ရခိုင်ပြည်နယ်

အမ်းမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ရှိန်​မြှင့်တင်ရေး စာဖတ်ဝိုင်းနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပ

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ လူငယ်အသိပညာပေးဟောပြောပွဲနှင့် ကလေးနှင့် ဆယ်ကျော်သက်အရွယ်လူငယ်များ စာဖတ်ခြင်းစာအုပ်ဖြင့် စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းကို ယမန်နေ့ နေ့လယ်ပိုင်းအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

တောင်ကုတ်မြို့၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများဆွေးနွေးပွဲကျင်းပ

တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများ ဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ပညာရတနာခန်းမ၌ ကျင်းပသည်။

မာန်အောင်မြို့ရှိ စာစစ်ဌာန (၂) ခုတွင် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ (ပဉ္စမနေ့) ရူပဗေဒနှင့် သမိုင်းဘာသာရပ်တို့ကို ဆက်လက်ဖြေဆို

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ (ပဉ္စမနေ့) ရူပဗေဒဘာသာရပ်နှင့် သမိုင်းဘာသာရပ်ကို ယမန်နေ့နံနက် ၉ နာရီက အ.ထ.က(မာန်အောင်)စာစစ်ဌာနနှင့် အ.ထ.က(ခွဲ)(စျေးတန်း)စာစစ်ဌာနတို့တွင် ကျောင်းသား၊ကျောင်းသူများ အေးချမ်းစွာဆက်လက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

ငပလီမြို့တွင် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ရူပဗေဒနှင့် သမိုင်းဘာသာရပ်များ ဆက်လက်ဖြေဆို

ရခိုင်ပြည်နယ် ငပလီမြို့မှ တက္ကသိုလ်ဝင်စာမေးပွဲကို ရူပဗေဒနှင့်သမိုင်းဘာသာရပ်များကို ကျောင်းသား၊ ကျောင်းသူ(၅၂၁)ဦးက အေးချမ်းစွာဖြင့် ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်းသိရသည်။

သံတွဲမြို့နယ်ရှိ စာစစ်ဌာနများ၌ ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပဉ္စမနေ့ ရူပဗေဒဘာသာရပ်နှင့်သမိုင်းဘာသာရပ်များ ဆက်လက်ဖြေဆို

တက္ကသိုလ်ဝင်စာပေးပွဲကို နိုင်ငံတစ်ဝှမ်းလုံး၌ မတ် ၁၅ နံနက် ၉ နာရီမှ စတင်၍ ပဉ္စမနေ့ စာမေးပွဲကိုဖြေဆိုလျက်ရှိရာ ရခိုင်ပြည်နယ် သံတွဲမြို့နယ်ရှိ စာစစ်ဌာန(၆)ခုတွင် ရူပဗေဒဘာသာရပ်နှင့် သမိုင်းဘာသာရပ်ကိုကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာစာမေးပွဲ ဖြေဆိုလျက် ရှိကြောင်းသိရသည်။

ဂွမြို့နယ်ရှိ စာစစ်ဌာနများတွင် ၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင် (Grade-12)စာမေးပွဲ ပဉ္စမနေ့ ရူပဗေဒနှင့်သမိုင်းဘာသာရပ်တို့ကို ဆက်လက်ဖြေဆို

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင်၂၀၂၃ - ၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင် (Grade-12) စာမေးပွဲပဉ္စမနေ့၌ ကျောင်းသား ကျောင်းသူများ ရူပဗေဒနှင့်သမိုင်း ဘာသာရပ်ကို အေးချမ်းစွာ ဝင်ရောက်ဖြေဆိုလျက်ရှိကြသည်။

ကျောက်ဖြူမြို့၌ တက္ကသိုလ်ဝင်စာမေးပွဲ ရူပ‌ဗေဒနှင့် သမိုင်းဘာသာရပ်အား ကျောင်းသား၊ကျောင်းသူ(၁၁၄၅)ဦး ဆက်လက်ဖြေဆိုလျက်ရှိ

၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ရူပဗေဒဘာသာရပ်နှင့် သမိုင်းဘာသာရပ်ကို ကျောက်ဖြူမြို့နယ်ရှိ စာစစ်ဌာန (၈) ခုတွင် ကျောင်းသား/ကျောင်းသူ (၁၁၄၅) ဦး ယမန်နေ့နံနက်ပိုင်းက ဝင်ရောက်ဖြေဆိုလျက်ရှိသည်။

အမ်းမြို့နယ်ရှိ  စာစစ်ဌာန (၆)ခုတွင် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ရူပဗေဒဘာသာရပ်နှင့် သမိုင်းဘာသာရပ်များ ဆက်လက်ဖြေဆို

အမ်းမြို့နယ်အတွင်းရှိ စာစစ်ဌာန (၆) ခုတွင် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ စာစစ်ဌာန(၆)ခုတွင် ရူပဗေဒဘာသာရပ်နှင့် သမိုင်းဘာသာရပ်များကို ယမန်နေ့နံနက်ပိုင်းက ကျောင်းသား/ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာဖြေဆိုလျက်ရှိသည်။

ကျိန္တလီမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာဖတ်ဝိုင်းပြုလုပ်

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ဘဏ္ဍာရေးဆိုင်ရာလုပ်ငန်းများနှင့် ငွေစာရင်းထိန်းသိမ်းနည်းဆိုင်ရာလုပ်ငန်းများကို ဝန်ထမ်းများသိရှိနားလည် သဘောပေါက်စေရန် ရည်ရွယ်၍ “ငွေစာရင်းထိန်းသိမ်းနည်းလက်စွဲ”  စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့နံနက် ၁၀ နာရီက အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ပြုလုပ်ခဲ့သည်။

ကျိန္တလီမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များငှားရမ်းပေး

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး Mobile Library စနစ်ဖြင့် ယမန်နေ့ နေ့လယ်ပိုင်းက ကျန်းမာရေးဌာနမှ ဝန်ထမ်းများအား အခမဲ့ငှားရမ်းပေးခဲ့သည်။
Subscribe to ရခိုင်ပြည်နယ်