ခိုလမ်မြို့ရုံး၊ Community Centre ခန်းမ၌ လူငယ်နှင့်စာပေအကြောင်း အသိပညာပေး(Talk Show) ဆောင်ရွက်
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ လူငယ်နှင့်စာပေအကြောင်း အသိပညာပေး (Talk Show) ကို Online စနစ်ဖြင့် ပြည်သူများ အသိပညာဗဟုသုတတိုးပွားစေရန် ရည်ရွည်၍ ယနေ့မွန်းလွဲပိုင်း (၁)နာရီ အချိန်က လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။