မိုင်းငေါ့မြို့တွင် Mobile Library စနစ်ဖြင့်စာအုပ်စာစောင်များကို မြို့ပေါ်ရပ်ကွက်များသို့ သွားရောက်ငှားရမ်းပေး
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက စာဖတ်ပရိတ်သတ်များ စာပေဖတ်ရှုမှုအဆင်ပြေစေရန် Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို ယနေ့နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်များသို့သွားရောက် ငှားရမ်းပေးခဲ့သည်။