ဝေးလံခေါင်ဖျားဒေသသတင်းများ

ရွေးကောက်ပွဲတွင် လုံခြုံရေးဆိုင်ရာ တာဝန်ထမ်းဆောင်ကြမည့် အထူးရဲသင်တန်းသားများအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိစစ်ဆေး

ချင်းပြည်နယ်၊ ဟားခါးခရိုင်၊ ထန်တလန်မြို့နယ်၌ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲရုံများလုံခြုံရေးအတွက် တာဝန်ထမ်းဆောင်ကြရန် လုံခြုံရေးဆိုင်ရာ သင်တန်းတက်ရောက်လျက်ရှိသည့် အထူးရဲများအား မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ Rapid Diagnostic Test (RDT) Test Kit ဖြင့် ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိစစ်ဆေးခြင်းကို အောက်တိုဘာ (၁၁)ရက်နေ့နှင့်(၁၂)ရက်နေ့က မြို့နယ်ပြည်သူ့ဆေးရုံတွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

မတူပီမြို့၌ ရွေးကောက်ပွဲကော်မရှင်မှ ထုတ်ဝေသည့် လက်ကမ်းစာစောင်ဖြန့်ဝေ

ချင်းပြည်နယ်၊ မတူပီခရိုင်၊ မတူပီမြို့နယ်၌ ရွေးကောက်ပွဲ ကော်မရှင်မှ ထုတ်ဝေထားသည့် သင့်အမည်မဲစာရင်းမှာ ပါ/မပါ စစ်ဆေးပြီးပြီလား လက်ကမ်းစာစောင်နှင့် အတူတကွမဲပေးကြစို့ အသိပညာပေးစာစောင်တို့ကို ယနေ့နံနက် ၁၀ နာရီက မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဝန်ထမ်းများနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဝန်ထမ်းများ တို့က ရပ်ကွက်အတွင်းရှိ မိဘပြည်သူများ လက်ဝယ်အရောက် ဖြန့်ဝေပေး ခဲ့ကြကြောင်း သိရသည်။

ရေဇွာမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မြို့ဝင်စစ်ဆေးဂိတ်များ တိုးချဲ့ဖွင့်လှစ်ပြီး အရှိန်အဟုန်မြှင့်ဆောင်ရွက်

ချင်းပြည်နယ်၊ ရေဇွာမြို့တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်နိုင်ရန်အတွက် ကျန်းမာရေး စစ်ဆေးဂိတ်(၃)ခု ဖွင့်လှစ်ပြီး ခရီးသွားပြည်သူများအား ကိုယ်အပူချိန် တိုင်းတာခြင်းများ၊ ခရီးသွားရာဇဝင်များ မေးမြန်းပြီး မှတ်သားခြင်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

“ကိုဗစ်-၁၉ မပြန့်ပွားဖို့မိမိကစ၍ ကာကွယ်စို့ ” သတင်းစကား လက်ကမ်းစာစောင်ဖြန့်ဝေ

ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၇ နာရီက မံစီမြို့မစျေး၌ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများကပြည်သူများထံသို့ “ ကိုဗစ်-၁၉ မပြန့်ပွားဖို့ မိမိကစ၍ ကာကွယ်စို့ ” သတင်းစကား လက်ကမ်းစာစောင်ကို ဖြန့်ဝေခဲ့ကြသည်။

ဟားခါးမြို့သို့ ဝင်ထွက်သွားလာသည့် ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက်များအား Swab နမူနာစစ်ဆေးခများ တစ်ဝက် လျှော့ချ

ချင်းပြည်နယ်၊ ဟားခါးမြို့ရှိ မော်တော်ယာဉ်လိုင်းများအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန် ကြေညာထားသော အချက်များနှင့့််အညီ မော်တော်ယာဉ်ပြေးဆွဲရာတွင် ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက်များ လိုက်နာ ဆောင်ရွက် နိုင်စေရေးအတွက် ဟားခါးမြို့သို့ ဝင်ထွက်သွားလာသည့် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား Swab နမူနာစစ်ဆေးခများကို ယနေ့စ၍ တစ်ဝက်လျော့ချ ကောက်ခံခဲ့ကြောင်း သိရသည်။

