တွင် မချမ်းဘောမြို့နယ် ရွေးကောက်ပွဲကော်မရှင် ရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့နယ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ လုပ်ငန်းညိှနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်တွင် ကိုဗစ်−၁၉ ရောဂါကာလအတွင်း ကလေးသူငယ်အခွင့်အရေးများအတွက် ထိရောက်သောအကူအညီများ ပေးနိုင်ရန် မြို့နယ်အဆင့်ကလေးသူငယ် အခွင့်အရေးများဆိုင်ရာကော်မတီ လုပ်ငန်းညိှုနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက်(၁၀)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။

မုံးကိုးမြို့၌ ကိုဗစ်-၁၉ရောဂါ ကာကြိုတင်ကွယ်နိုင်ရေးအတွက် နှာခေါင်းစည်းမတပ်ဆင်ပါက အခုဝယ်၊ အခုတပ်စနစ်ဖြင့် စစ်ဆေးဆောင်ရွက်

မူဆယ်ခရိုင်၊ မုံးကိုးမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် အသိပညာပေးခြင်းနှင့် မြို့အဝင်/အထွက်ဂိတ်များတွင် ကျန်းမာရေးစစ်ဆေးခြင်းတို့ကို အရှိန်အဟုန်မပျက်ဆောင်ရွက် လျက်ရှိရာ နှာခေါင်းစည်းတပ်ဆင်ခြင်းမရှိဘဲ ပြင်ပသို့ သွားလာသူများကို ယခုဝယ်၊ ယခုတပ်စနစ်ဖြင့် ယနေ့ နံနက်ပိုင်းက ဆက်လက်ဆောင်ရွက်သည်။

ကွန်ဟိန်းမြို့၌ Maternal and Child Cash Transfer Program (MCCT) စာရင်းကောက်ယူရန်အတွက် ODK Collect Application မွမ်းမံသင်တန်း ဖွင့်လှစ်

ရှမ်းပြည်နယ်(တောင်ပိုင်း)ကွန်ဟိန်းမြို့၌ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဖွင့်လှစ်သည့် Maternal and Child Cash Transfer Program (MCCT)စာရင်းကောက်ယူရန်အတွက် ODK Collect Application မွမ်းမံသင်တန်းအား ယနေ့ နံနက်၁၀ နာရီ အချိန်ခန့်က မြို့နယ် OSS ရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။

ကန်ပက်လက်မြို့နယ်အတွင်းသို့ လာရောက်မည့် ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား (၂)ပတ်အတွင်း RPD ကျန်းမာရေး စစ်ဆေးထောက်ခံချက်ပါမှသာ ဝင်ခွင့်ပြုမည်

ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ ကန်ပက်လက်မြို့နယ်အတွင်းသို့ လာရောက်မည့် ကုန်တင်ယာဉ်များ၏ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ RPD ဖြင့် စစ်ဆေးထားသည့် (၂)ပတ်အတွင်း ထုတ်ပေးသော ကိုဗစ်-၁၉ရောဂါပိုး မရှိ(Negative) ဖြစ်ကြောင်း ထောက်ခံချက်ပါမှသာ ဝင်ခွင့်ပြုမည် ဖြစ်ကြောင်း သိရသည်။

ပြင်စလူမြို့၌ ကိုဗစ်-၁၉ ကူးစက်ရောဂါဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်ပြသ

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ ပြင်စလူမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် တားဆီးနိုင်ရေးအတွက် ပြည်သူများ သတင်းအချက်အလက်များ မှန်ကန်စွာသိရှိပြီး အသိပညာဗဟုသုတများရရှိစေရန် ရည်ရွယ်၍ ရုံးရှေ့တွင် နံရံကပ်စာစောင် ပြုလုပ်ပြသထားသည်။

ဟားခါးမြို့သို့ ဝင်ထွက်သွားလာသည့် ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက်များ Swab နမူနာ စစ်ဆေးခံသူ စုစုပေါင်း (၂၀၈)ဦး အထိရှိလာ

ချင်းပြည်နယ်၊ ဟားခါးမြို့ရှိ မော်တော်ယာဉ်လိုင်းများအား ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ကြေညာထားသောအချက်များနှင့့််အညီ မော်တော်ယာဉ်ပြေးဆွဲ ရာတွင် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များ လိုက်နာဆောင်ရွက်နိုင်စေရေးအတွက် ဟားခါးမြို့သို့ ဝင်ထွက်သွားလာသည့် ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက်များအား Swab နမူနာကို အောက်တိုဘာလ ၉ ရက် နံနက် ၉ နာရီမှစတင် စစ်ဆေးခဲ့ပြီး အောက်တိုဘာလ ၁၂ ရက်နေ့အထိ Swab နမူနာ စစ်ဆေးခံသူ စုစုပေါင်း (၂၀၈)ဦး အထိရှိလာကြောင်း ဟားခါးမြို့နယ် ကိုဗစ်-၁၉ ကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး လုပ်ငန်းကော်မတီထံမှ သိရှိရသည်။
Subscribe to ဝေးလံခေါင်ဖျားဒေသသတင်းများ