နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ စီစဉ်ဆောင်ရွက်ပေးမှုဖြင့် ရောက်ရှိလာသော ရိက္ခာနှင့် စားသောက်ကုန်ပစ္စည်း (၈)မျိုးအား ဒေသခံပြည်သူများထံ သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေး

 

အမ်း မေ ၄

ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့ရှိ ဒေသခံပြည်သူများအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ စီစဉ်ဆောင်ရွက်ပေးမှုဖြင့် အမ်း-ပဒါန်း လမ်းကြောင်းပေါ်မှတဆင့် ကုန်စည်ပို့ဆောင်ရေး ကုန်တင်ယာဉ် (၂၅)စီးဖြင့် ရောက်ရှိလာသော ရိက္ခာနှင့် စားသောက်ကုန်ပစ္စည်း (၈)မျိုးအား ယမန်နေ့ နေ့လယ် (၂)နာရီအချိန်က ရွှေအမ်းတောင်ခန်းမတွင် ဒေသခံပြည်သူများအား သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးကြောင်း သိရသည်။

အဆိုပါ ရိက္ခာနှင့် စားသောက်ကုန်ပစ္စည်း (၈)မျိုးဖြစ်သည့် ဆန်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဆား၊ ငရုပ်သီးခြောက်၊ ငပိ၊ ဆီ၊ ဟင်းချိုမှုန့်တို့အား ဒေသခံပြည်သူတစ်ဦးလျှင် (၇၅၀၀)ကျပ်နှုန်းဖြင့်  သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးနေမှုအား အမ်းတပ်နယ်မှ တာဝန်ရှိသူများ၊ အမ်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်ထက်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမင်းထက်နှင့် အဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝနရှိသူများက ကြည့်ရှု့အားပေးကြသည်။

ဆက်လက်၍ ရိက္ခာနှင့် ကုန်ပစ္စည်း (၈)မျိုးတို့အား ရပ်ကွက်/ကျေးရွာများရှိ ဒေသခံပြည်သူများထံ ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)