ဂွမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန၌ အင်္ဂလိပ်စာအခြေခံသင်တန်း ဖွင့်လှစ်
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် နွေရာသီကျောင်းပိတ်ရက်များ၌ ကျောင်းသား၊ ကျောင်းသူများ အချိန်ကိုတန်ဖိုးရှိရှိအသုံးချတတ်စေရန်၊ အင်္ဂလိပ်စာ Grammarကိုအခြေခံမှစ၍ သင်ယူတတ်မြောက်စေရန်နှင့် ဘက်စုံထူးချွန်ထက်မြက်သော လူငယ်လူရွယ်များဖြစ်လာစေရန် ရည်ရွယ်၍ အင်္ဂလိပ်စာအခြေခံသင်တန်းကို ယနေ့နေ့လယ် (၁) နာရီအချိန်က စတင်ကာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ သင်ကြားပြသခဲ့သည်။