ဦးစီးဌာန(ပြည်နယ်)လှုပ်ရှားမှုများ

မော်လမြိုင်မြို့ အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်းတွင် လူငယ်စကားဝိုင်းကျင်းပ

မော်လမြိုင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် လူငယ်ရေးရာကော်မတီတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတ တိုးပွားစေရန်နှင့် ဉာဏ်ရည်၊ ဉာဏ်သွေးများ ဖွံ့ဖြိုးတိုးတက်မြင့်မားလာစေရန်၊ လူအများ ရှေ့မှောက်တွင် ပြောရဲ၊ ဆိုရဲသည့် သတ္တိရှိစေပြီး နုတ်မှုစွမ်းရည်များ တိုးတက်စေရန်ရည်ရွယ်၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းက မော်လမြိုင် အ.ထ.က(၃)ကျောင်း(ကျောင်း ခန်းမ)၌ ကျင်းပပြုလုပ်ခဲ့သည်။

ဘားအံခရိုင် Community Centre ခန်းမတွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းမှတ်အကြို အသိပညာပေးဟောပြောပွဲနှင့် ကာယ၊ ဉာဏပြိုင်ပွဲများပြုလုပ်

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၌ ဖေဖော်ဝါရီလ(၁၂)ရက်နေ့တွင် ကျရောက်မည့်(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို  အသိပညာပေးဟောပြောပွဲနှင့် ကာယ၊ ဉာဏပြိုင်ပွဲများကို ဘားအံခရိုင် Community Centre ခန်းမတွင် ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကာလိမြို့၌ Mobile Library စနစ်ဖြင့် စာအုပ်၊စာစောင်များငှားရမ်း

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကာလိမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက Mobile Library စနစ်ဖြင့် စာအုပ်၊ စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းကို ဇန်နဝါရီလ (၃၀)ရက်နေ့ နေ့လည် ၁၂ နာရီ အချိန်ခန့်က အမှတ်(၁၅၁)ခြေလျင်တပ်ရင်းသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြပါသည်။

တောင်ဥက္ကလာပမြို့နယ်တွင် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာန တို့ ပူးပေါင်းကျင်းပသော နိုင်ငံတော်အတွက် ထူးချွန်ထက်မြက်သော အနာဂတ်မျိုးဆက်သစ် လူငယ်များပေါ်ထွန်းလာစေရန် ရည်ရွယ်၍ “လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ”ကို ယနေ့ နံနက်(၉:၃၀) အချိန်က အမှတ်(၇)အခြေခံပညာအလယ်တန်းကျောင်း ခန်းမ၌ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မိုးနဲမြို့နယ် နားခံအခြေခံပညာအထက်တန်းကျောင်းခွဲ၌ လူငယ်စကားဝိုင်းကျင်းပ

ကျောင်းသား၊ကျောင်းသူများ ဗလငါးတန်ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင် မိုးနဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အ‌ခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းစီစဉ်မှုဖြင့် နားခံကျေးရွာအုပ်စု အခြေခံပညာအထက်တန်းကျောင်းခွဲခန်းမ၌ ယနေ့နံနက် ၉ နာရီခွဲ အချိန်က လူငယ်စကားဝိုင်းကိုကျင်းပခဲ့ကြောင်း သိရသည်။

ဟိုပန်မြို့နယ်၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်

ရှမ်း​ပြည်နယ်(မြောက်ပိုင်း) ၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ မူးယစ်ဆေးဝါးကင်းစင်သော ကျောင်းပတ်ဝန်းကျင်ဖြစ်စေရန်ရည်ရွယ်၍ ယမန်​နေ့ မွန်းလွဲ(၂)နာရီက ဟိုပန်မြို့နယ်၊​ ကောင်းကော်ကျေးရွာ၊ အခြေခံပညာ အလယ်တန်းကျောင်း တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့သည်။

မော်လမြိုင်ခရိုင်၌ စားသုံးသူကာကွယ်ရေး အသိပညာပေး (Talk Show)ဆွေးနွေးပွဲကျင်းပ

မော်လမြိုင်ခရိုင်၌ ပြည်သူများအနေဖြင့် စားသောက်‌နေထိုင်နိုင်ရေးအတွက် အသိပညာဗဟုသုတများရရှိစေရန်ရည်ရွယ်၍ စားသုံးသူကာကွယ်ရေး အသိပညာပေး(Talk Show)ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

ကျိန္တလီမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး  Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းဆောင်ရွက်

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းကို ယနေ့မွန်းလွဲ ၁ နာရီအချိန်က ကျိန္တလီမြို့ အ-ထ-က ကျောင်းနှင့် စည်ပင်ရုံးဝန်ထမ်းများအား အခမဲ့ငှားရမ်းပေးခဲ့သည်။

နမ့်ဆန်၌ စာပေဖတ်ရှု့မှု တိုးပွားလာစေရန် Mobile စာငှားမှုဖြင့် စာသင်ကျောင်းများတွင် ဝန်ဆောင်မှုပေး

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက စာပေလေ့လာဖတ်ရှုမှု ပိုမိုတိုးတက်လာစေရေးအတွက်  မိုဘိုင်းစာငှားစနစ်ဖြင့် စာအုပ်များ ငှားရမ်းပေးခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း (အ.ထ.က-၁) ကျောင်းတွင် စာအုပ်စာစောင်ဌားရမ်းခြင်း Mobile Library ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
Subscribe to ဦးစီးဌာန(ပြည်နယ်)လှုပ်ရှားမှုများ