ကျောက်ဖြူ မတ် ၁၆
၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ရူပဗေဒဘာသာရပ်နှင့် သမိုင်းဘာသာရပ်ကို ကျောက်ဖြူမြို့နယ်ရှိ စာစစ်ဌာန (၈) ခုတွင် ကျောင်းသား/ကျောင်းသူ (၁၁၄၅) ဦး ယမန်နေ့နံနက်ပိုင်းက ဝင်ရောက်ဖြေဆိုလျက်ရှိသည်။
ကျောက်ဖြူမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာန(၈)ခုဖြင့် ကျင်းပလျက်ရှိပြီး ရူပဗေဒဘာသာရပ်ကို ဖြေဆိုမည့်စာရင်းရှိ ကျောင်းသား၊ ကျောင်းသူ (၁၂၇၃)ဦး၊ ဝင်ရောက်ဖြေဆိုသည့် ကျောင်းသား၊ကျောင်းသူ (၉၆၁) ဦး၊ ပျက်ကွက် (၃၁၂) ဦး၊ ဖြေဆိုမှုရာခိုင်နှုန်း (၇၅.၄၉) ရာခိုင်နှုန်း ရှိကာ သမိုင်းဘာသာရပ်ကို ဖြေဆိုမည့်စာရင်းရှိ ကျောင်းသား၊ ကျောင်းသူ (၂၅၂)ဦး၊ ဝင်ရောက်ဖြေဆိုသည့် ကျောင်းသား၊ကျောင်းသူ (၁၈၄) ဦး၊ ပျက်ကွက် (၆၈) ဦး၊ ဖြေဆိုမှုရာခိုင်နှုန်း (၇၃.၀၂) ရာခိုင်နှုန်း ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
အဆိုပါ တက္ကသိုလ်ဝင်စာမေးပွဲအား ဝင်ရောက်ဖြေဆိုကြမည့် ကျောင်းသား၊ကျောင်းသူများ စိတ် အေးချမ်းသာစွာဖြင့် ဝင်ရောက်ဖြေဆိုနိုင်ရေး ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဌာနမှဝန်ထမ်းများ၊ အမှတ်(၂၁) ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များက ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် စိတ်အေးချမ်းစွာဖြေဆိုနိုင်ရေး ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
တင်ထွန်းဦး၊ ဖြိုးဝေလင်း(ပြန်/ဆက်)