ဝေးလံခေါင်ဖျားဒေသသတင်းများ

အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျော့ချရေးနေ့ အထိမ်းအမှတ် နှာခေါင်းစည်း Mask များ နှင့် တစ်ကိုယ်ရည်သန့်ရှင်းရေး အသုံးအဆောင်ပစ္စည်း (Hygiene Kits)များ ထောက်ပံ့

၂၀၂၀ ပြည့်နှစ် အောက်တိုဘာလ ၁၃ ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျော့ချရေးနေ့ အထိမ်းအမှတ်အနေဖြင့် ချင်းပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ ဟားခါးမြို့ Facility Quarantine Centers များသို့ ယမန်နေ့က နှာခေါင်းစည်း Maskများနှင့် တစ်ကိုယ်ရည် သန့်ရှင်းရေး အသုံးအဆောင်ပစ္စည်း(Hygiene Kits)များ အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ချင်းရွှေဟော်မြို့၌ မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်မှုရရှိစေရေး ကွင်းဆင်းစစ်ဆေး

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အတွက် မဲဆန္ဒရှင် စာရင်းများ ပြည့်စုံမှန်ကန်မှုရရှိစေရေး ကွင်းဆင်းစစ်ဆေးမှုကို လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့ အထွေထွေအုပ်ချုပ်ရေး ဉီးစီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဆိုင်ရာ ဉီးစီးဌာန ဝန်ထမ်းများ ပူးပေါင်း၍ ယနေ့နံနက်(၁၀)နာရီအချိန်က ကွင်းဆင်းဆောင်ရွက် ခဲ့ကြောင်း သိရသည်။

မိုင်းငေါ့မြို့တွင် ကိုဗစ်-၁၉ ဆိုင်ရာ သတင်းအချက်အလက် အသိပညာပေး နံရံကပ်စာစောင်ပြသ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံး ၊ မြေစိုက်နံရံကပ်ပြဘုတ်တွင် ပြည်သူများအား အသိပညာပေးမှတ်တမ်းများ ပြသခြင်းကို ယနေ့ နံနက်ပိုင်းက စတင်၍ ပြသပေးလျက်ရှိကြောင်းသိရသည်။

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး အတွက် စားသောက်ဆိုင်များ စည်းကမ်းလိုက်နာဆောင်ရွက်မှုရှိ/မရှိ ကွင်းဆင်းစစ်ဆေး

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့တွင် ယမန်နေ့ နေ့လည် (၁)နာရီခွဲအချိန်က မြို့နယ်စည်ပင်သာယာကော်မတီဝင်များနှင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ စားသောက်ဆိုင်များ စည်းကမ်းလိုက်နာဆောင်ရွက်မှုရှိ/မရှိ မြို့ပေါ်ရပ်ကွက်များသို့သွား ရောက် ကွင်းဆင်း စစ်ဆေးဆောင်ရွက်ခဲ့သည်။

တာလေမြို့တွင်း ဝင်ရောက်လာမည့် ကုန်တင်ယာဉ်များ၏ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များ ကျန်းမာရေးထောက်ခံချက် မပါ ပါက Rapid Test Kit ဖြင့် စစ်ဆေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင် တာလေမြို့အတွင်း ဝင်ရောက်လာမည့် အခြားဒေသများမှ ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား ကျန်းမာရေးထောက်ခံချက် မပါ ပါက Rapid Test Kit ဖြင့် ကျန်းမာရေးစစ်ဆေးခြင်းများကို ယမန်နေ့ နံနက်ပိုင်းမှ စတင်ဆောင်ရွက်လျက်ရှိသည်။

နမ့်ခမ်းမြို့ Home Quarantine ဖြင့် ကျန်းမာရေးစောင့်ကြည့်သူ( ၁၂) ဦးထံမှ နှာခေါင်းတို့ဖတ်၊ အာခေါင်တို့ဖတ်နမူများ ရယူ

မ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့၌ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု ကာကွယ် ထိန်းချုပ်ရန်အတွက် မြို့နယ်အတွင်းရှိ Home Quarantine ဖြင့် နေအိမ်မှ ကျန်းမာရေးစောင့်ကြည့်သူ စုစုပေါင်း(၁၂)ဦး၏ နှာခေါင်းတို့ဖတ်နှင့် အာခေါင်တို့ဖတ်နမူများကို ယမန်နေ့ ညနေ(၄) နာရီအချိန်ခန့်က ရယူပြီး ဓာတ်ခွဲစစ်ဆေးရန် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် ၂၀၂၀-၂ဝ၂၁ ဘဏ္ဍာနှစ်အတွက် ဒေသပေါက်ဈေးနှုန်းထား သတ်မှတ်ရန် ဒေသအဆင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် ၂၀၂၀-၂ဝ၂၁ ဘဏ္ဍာနှစ် အတွက် ဒေသပေါက်ဈေးနှုန်း ထားသတ် မှတ်ရန် ဒေသအဆင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၁၀)န ာရီအချိန်တွင် နာဂဦးစီးအဖွဲ့ အစည်းအဝေးခန်းမ၌ ကျင်းပါခဲ့ကြောင်းသိရသည်။

ချင်းပြည်နယ် ဟားခါးမြို့နယ်အတွင်း ဆောင်းသီးနှံကုလားပဲ စမ်းသပ်စိုက်ပျိုးမည်

ချင်းပြည်နယ် ဟားခါးမြို့နယ်အတွင်း စိုက်ပျိုးရေးဦးစီးဌာနမှ မျိုးကောင်းမျိုးသန့် သီးနှံမျိုးစေ့ ရရှိနိုင်ရန်အတွက် စိုက်ပျိုးရေးဦးစီးဌာန(ရုံးချုပ်)မှ ပေးပို့သည့်ဆောင်းသီးနှံ ကုလားပဲ ဒေသနှင့် ကိုက်ညီမှု ရှိ/မရှိကို အောက်တိုဘာလအတွင်း ဟားခါးမြို့၊ စျေးဟောင်းရပ်ကွက် ဟိုင်တလန် စိုက်ပျိုးရေးခြံတွင် စမ်းသပ်စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

ဆွမ်ပရာဘွမ်မြို့နယ်၌ ပထမအကြိမ် ရွေးကောက်ပွဲဆိုင်ရာစေ့စပ်ညှိနှိုင်းရေးကော်မတီလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကျင်းပ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ်တွင် ပထမအကြိမ်ရွေးကောက်ပွဲဆိုင်ရာစေ့စပ် ညှိနှိုင်းရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီခန့်က မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အစည်းအဝေးခန်းမတွင်ကျင်းပခဲ့သည်။

မင်းတပ်၌ ကိုဗစ်-၁၉ရောဂါဆိုင်ရာ အသိပညာပေး စာစောင်များနှင့် လူမှုမီဒီယာနှင့် သတင်းအချက်အလက်ဆိုင်ရာ အသိပညာပေး ရုပ်ပုံများ မြေစိုက်နံရံကပ်ဘုတ်တွင် ပြသ

ချင်းပြည်နယ် မင်းတပ်မြို့ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးရှေ့ မြေစိုက်နံရံကပ် ပြဘုတ်၌ ယနေ့နံနက် ၁၁ နာရီတွင် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကိုဗစ်-၁၉ရောဂါ ဆိုင်ရာ အသိပညာပေး စာစောင်များနှင့် လူမှုမီဒီယာနှင့် သတင်းအချက်အလက်ဆိုင်ရာ အသိပညာပေး ရုပ်ပုံများ ကပ်ထားပြသလျက်ရှိသည်။
Subscribe to ဝေးလံခေါင်ဖျားဒေသသတင်းများ