ကိုဗစ်-၁၉ ဆိုင်ရာ အသိပညာပေးအကြောင်းအရာများကို မြေစိုက်နံရံကပ်ဘုတ်တွင် ပြသ

မောက်မယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့ မြေစိုက်နံရံကပ်ဘုတ်တွင် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ရောဂါဖြစ်ပွားမှုနှင့် ပက်သက်သည့် အကြောင်းအရာများကို ပြည်သူများသိရှိနိုင်ရန်ရည်ရွယ်၍ ယမန်နေ့ ညနေပိုင်းက ရုံးရှေ့ မြေစိုက်နံရံကပ်ဘုတ်တွင် ပြသထားလျက်ရှိသည်။

မိုင်းငေါ့မြို့ကွန်ကောက်ကျေးရွာ၌ Community Social Worker Training သင်တန်းဖွင့်လှစ်

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ကွန်ကောက်ကျေးရွာတွင် စီမံချက်ဝန်ထမ်းများ ဦးဆောင်သော Community Social Worker Training သင်တန်းကို ယမန်နေ့နံနက် ၉ နာရီ အချိန်ခန့်က မိုင်းငေါ့မြိူ့ကွန်ကောက်ကျေးရွာ ရှမ်းစာသင်ကျောင်း၌ ပြုလုပ်ခဲ့သည်။

မိုင်းယုမြို့၌ စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များအား ပါဆယ်စနစ်ဖြင့်သာ ရောင်းချရေး ဆက်လက် ကွင်းဆင်း စစ်ဆေး

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယုမြို့တွင် မြို့အတွင်းရှိ ဖွင့်လှစ်ရောင်း ချလျက်ရှိသော စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များအား ပါဆယ်စနစ်ဖြင့်သာ ရောင်းချနိုင်ရေးအတွက် ယနေ့ နံနက်ပိုင်းက မြို့ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး၊ တုန့်ပြန်ဆောင်ရွက်ရေးနှင့် စစ်ဆေးမှုကြီကြပ်ရေး အဖွဲ့(၃)တို့က ကွင်းဆင်းစစ်ဆေးခြင်းများ ဆက်လက်ဆောင်ရွက်ခဲ့သည်။

မိုင်းပန်မြို့နယ်ပညာရေးမိသားစုမှ ကိုဗစ်−၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး လုပ်ငန်းစဉ်များတွင် အသုံးပြုရန် အတွက် Automatic Temperature Detector (၁) စုံနှင့် အလှူငွေများ လှူဒါန်း

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်၊ မြို့အဝင်ကျန်းမာရေးစစ်ဆေးရေးဂိတ်တွင် အသုံးပြုရန် မြို့နယ်ပညာရေးမိသားစုမှ ခရီးသွားပြည်သူများ၏ ကိုယ်အပူချိန်တိုင်းတာခြင်းနှင့် လက်ဆေးစေရန်အတွက် Automatic Temperture Detector (၁)စုံ နှင့် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး လုပ်ငန်းစဉ်များတွင် အသုံးပြုရန် အလှူငွေ (၃၆ဝဝဝဝ)ကျပ်အား ယနေ့ နံနက်(၈) နာရီအချိန်က သွားရောက်လှူဒါန်းခဲ့ကြောင်းသိရသည်။

ပူတာအိုမြို့၌ အပြင်ထွက်သွားလာသူများ Mask တပ်ဆင်ခြင်း ရှိ/မရှိစစ်ဆေးပြီး “အခုဝယ် အခုတပ်” စနစ်ဖြင့် ကြပ်မတ်စစ်ဆေး

ကချင်ပြည်နယ် ပူတာအိုမြို့တွင် နေအိမ်ပြင်ပ အပြင်ထွက်သွားလာသူများနှင့် ဈေးရောင်း ဈေးဝယ်သူများ Mask တပ်ဆင်မှုအလေ့အထဖြစ်စေရန်အတွက် ယနေ့နံနက် ၇ နာရီခန့်က မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ် ကုသရေးကော်မတီ၏ ဦးဆောင်မှုဖြင့် Mask ကို “အခုဝယ် အခုတပ်” စနစ်ဖြင့် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to ဝေးလံခေါင်ဖျားဒေသသတင်းများ