နမ့်ဆန် ဇန်နဝါရီ ၂၇
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက စာပေလေ့လာဖတ်ရှုမှု ပိုမိုတိုးတက်လာစေရေးအတွက် မိုဘိုင်းစာငှားစနစ်ဖြင့် စာအုပ်များ ငှားရမ်းပေးခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း (အ.ထ.က-၁) ကျောင်းတွင် စာအုပ်စာစောင်ဌားရမ်းခြင်း Mobile Library ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် နမ့်ဆန်မြို့ ဒေသအဆင့် ပြည်သူ့စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် ကျောင်းသား၊ ကျောင်းသူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများအတွက် Mobile Library ဖြင့် စာအုပ်များကို ကွင်းဆင်း ဆောင်ရွက်ပေးခဲ့သည်။ ကျောင်းသား၊ ကျောင်းသူများ၊ မိဘပြည်သူများ အသိပညာဗဟုသုတရရှိစေမည့် သုတ၊ ရသ စာအုပ်များကို အပတ်စဉ် ဌာနာဆိုင်ရာရုံးများ၊ ကျောင်းများသို့ လှည့်လည်ငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။
နမ့်ဆန်ဒေသ(ပြန်/ဆက်)