ဦးစီးဌာန(ပြည်နယ်)လှုပ်ရှားမှုများ

သံတောင်ကြီးမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် စာဖတ်သူများထံသို့စာအုပ်များအခမဲ့ငှားရမ်းပေး

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊  သံတောင်ကြီးမြို့နယ်၊     ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ဒေသခံပြည်သူများ   စာဖတ်ခြင်းအလေ့အထကောင်းများ ရရှိစေရန်၊ အသိပညာဗဟုသုတတိုးပွားစေရန်အတွက် စာကြည့်တိုက်သို့ အကြောင်းအမျိုးမျိုးကြောင့်မလာရောက်နိုင်သည့်   စာဖတ်သူများ  အလွယ်တကူ    စာပေလေ့လာဖတ်ရှုနိုင်ရန် ယမန်နေ့ နေ့လယ်(၃)နာရီအချိန်က   နယ်လှည့်စာ ကြည့်တိုက်ကို   သံတောင်ကြီးမြို့ရပ်ကွက်(၃)၌   ကွင်းဆင်း၍ စာအုပ်များ အခမဲ့ငှားရမ်းပေးခဲ့ကြောင် းသိရသည်။

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျန်းမာရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲဆောင်ရွက်

ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မိဘပြည်သူများ ကျန်းမာရေးဆိုင်ရာ အကြောင်းအရာများကို အချင်းချင်း အသိပညာဗဟုသုတများရရှိစေရန် ရည်ရွယ်၍ ယမန်နေ့မွန်းလွဲပိုင်း (၃)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျန်းမာရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ဆောင်ရွက်ခဲ့သည်။

သီပေါမြို့နယ်တွင် ကလေးသူငယ်ပြုစုစောင့်ရှောက်ရေး အသိပညာပေးဆွေးနွေးပွဲ (Talk Show) ပြုလုပ်ဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ ကလေးသူငယ်ပြုစုစောင့်ရှောက်ရေး အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက်(၉)နာရီက ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မန်တုံမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် Online မှတစ်ဆင့် အသိပညာပေးအစီအစဉ်များဆောင်ရွက်

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်၊ ပြည်သူ့စာကြည့်တိုက်တွင် ကျောင်းသား၊ ကျောင်းသူများနှင့် ကလေးငယ်များအတွက် အသိပညာ၊ ဗဟုသုတတိုးပွားလာစေရန် ရည်ရွယ်၍ Online မှတစ်ဆင့် အသိပညာပေးအစီအစဉ်များကို ရိုက်ကူး၍ မြို့နယ်ပြည်သူ့စာကြည့်တိုက် Pageတွင် တင်ဆက်ပေးလျက်ရှိသည်။

လားရှိုးမြို့တွင် နယ်လှည့်ဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ယမန်နေ့နံနက် (၁၀)နာရီ အချိန်က လားရှိုးမြို့ Green Light ကိုယ်ပိုင်အလယ်တန်းကျောင်းသို့ သွားရောက်၍ ကျောင်းသူ/ကျောင်းသား လူငယ်များ အသိပညာဗဟုသုတရရှိစေရန်နှင့် မိမိတို့ဖတ်ရှုထားသော စာပေဗဟုသုတများကို ပြန်လည်မျှဝေဆွေးနွေးတတ်သည့် အလေ့အထများ ဖြစ်ပေါ်စေရန်ရည်ရွယ်၍ နယ်လှည့်စာကြည့်တိုက် လုပ်ငန်းများအနေဖြင့် စာဖတ်ဝိုင်းဆောင်ရွက်ပေးခြင်း၊ ​အသိပညာပေးဟောပြောခြင်း၊ စာအုပ်စာစောင်များပြသခြင်း၊ နံရံကပ်စာစောင်များပြသခြင်းများ ဆောင်ရွက်ခဲ့သည်။

လိပ်သိုမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် Mobile စနစ်ဖြင့် စာအုပ်များ ငှားရမ်းပေး

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနဝန်ထမ်းများက စာဖတ်ရှိန်မြှင့်တင်ရေးလှုပ် ရှားမှုတစ်ရပ်အနေဖြင့် ကျောင်းသား/ကျောင်းသူများ အသိပညာဗဟုသုတရရှိစေရန်နှင့် စာပေဖတ်ရှုမှုအဆင်ပြေစေရန် Mobile စနစ်ဖြင့်စာအုပ် စာစောင်များငှားရမ်းပေးခြင်းကို ယနေနေ့လယ်(၁၂) နာရီအချိန်က လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် သွား ရောက် ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

ကမမောင်းမြို့၌ ကိုဗစ်-၁၉ အိုမီခရွန်မျိုးကွဲ B.4,B.5, ရောဂါပိုး ကြိုတင်ကာကွယ်နိုင်စေရေး အသိပညာပေး နှိုးဆော်မှုများဆောင်ရွက်

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနဝန်ထမ်းများက ယနေ့နံနက် ၉နာရီအချိန်က ကမမောင်းမြို့ အမှတ် ၂ ရပ်ကွက်၌ ပြည်သူများအား ကိုဗစ်-၁၉ အိုမီခရွန်မျိုးကွဲ B.4,B.5, ရောဂါပိုး ကြိုတင်ကာကွယ်နိုင်စေရေး အသိပညာပေး နှိုးဆော်မှုများဆောင်ရွက်ခဲ့သည်။

လှိုင်းဘွဲမြို့နယ်တွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး အသိပညာပေး Talk Show ဆွေးနွေးပွဲဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့ ပူးပေါင်း၍ ပြည်သူများ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုနှင့် ပတ်သက်၍ သိရှိနိုင်စေရန်အတွက် အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယနေ့နံနက် (၉)နာရီခွဲ အချိန်က ပြည်သူ့စာကြည့်တိုက် Community Centre ခန်းမ၌ ဆောင်ရွက်ခဲ့သည်။

ရှမ်းရွာသစ်မြို့တွင် ကိုဗစ်-၁၉  အိုမီခရွန်မျိုးကွဲ B.4,B.5, ရောဂါပိုး ကြိုတင်ကာကွယ်နိုင်စေရေး အသိပညာပေးနှိုးဆော်မှုများဆောင်ရွက်

ကရင်ပြည်နယ်၊   ဘားအံခရိုင်၊   ရှမ်းရွာသစ်မြို့  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  ဝန်ထမ်းများက ယနေ့နံနက် ၈ နာရီအချိန်တွင် မြို့ပေါ်ရပ်ကွက်များ၌ ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ဗီဇပြောင်း အိုမီခရွန် မျိုးကွဲ B.4 , B.5, ရောဂါပိုး ကြိုတင်ကာကွယ်နိုင်စေရေးအသိပညာပေးနှိုးဆော်မှုများ ဆောင်ရွက်ခဲ့သည်။

ကော့ကရိတ်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းတို့ပူး ပေါင်း၍  စာရေးဆရာအောင်သင်းရေးသားထားသည့် “ပညာနှင့်ကန်တေ့ာခြင်း ’’စာအုပ်ဖြင့်  စာဖတ်ဝိုင်းကို ယမန်နေ့နံနက် ၁၁နာရီအချိန်က အဆိုပါရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to ဦးစီးဌာန(ပြည်နယ်)လှုပ်ရှားမှုများ