ဦးစီးဌာန(ပြည်နယ်)လှုပ်ရှားမှုများ

မက်မန်းမြို့ လူထုအခြေပြုဗဟိုဌာနတွင် အခမ်းအနားမှူး သင်တန်းဖွင့်လှစ်ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မက်မန်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ အခမ်းအနားမှူးသင်တန်းဖွင့်ပွဲကို ယနေ့နံနက်(၈) နာရီက ကျင်းပခဲ့သည်။

အ.မ.က တနင်းသ‌ရောကျောင်း၌ လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်‌ရေးအသိပညာပေး ဟောပြောပွဲ ဆောင်ရွက်

ကရင်ပြည်နယ်၊  ဘားအံခရိုင်၊  ပိုင်ကျုံမြို့၊  အ.မ.က တနင်းသရောကျောင်း၌ လူကုန်ကူးမှု အန္တရာယ်တားဆီး ကာကွယ်ရေးအကြောင်း သိကောင်းစရာများကို ကျောင်းသားလူငယ်များ အသိပညာဗဟုသုတ ပိုမိုရရရှိစေရန်ရည်ရွယ်၍ ယနေ့နံနက်(၉)နာရီအချိန်က အသိပညာ‌‌ ပေး ဟော‌ပြောပွဲ ဆောင်ရွက်ခဲ့သည်။

နောင်ချိုမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် Talk Show ဆွေးနွေးပွဲ ပြုလုပ်ဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ၂၀၂၂ခုနှစ်၊ အောက်တိုဘာလ ၅ ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ဆရာများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် Talk Show ဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီ အချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မက်မန်းမြို့၌ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အသိပညာပေး(Talk Show) ရိုက်ကူးထုတ်လွှင့်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့၌ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် အသိပညာပေး (Talk Show)ကို ယနေ့ နံနက်(၁၀)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ ပြုလုပ်သည်။

ကွတ်ခိုင်မြို့ လူထုအခြေပြုဗဟိုဌာန၌ ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်း‌ရေး (Talk Show) ဆွေးနွေးပွဲကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေး အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယနေ့နံနက် (၁၀)နာရီအချိန်က ကျင်းပသည်။

ကာလိမြို့ စာအုပ်စာပေချစ်မြတ်နိုးသူများအသင်းအဖွဲ့မှ စာဖတ်ဝိုင်းဆွေးနွေးပွဲကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကာလိမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၏ လူထုအခြေပြုဗဟိုဌာ Community Centre ခန်းမ၌ ယနေ့နံနက် (၉) နာရီခွဲ အချိန်ခန့်က စာရေးဆရာဖေမြင့် ရေးသားထားသော နှလုံးသားအာဟာရ ရသစာများ (တတိယအတွဲ) စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲဆောင်ရွက်ခဲ့သည်။

နမ့်ဆန်မြို့နယ်တွင် ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းဆောင်ရွက်

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများ စာပေဖတ်ရှုမှု ပိုမိုမြင့်မားလာစေရန် ရည်ရွယ်၍ ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်များငှားရမ်းပေးခြင်းကို ယနေ့နံနက်ပိုင်း အချိန်က မြို့လယ်ရပ်ကွက်နှင့် မီးသတ်ဦးစီးဌာနသို့ သွားရောက်ဆောင်ရွက်ပေးခဲ့သည်။

သီပေါမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်နိုင်ရေးအတွက် မိုဘိုင်းစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင် ငှားရမ်းပေးခြင်းဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ဌာနဆိုင်ရာများ၊ အခြေခံပညာကျောင်းများနှင့်မြို့ပေါ်ရပ်ကွက်များသို့ စာဖတ်ရှိန်မြှင့်တင်နိုင်ရေးအတွက် မိုဘိုင်းစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို ယနေ့နံနက် (၉)နာရီခွဲအချိန်က ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သီပေါမြို့နယ်တွင် “အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး” အသိပညာပေးဆွေးနွေးပွဲ (Talk Show) ပြုလုပ်ဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ “အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး” အသိပညာပေး ဆွေးနွေးပွဲ(Talk Show)ကို ယနေ့နံနက်(၉) နာရီက ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မိုင်းခုတ်မြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အသိပညာပေး (Talk Show) ကျင်းပ

၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၅ ရက်နေ့တွင် ကျရောက်မည့် ''ကမ္ဘာ့ဆရာများနေ့''အထိမ်းအမှတ် အသိပညာပေး(Talk Show)ကို ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့ မွန်းလွဲ ၂ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to ဦးစီးဌာန(ပြည်နယ်)လှုပ်ရှားမှုများ