ဂွမြို့ (Community    Centre)  ခန်းမတွင် စာပေချစ်မြတ်နိုးသူများနှင့် စာဖတ်ဝိုင်းပြုလုပ်

ဂွ မေ ၂

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre  ခန်းမတွင်  စာပေချစ်မြတ်နိုးသူများပါဝင်သည့် Youth Club အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို လစဥ်ကျင်းပလျက်ရှိရာ ယနေ့နေ့လယ်ပိုင်းတွင် ချစ်နိုင်(စိတ်ပညာ) ၏ လူငယ်နှင့်အောင်မြင်မှု စာအုပ်ဖြင့် ကျင်းပပြုလုပ်ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးခိုင်မိုးမင်းက စာဖတ်ဝိုင်းပြုလုပ်ရခြင်းဖြင့် စာပေဖတ်ရှုသည့်အလေ့အကျင့်များရရှိပြီး  အသိပညာဗဟုသုတများ တိုးပွားလာခြင်း၊ အမှားအမှန်ဝေဖန်ပိုင်ခြားနိုင်မှုများ ရရှိလာခြင်း၊ စာပေအကြောင်းအရာများကို တစ်ဦးနှင့်တစ်ဦးဖလှယ်နိုင်ပြီး စာပေအကျိုးကျေးဇူးကိုရရှိခံစားနိုင်စေခြင်း စသည့်ရည်ရွယ်ချက်များဖြင့် စာဖတ်ဝိုင်းကို ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် Youth Club အဖွဲ့ဝင်များက ချစ်နိုင်(စိတ်ပညာ)၏ လူငယ်နှင့်အောင်မြင်မှု စာအုပ်တွင်ပါရှိသည့် “လူငယ်နဲ့အောင်မြင်မှု” ၊ “လူငယ်နဲ့ အောင်မြင်ရေး” “ကိုယ့်ကိုကိုယ်စီမံခန့်ခွဲခြင်း” စသည့်ဆောင်းပါးများကို အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်းနှင့် ဒုတိယဦးစီးမှူးက ဖြည့်စွက်ဆွေးနွေးပေးခဲ့ကြောင်း  သိရသည်။

ရွှေရည်ဝင်းကျော်