ခိုလမ် မတ် ၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ လူငယ်နှင့်စာပေအကြောင်း အသိပညာပေး (Talk Show) ကို Online စနစ်ဖြင့် ပြည်သူများ အသိပညာဗဟုသုတတိုးပွားစေရန် ရည်ရွည်၍ ယနေ့မွန်းလွဲပိုင်း (၁)နာရီ အချိန်က လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အစီအစဉ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ (စာထောက်-၃) ဒေါ်ဝေဝေအောင်နှင့် မောင်စည်သူအောင် (Grade-11)တို့က စာပေ၏ ယူဆချက်များ၊ စာပေအမျိုးမျိုးနှင့် ခေတ်အဆက်ဆက်တည်ရှိလာပုံ၊ ခေတ်နဲ့အညီ စာပေများ၏အရေးကြီးပုံ၊ စာဖတ်သူနှင့်စာမဖတ်သူတို့၏ အားသာချက်/ အားနည်းချက်များ စသည့်အကြောင်းအရာများ ဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါ Talk Show အစီအစဉ်ကို ခိုလမ်မြို့ ပြည်သူ့စာကြည့်တိုက် Page နှင့် We Love Kholam Page များတွင် ပြည်သူများသိရှိစေရန် လွှင့်တင် သွားမည်ဖြစ်ကြောင်း သိရသည်။
နေလင်းထွန်း(ပြန်/ဆက်)