မိုင်းခတ်မြို့နယ်၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ မူလတန်းအဆင့် ဆေးရောင်ခြယ်ပြိုင်ပွဲကျင်းပ
မိုင်းခတ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာအထက်တန်းကျောင်း (မိုင်းခတ်)တို့ ပူးပေါင်း၍ ကျောင်းသား/ကျောင်းသူများ အားလပ်သည့် အချိန်တွင် စာကြည့်တိုက်၌ အချိန်ကိုအကျိုးရှိစွာအသုံးချနိုင်ရေး၊ စာဖတ်သည့် အလေ့အထရရှိစေရေးနှင့် စဉ်းစားတွေးခေါ်မှုမြှင့်မားစေရေးအတွက် ဆေးရောင်ခြယ် ပြိုင်ပွဲကို ယမန်နေ့မွန်းလွှဲ ၁ နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ၌ ကျင်းပပြုလုပ်ခဲ့သည်။