ဦးစီးဌာန(ပြည်နယ်)လှုပ်ရှားမှုများ

ဂွမြို့ လူထုအခြေပြုဗဟိုဌာနတွင် အသင့်စား စားသောက်ကုန်များအကြောင်း သိကောင်းစရာ အသိပညာပေး ဟောပြော

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် စားသုံးရေးရာ ဦးစီးဌာနတို့ ပူးပေါင်း၍ အသင့်စား စားသောက်ကုန်များအကြောင်း သိကောင်းစရာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက လူထုအခြေပြု ဗဟိုဌာန၌ ကျင်းပခဲ့ကြောင်း သိရသည်။

မိုင်းယောင်း၌ “လူကုန်ကူးမှုကို လက်တွဲညီညာတိုက်ဖျက်”ခေါင်းစဉ်ဖြင့် Talk Show ပြုလုပ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက် ၁၁ နာရီက “လူကုန်ကူးမှုကို လက်တွဲညီညာတိုက်ဖျက်” ခေါင်းစဉ်ဖြင့် Talk Show ပြုလုပ်သည်။

ကမမောင်းမြို့၌ လူကုန်ကူးမှုတိုက်ဖျက်ရေးနှင့် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ သိမှတ်ဖွယ်ရာများအကြောင်း အသိပညာပေးနံရံကပ်စာစောင်များပြသ

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် လူကုန်ကူးမှုတိုက်ဖျက်ဖို့တာဝန်ကိုယ်စီယူကြစို့အကြောင်းနှင့် ကလေးအလုပ်သမားပ ပျောက်ရေးဆိုင်ရာ သိမှတ်ဖွယ်ရာများအကြောင်း အသိပညာပေးနံရံကပ်စာစောင်ပြသခြင်းကို ယနေ့နံနက် (၁၂)နာရီအချိန်က ကမမောင်းမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာနရုံး၊ လူထုအခြေပြုဗဟိုဌာန၌ ချိတ်ဆွဲပြသခဲ့ ကြောင်းသိရသည်။

နောင်ချိုမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် စာဖတ်ဝိုင်း ဆွေးနွေးပွဲပြုလုပ်ဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူများအသင်း Book Club၊ Women Club နှင့် Youth Club အသင်းတို့ ပူးပေါင်း၍ စာရေးဆရာမ ခင်စောတင့် ရေးသားထားသော “စွန့်စားမှုဆီသို့ ခြေတစ်လှမ်းနှင့်အတွေးအမြင် စာစုများ” စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲကို ယနေ့နံနက် ၁၁ နာရီ အချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ပြုလုပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သီပေါမြို့နယ်တွင် ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာဖတ်သူထံသို့ စာအုပ်များ လက်ဝယ်အရောက် သွားရောက် ငှားရမ်းပေးခြင်း များဆောင်ရွက်

ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာဖတ်သူထံသို့ စာအုပ်များလက်ဝယ်အရောက် သွားရောက်ငှားရမ်းပေးခြင်းကို ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ သီပေါမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ယနေ့နံနက် ၉ နာရီ အချိန်က ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ရှမ်းပြည်နယ်၊ တောင်ပိုင်းနှင့် အရှေ့ပိုင်းမှ ဝန်ထမ်းများစွမ်းရည်မြင့်မားရေး အွန်လိုင်းသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ဝန်ထမ်းများ စွမ်းဆောင်ရည် မြင့်မားရေးအတွက် သင်တန်းများ ဖွင့်လှစ် ပို့ချပေးလျက်ရှိရာ ရှမ်းပြည်နယ်၊ တောင်ပိုင်းနှင့် အရှေ့ပိုင်းမှ ဝန်ထမ်းများ စွမ်းရည်မြင့်မားရေး အွန်လိုင်းသင်တန်းဖွင့်ပွဲ အခမ်းအနားကို တောင်ကြီးမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ယနေ့နံနက်(၉)နာရီက Viedo Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့သည်။

သံတောင်ကြီးမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် စာဖတ်သူများထံသို့ စာအုပ်များအခမဲ့ငှားရမ်းပေး

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ဒေသခံပြည်သူများ   စာဖတ်ခြင်းအလေ့အထကောင်းများရရှိစေရန်၊ အသိပညာဗဟုသုတ တိုးပွားစေရန်အတွက် စာကြည့်တိုက်သို့  အကြောင်းအမျိုးမျိုးကြောင့်မလာရောက်နိုင်သည့်  စာဖတ်သူများ အလွယ်တကူစာပေလေ့လာဖတ်ရှုနိုင်ရန် ယမန်နေ့နေ့လယ်(၃)နာရီအချိန်က   နယ်လှည့် စာကြည့်တိုက်ကို   သံတောင်ကြီးမြို့ရပ်ကွက်(၂)၌   ကွင်းဆင်း၍ စာအုပ်များ အခမဲ့ငှားရမ်းပေးခဲ့ ကြောင်းသိရသည်။

ရှမ်းရွာသစ်မြို့တွင် နေကြာသီးနှံတိုးချဲ့စိုက်ပျိုးရေးအသိပညာပေး (Talk Show) ဆွေးနွေးပွဲဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ပြည်သူများနေကြာသီးနှံစိုက်ပျိုးရေးနှင့်ပတ်သက်၍ အသိပညာဗဟုသုတရရှိစေရန်ရည်ရွယ်၍ ယနေ့နံနက်(၉)နာရီအချိန်တွင် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌နေကြာသီးနှံစိုက်ပျိုးရေးအသိပညာပေး (Talk Show) ဆွေးနွေးပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စုကလိမြို့ လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းပြုလုပ်

စာဖတ်ခြင်းဖြင့် ရရှိလာသည့်အကျိုးကျေးဇူးများအား ပြည်လည်မျှဝေပေးခြင်း စာကောင်းပေမွန်များအား ဖတ်ရှုလေ့လာစေခြင်း စာပေမှရရှိနိုင်သော အသိပညာအတတ်ပညာများအား အကျိုးရှိရှိ အသုံးချတတ်စေရေး ရည်ရွယ်ချက်များဖြင့် ယမန်နေ့နံနက် ၁၁ နာရီက စုကလိမြို့ ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာန Community Center တွင်ကျင်းပပြုလုပ်ခဲ့ သည်။

ကမမောင်းမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ လူကုန်ကူးမှုအန္တရာယ်အကြောင်းသိကောင်းစရာအသိပညာပေး(Talk Show) ဆွေးနွေးပွဲဆောင်ရွက်

 ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် လူကုန်ကူးမှုအန္တရာယ်အကြောင်းကို ပြည်သူများသိရှိစေရန် ရည်ရွယ်၍  အသိပညာပေး (Talk Show)ဆွေးနွေးပွဲကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပခဲ့သည်။
Subscribe to ဦးစီးဌာန(ပြည်နယ်)လှုပ်ရှားမှုများ