လူထုအခြေပြုဗဟိုဌာန၌ နွေရာသီအင်္ဂလိပ်စာ အခြေခံသင်တန်း အခမဲ့ဖွင့်လှစ်

ကျိုက်မရော မတ် ၇​

နွေရာသီကျောင်းပိတ်ရက်ရှည်ကာလအတွင်း ကျောင်းသား၊ ကျောင်းသူများအား အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန် အင်္ဂလိပ်စာပညာရပ်အား စိတ်ပါဝင်စားပြီး အခြေခံမှစ၍ လေ့လာသင်ယူပြီး ကျွမ်းကျင်တတ်မြောက်စေရန် ရည်ရွယ်ချက်ဖြင့် နွေရာသီ အခြေခံအင်္ဂလိပ်စာသင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီက ကျိုက်မရောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၊(Community-Centre)ခန်းမ၌  ပြုလုပ်သည်။

ရှေးဦးစွာ  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ချိုမြတ်မြတ်ထွေးက အင်္ဂလိပ်စာ သင်တန်းဖွင့်လှစ်သင်ကြားရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး သင်တန်းနည်းပြဆရာမ ဒေါ်မိုးမိုးစံက အင်္ဂလိပ်စာဘာသာရပ်ကို အခြေခံမှစ၍ စတင် သင်ကြားပေးခဲ့သည်။

အဆိုပါနွေရာသီအခြေခံ အင်္ဂလိပ်သင်တန်းသို့ အခြေခံပညာအလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၁၈)ဦးတို့ တက်ရောက်သင်ကြားလျက်ရှိပြီး သင်တန်းကာလမှာ မတ်လ ၇ ရက် မှ ၁၆ ရက်နေ့ထိ (၁၀)ရက်ကြာ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ပြီ သင်တန်းနည်းပြ ဆရာ၊ ဆရာမ နှစ်ဦးတို့က စနစ်တကျ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)