ဂွမြို့ လူထုအခြေပြုဗဟိုဌာနတွင် အသင့်စား စားသောက်ကုန်များအကြောင်း သိကောင်းစရာ အသိပညာပေး ဟောပြော

ဂွ  အောက်တိုဘာ  ၁၉

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် စားသုံးရေးရာ ဦးစီးဌာနတို့ ပူးပေါင်း၍ အသင့်စား စားသောက်ကုန်များအကြောင်း သိကောင်းစရာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက လူထုအခြေပြု ဗဟိုဌာန၌ ကျင်းပခဲ့ကြောင်း သိရသည်။

ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ရွှေရည်ဝင်းကျော်က (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြောင်း  အသိပညာပေး ဟောပြောခဲ့ပြီး စားသုံးသူရေးရာ ဦးစီးဌာနမှ တာဝန်ခံ ဒေါ်မာမာလေးက စားသုံးသူ ကာကွယ်ရေး ဥပဒေအရ ကုန်စည်များကို ထုတ်လုပ်၊ ဖြန့်ဖြူး၊ ရောင်းချမည်ဆိုလျှင် လိုက်နာရမည့် အချက်များ၊ ကျောင်းသား၊ ကျောင်းသူများ အနေဖြင့် အသင့်စား စားသောက် ကုန်စည်များတွင် မြန်မာဘာသာဖြင့် ဖော်ပြရာတွင် လိုက်နာရမည့် အချက်များနှင့် ကျောင်းသား၊ ကျောင်းသူများ အနေဖြင့် အဆိုပါ အချက်များကို သိရှိပြီး  ကုန်ညွှန်းအမှတ်အသားများ ပြည့်စုံပါမှ စိတ်ချယုံကြည်စွာ စားသုံးသင့်ကြောင်းကို  စားသုံးသူရေးရာနှင့် ပတ်သက်၍  ရှင်လင်း ဟောပြောခဲ့ပြီး "ကုန်ညွှန်း အမှတ်အသား ပြည့်စုံမှ  စိတ်ချယုံကြည် စားသုံးကြ" လက်ကမ်းစာစောင်အား  ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ရွှေရည်ဝင်းကျော်